လူတစ်ယောက်က အလုပ်မှာ ကွန်ပျူတာသုံးနေတဲ့အချိန် ဖုန်းထဲကို notification တွေဝင်လာခြင်းက အာရုံစူးစိုက်မှုကို လျော့ကျစေပါတယ်။ ဘာကြောင့်လဲဆိုတော့ အာရုံစူးစိုက်မှုတစ်ခုမှ တစ်ခုကို ချက်ချင်းပြောင်းလဲသွားတာကြောင့် ဖြစ်တယ်။
တစ်ခါတစ်လေ အလုပ်ကိစ္စနဲ့ ပတ်သတ်ပြီး E-mail တွေစစ်နေတဲ့အခါမှာ facebook က notification တွေဝင်လာလို့ စစ်ကြည့်တာမျိုးတွေ ရှိပါတယ်။ သင်က ဒါကို notifcication check တာလောက်ပဲ ထင်ပေမယ့်လည်း ဦးနှောက်က တစ်ကယ်တမ်းတော့ ဆုံးဖြတ်ချက်တွေချပြီး အလုပ်တွေလုပ်နေပါတယ်။ ဥပမာ သင့်သူငယ်ချင်းက cb မှာ စကားတွေလာပြောနေတာဖြစ်ဖြစ် cmt မှာ အကြောင်းအရာတစ်ခုခုကို reply ပြန်တာဖြစ်ဖြစ် ကြုံလာတဲ့အခါမှာ ဒီအရာတွေကိုလည်း သင်လုပ်နေခြင်းကလည်း ဦးနှောက်ကို အလုပ်ပိုလုပ်ခိုင်းတာနဲ့ အတူတူပါပဲ။
ဒါမျိုးကို တစ်နေ့မှာ သုံးလေးငါးခါလောက်လုပ်တာ ပြဿနာမရှိပေမယ့် ငါးမိနစ်ခြားတစ်ခါ fb ကို ကြည့်လိုက် instagram ကိုကြည့်လိုက် လုပ်လာတဲ့အခါမှာ သင့်ရဲ့အာရုံစူးစိုက်မှုတွေက လွတ်လာတတ်ပါတယ်။ သင်က ကိုယ့်အလုပ်အပြင် အခြားလူတွေရဲ့ အရာတွေကိုပါ စဉ်းစားနေပြီး လိုအပ်ချက်တွေကို လိုက်လုပ်ပေးနေလို့ ဖြစ်ပါတယ်။ ဒီလိုကြိမ်ဖန်များစွာ လုပ်လာတဲ့အခါ ဦးနှောက်က ပင်ပန်းနွမ်းနယ်လာပြီး လူကလည်း အာရုံစူးစိုက်မှုတွေ လျော့နည်းလာတတ်ပါတယ်။
ဒါကြောင့် ဖြစ်နိုင်ရင် အလုပ်လုပ်တဲ့အချိန်တွေမှာ smartphone တွေကို silent mode ထားပြီး အလုပ်တစ်ခုတည်းကိုပဲ အာရုံစိုက်သင့်ပါတယ်။
0 Comments