The Boring Company ကိုမြန်မာလို ဘာသာပြန်ရင်တော့ ငပျင်းကုမ္ဗဏီလို့  အဓိပ္ဗါယ်ရချင်ရမယ်။ ဒီကုမ္ဗဏီကို Elon Musk က စတင်တည်ထောင်ခဲ့ပါတယ်။ မကြာသေးမီကပဲ Flame Thrower (မီးသေနတ်) တွေကို The Boring Company က အခုရေပေါင်းများစွာ ရောင်းချခဲ့ပါသေးတယ်။ The Boring Company အကြောင်းဆက်ပြောရအောင်။ The Boring Company ဆိုတာ ပျင်းတဲ့လူတွေအတွက် တည်ထောင်ပေးထားတဲ့ ကုမ္ဗဏီပုံစံမျိုး ဖြစ်ပါတယ်။ ရှင်းရှင်းပြောပြရမယ်ဆို သက်တောင့်သက်သာ ဇိမ်ခံပစ္စည်းတွေ ထုတ်ပေးတဲ့ ကုမ္ဗဏီလိုမျိုး ဖြစ်ပါတယ်။ ကားမောင်းတဲ့လူတွေတောင် ကားမောင်းစရာမလို အလိုအလျောက် မောင်းနှင်နိုင်တဲ့စနစ်တွေကိုလည်း Elon Musk ကပဲ ပထမဦးဆုံး စတင်မိတ်ဆက်ခဲ့တယ်။ အခုတစ်ခါလည်း ကိုယ်သွားချင်တဲ့နေရာကို တစ်နာရီ ၁၅၀မိုင်နှူန်းနဲ့  ရောက်အောင်ပို့ ပေးမယ့်အရာကြီးကို ဒီဇင်ဘာမှာ စတင်ဖွင့်လှစ်ပါပီ။ စဖွင့်ဖွင့်ချင်းမှာ လူတွေကို အလကားပေးစီးမှာ ဖြစ်ပါတယ်။ တစ်နာရီ ၁၅၀မိုင်နှူန်းရောက်အောင် ပို့ ပေးနိုင်တဲ့အရာက ရထားလား၊ ကျည်ဆံရထားလားဆိုတာ စာဖတ်သူတို့ စိတ်ဝင်စားနေလောက်ပါပီ။
အမှန်တော့ရထားလိုပုံစံမျိုး အတောင့်ပုံစံဖြစ်ပါတယ်။ ဒီအတောင့်ထဲမှာ လူတွေ စက်ဘီးစီးသမားတွေ လုံလုံလောက်လောက် ထိုင်လို့ ရတဲ့နေရာရှိပါတယ်။ ဒီလိုသွားနိုင်ဖို့ LA မြို့ ရဲ့ အောက်မှာ လှိုင်ခေါင်းတူးထားပါတယ်။ ဒီလှိုင်ခေါင်းအစအဆုံးကို Elon Musk ကိုယ်တိုင်သွားပီးပါပြီလို့ လည်း လူမှူကွန်ရက်မှာ ပြောကြားခဲ့ပါတယ်။ တစ်နာရီ ၁၅၀ မိုင်နှူန်းသွားနိုင်တဲ့ Loop က မြို့ တစ်မြို့ နဲ့ တစ်မြို့ ကို မိနစ်ပိုင်းအတွင်းရောက်အောင် ပို့ ဆောင်နိုင် ပါတယ်။ အရင်က နာရီနဲ့ ချီပြီးသွားနေရတဲ့ မြို့ တွေကို မိနစ်ပိုင်းအတွင်းရောက်အောင် ပို့ နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီပရောဂျက်ကို စတင်ခဲ့တာကြာပြီ ဖြစ်ပေမယ့်လည်း ဒီဒီဇင်ဘာလထဲမှာ အမှန်တကယ် သွားနိုင်တော့မှာ ဖြစ်ပါတယ်။ ကားမပိတ်၊ လေယာဉ်စီးစရာမလို လျှပ်တစ်ပြက်အတွင်းမှာ မိုင်ရာနဲ့ ချီခရီးကို မိနစ်ပိုင်းအတွင်း သွားနိုင်အောင်လုပ်လာတဲ့ နည်းပညာတွေက အံ့မခန်းပါပဲ။ Elon Musk က မဖြစ်နိုင်ဘူးလို့ ပြောတဲ့အရာအားလုံးကို ဖြစ်အောင်လုပ်ပြသွားနိုင်တဲ့ လူတော်တစ်ယောက်လို့  တစ်ကမ္ဘာလုံးက ချီးကျူးကြပါတယ်။ Steve Jobs ၊ Bill Gates ၊ Zuckerberg တို့ နာမည်တွေသိရင် Elon Musk နာမည်ကိုတော့ သင်သိသင့်ပါတယ်။ သူ့ အကြောင်းကို www.sharemal.media မှာဖတ်ရှူလေ့လာနိုင်ပါတယ်။
0 Comments