fbpx
Relationship တစ်ခု ရဲ့ သွားရာလမ်းကြောင်း အဆင့်ဆင့်။
0
14 shares
၁။ ပထမဆုံး ချိန်းတွေ့ ခြင်း။
ပထမဆုံးချိန်းတွေ့ တဲ့အချိန်မှာ ဘယ်သူမှချစ်ရေးမဆိုရသေးပါဘူး။ ဒီဘက်ခေတ်မှာတော့ အွန်လိုင်းမှာ ချစ်ရေးဆိုပြီး အပြင်မှာ ပထမဆုံး စတွေ့ တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် လူတိုင်းက သူငယ်ချင်းအနေနဲ့  တွေ့ ကြတာများပါတယ်။
၂။ ပထမဆုံးအနမ်း။
ပထမဆုံးအနမ်းကို လူတိုင်းကပထမဆုံးချိန်းတွေ့ တဲ့ date မှာပေးကြတာနည်းပါတယ်။ လအနည်းငယ်ကြာလို့ တွေ့ တဲ့အချိန်မှပဲ အနမ်းပေးကြတာ များပါတယ်။ လူတိုင်းက ပထမဆုံးအနမ်းကို မမေ့ကြပါဘူး။ အနမ်းပေးတဲ့အခါမှာလည်း ရည်းစားဖြစ်မှ ပေးရတဲ့ စည်းမျဉ်းစည်းကမ်းမျိုး မရှိပါဘူး။ နှစ်ဦးနှစ်ဖက်ကြိုက်နှစ်သက်တာ သိရင် အနမ်းပေးကြတာမျိုး ရှိပါတယ်။
၃။ အမြဲတွေ့ နေတာကြာတဲ့အခါ။
အမြဲ သွားလာစားသောက်နေလာတဲ့အခါမှာ တစ်ယောက်က တစ်ယောက်အတွက် တစ်ကယ်လိုအပ်တယ်ဆိုတာ သိလာပါတယ်။ ဒီလိုအချိန်မှာ အချစ်တွေက မွေးဖွားလာတတ်ပါတယ်။ တစ်ခြားဘယ်သူကိုမှလည်း စိတ်မ၀င်စားတော့ပါဘူး။
၎။ ခရီးအတိုလေးဖြစ်ဖြစ် ထွက်တာမျိုး။
အနီးအနားမှာရှိတဲ့ ကမ်းခြေလေးကို နှစ်ယောက်သွားတာမျိုးတွေ လုပ်လာတတ်ပါတယ်။ ဘယ်သူမှမပါပဲ နှစ်ယောက်တည်း သွားတာမျိုးက သင့်ကို တစ်သက်လုံးအမှတ်ရနေမယ့် အမှတ်တရတွေ စွဲကျန်စေပါတယ်။ ဒီအဆင့်ထိက လူတိုင်းကြုံတွေ့ ရမယ့် အဆင့်ဖြစ်ပါတယ်။ များသောအားဖြင့် ဒီအဆင့်ထိ အားလုံးအဆင်ပြေကြပါတယ်။
၅။ သူငယ်ချင်းတွေနဲ့ စတင်မိတ်ဆက်တဲ့အဆင့်။
နှစ်ဖက်လုံးက သူငယ်ချင်းတွေကို စတင်မိတ်ဆက်ပေးတဲ့ အဆင့်ဖြစ်ပါတယ်။ ဒီအချိန်မှာ ကိုယ်ကြိုက်တဲ့ သူငယ်ချင်းပုံစံမျိုး၊ မကြိုက်တဲ့ပုံစံမျိုးတွေ စပေါ်လာတတ်ပါတယ်။ သူငယ်ချင်းနဲ့ ပတ်သတ်ပြီး စကားတွေတောင် မကြာခဏ များတတ်လာတဲ့ အခိုက်အတန့် တွေ ရှိလာနိုင်ပါတယ်။ သူငယ်ချင်းကြောင့် ကွဲသွားကြတဲ့ စုံတွဲတော်တော်များများလည်း ရှိပါတယ်။ အလားတူ သူငယ်ချင်းတွေကြောင့် အဆင်ပြေသွားကြတဲ့ စုံတွဲတွေလည်း ရှိပါတယ်။
၆။ မိဘတွေနဲ့ မိတ်ဆက်ပေးခြင်း။
၇။ ဆွေမျိုးတွေပါ အသိပေးခြင်း။
၈။ လိင်ကိစ္စ။
ဒီကိစ္စကတော့ တစ်ချို့ က အိမ်ထောင်ရပ်သားကျမှ သွားပေမယ့် တစ်ချို့ ကတော့ လက်မထပ်ခင်တည်းက သွားကြတာမျိုး ရှိပါတယ်။ ကောင်းတယ်ဆိုးတယ်ကတော့ နှစ်ယောက်လုံးနဲ့ ပဲ သက်ဆိုင်ပါတယ်။
၉။ အလုပ်အကိုင်နဲ့ စီးပွားရေး။
ဒီအဆင့်ထိ ရောက်လာရင်တော့ သင်တို့ ချစ်ကြိုက်ခဲ့တာ နှစ်အနည်းငယ်လောက် ရှိနိုင်ပါပြီ။ လက်ထပ်ဖို့ လည်း စဉ်းစားဖူးလောက်ပြီဖြစ်ပါလိမ့်မယ်။  စိတ်မကောင်းစွာနဲ့ ပဲ စုံတွဲတော်တော်များများက ဒီအဆင့်မှာ လမ်းကွဲသွားကြပါတယ်။ ဘာလို့ လဲဆိုတော့ ယောက်ျားလေးဘက်က မိန်းကလေးဘက်ကို အသင့်အတင့်မထားနိုင်တာမျိုး၊ မိန်းကလေးဘက်က အိမ်က သဘောတူတဲ့ လူက ချစ်သူထက် ချမ်းသာတာမျိုးတွေ ရင်ဆိုင်လာတတ်ပါတယ်။
၁၀။ စေ့စပ်ထိမ်းမြားခြင်း။
မည်သို့ ပင်ဖြစ်စေ စေ့စပ်ထိမ်းမြားတဲ့အဆင့် ရောက်ရင်တော့ သင်တို့ ချစ်ခရီးလမ်းကြောင်းက အကောင်အထည်ပေါ်သွားပါပြီ။ နှစ်ယောက်လုံးကလည်း ဘာမဆိုရင်ဆိုင်မယ့် သတ္တိတွေအပြည့်တွေ ရှိနေတတ်ပါတယ်။
၁၁။ သားသားမီးမီးတွေနဲ့ ဘ၀စိုပြေလာခြင်း။
ရင်သွေးငယ်လေးတွေ ရလာတဲ့အခါမှာတော့ သူတို့ လေးတွေ လူလားမြောက်အောင် ပြုစုပြိုးထောင်ရင်း ဘ၀ကိုရုန်းကန်ရပါတယ်။ ဒီအချိန်မှာ ကောင်းတာရော၊ဆိုးတာရော နှစ်ယောက်လုံး တိုက်ပွဲတူတူ ၀င်ရပါတယ်။ တစ်ယောက်ကို တစ်ယောက်လိုအပ်တာကြောင့် နားလည်မှူက ချစ်ခြင်းမေတ္တာထက် လိုအပ်ပါတယ်။
၁၂။ အနားယူခြင်း။
ဒီအရွယ်ကတော့ သင့်မှာပူပင်စရာ ဘာမှမရှိတော့ပါဘူး။ မြေးမြစ်တွေတောင် ရပြီးနေလောက်ပါပြီ။ ကိုယ့်ဘ၀လက်တွဲဖော်က ကိုယ့်ထက်အရင် ထွက်ခွာမလား၊ ကိုယ်က အရင်သွားမလားဆိုတာ မသိပေမယ့် ကျန်ရှိတဲ့အချိန်ကို အကောင်းဆုံးနေသွားမယ်လို့  စိတ်ကူးယဉ်ကောင်းတဲ့ အချိန်ရောက်သွားပါပြီ။
စာဖတ်သူတွေမှာ လူကြီးရော လူငယ်ရော ပါပါလိမ့်မယ်။ အခုပြောပြတဲ့ အဆင့်က လူတိုင်း ဖြတ်ကျော်ဖူးချင်ပေမယ့် အမှန်တရားက ထင်သလို မဖြစ်ပါဘူး။ ကိုယ်တစ်ကယ်ချစ်တဲ့လူနဲ့ လက်မထပ်လိုက်ရတာမျိုး၊ လမ်းခရီးတစ်ဝက်မှာတင် ချစ်သူက အရင်ထွက်ခွာသွားတာမျိုးတွေ ကြုံဖူးမှာပါ။ တစ်ချို့ ကလည်း ဘ၀ကို သေတဲ့အချိန်ထိ တစ်ယောက်တည်း နေထိုင်သွားတာမျိုးတွေ ရှိပါတယ်။ အရေးကြီးဆုံးကတော့ လက်ရှိကိုယ့်ချစ်သူဖြစ်ဖြစ် ကိုယ့်အနားက ဆွေမျိုးသားချင်းတွေအပေါ်ဖြစ်ဖြစ် တစ်ခဏတာ လာစုံစည်းတဲ့ ဘ၀မှာ  ကျန်ရှိနေတဲ့အချိန်တွေကို သူတို့ နဲ့  အကောင်းဆုံး နေထိုင်သွားဖို့ ပဲ လိုအပ်ပါတယ်။ 
Like it? Share with your friends!
0
14 shares
What's Your Reaction?
angry angry
0
angry
lol lol
0
lol
omg omg
0
omg
fail fail
0
fail
geeky geeky
0
geeky
love love
1
love
wtf wtf
0
wtf
Win Thet Oo
0 Comments
Your email address will not be published. Required fields are marked *
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Countdown
The Classic Internet Countdowns
Open List
Submit your own item and vote up for the best submission
Ranked List
Upvote or downvote to decide the best list item
Meme
Upload your own images to make custom memes
Video
Youtube, Vimeo or Vine Embeds
Audio
Soundcloud or Mixcloud Embeds
Image
Photo or GIF
Gif
GIF format