လူ့သဘောသဘာဝမှာ အနိုင်ရတဲ့လူက အမြဲအနိုင်လိုချင်ပြီး ချစ်ခံရတဲ့လူကလည်း တစ်ဖက်က ချစ်တဲ့လူကို တန်ဖိုးမထားတတ်ကြပါဘူး။ ဒီလိုဖြစ်တာက ယောကျာ်းလေးဘက်ရော မိန်းကလေးဘက်ရော ဖြစ်တတ်ကြပါတယ်။ အချို့က နားလည်မှု လွယ်တာကစပြီး နောက်ဆုံး အဆုံးသတ်တဲ့အချိန်ထိ ဖြစ်သွားတတ်ကြပါတယ်။
၁။ စာချုပ်မှားယွင်းခြင်း။
စာချုပ်ဆိုတာက နှစ်ယောက်သဘောတူ အိမ်ငှားစာချုပ်၊ ကားအရောင်းအဝယ် စာချုပ်တွေကို ဆိုလိုတာ မဟုတ်ပါဘူး။ သင်နဲ့ သင့်ချစ်သူကြား သဘောတူညီမှု ယူထားတဲ့စာချုပ်ကို ဆိုလိုတာပါ။ ဥပမာ သင်နဲ့ သင့်ချစ်သူက အသက်ကွာတယ်ဆိုပါစို့။ သင့်ချစ်သူရဲ့ တက္ကသိုလ်ကျောင်းစရိတ်ကို ထောက်ပံ့ပြီး တစ်ချိန်မှာ သင်တို့နှစ်ယောက် လက်ထပ်ကြမယ်လို့ သင်က ယုံကြည်ထားပါတယ်။ ဒါပေမယ့် ထင်ထားသလိုမဖြစ်လာပဲ သင့်ချစ်သူက အခြားတစ်ယောက်နဲ့ ပါသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ ဘ၀မှာ ကိုယ်မထင်မှတ်ထားတဲ့ အရာတွေက ဖြစ်လာတတ်ပါတယ်။ အချစ်ဆိုတာလည်း လုပ်ယူလို့မရဘူးဆိုတာကို သင်နားလည်သဘောပေါက်ဖို့လိုပါတယ်။ သူနဲ့သင်နဲ့ကြားမှာ နားလည်မှုနဲ့ ချစ်ခြင်းမေတ္တာတရားကို ခိုင်မြဲဖို့က အတင်းအကြပ်လုပ်ဖို့မလိုသလို အရမ်းလည်း လျော့ပေါ့နေလို့မဖြစ်ပါဘူး။ အရမ်းတင်းကြပ်တဲ့ စုံတွဲတွေနဲ့ အရမ်းလျော့ပေါ့တဲ့ စုံတွဲတွေက ကြာကြာမခံပါဘူး။ တစ်နည်းနည်းနဲ့တော့ နောက်တစ်ယောက်ဆီ စိတ်ယိုင်သွားတတ်ကြပါတယ်။
၂။ ထောင်ချောက်။
ကိုယ့်အပြစ်ကို ရှောင်ချင်လို့ သင့်ကို ထောင်ချောက်ထဲတွန်းချပြီး သင့်အပြစ်ပုံစံ လုပ်တာမျိုးလည်းရှိပါတယ်။ ဥပမာ သင့်အသိထဲက မိန်းကလေးတစ်ယောက်နဲ့ သင်က အရမ်းရင်းနှီးတယ်ဆိုပါစို့။ သင့်ချစ်သူက သင့်ကို ထားသွားချင်တဲ့အခါမှာ အကြောင်းမရှိ အကြောင်းရှာပြီး သင့်ကို အထင်လွဲစရာတွေဖြစ်အောင် သူနဲ့စွဲချက်တွေတင်တာမျိုး လုပ်ပါလိမ့်မယ်။ ဒါတွေက ထောင်ချောက်ဆင်နည်းတွေ ဖြစ်ပါတယ်။ ဒီလို လုပ်တာမျိုးကယောက်ျားလေးဘက်ကလည်း လုပ်နိုင်ပါတယ်။ ဒီလိုအဖြစ်အပျက်တွေကို ကြိုတင် ခန့်မှန်းထားနိုင်ရင် သင့်မှာ ပြန်ချေပမယ့် စကားတွေကို ကြိုတင်ပြန်စဉ်းစားထားလို့ရပါတယ်။
၃။ တိတ်ဆိတ်စွာ နေထိုင်နည်း။
သင့်ချစ်သူက သင့်ကို စကားပြောနည်းလာပြီး အမြဲ အသံတိတ်နေရင်တော့ သင်တို့နှစ်ယောက်ကြားက ပြဿနာက တော်တော်လေးကြီးလို့ပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမဖြစ်အောင် အစတည်းက ချစ်သူနှစ်ယောက်ကြား ပွင့်လင်းမှုရှိဖို့လိုပါတယ်။
၎။ Messages တွေကို စစ်ခြင်း။
ဒီပြဿနာက စုံတွဲဆယ်တွဲမှာ ကိုးတွဲလောက်ဖြစ်တဲ့ ပြဿနာမျိုးဖြစ်ပါတယ်။ ဒါ့အပြင် fb password တွေပေးတာမျိုးတွေ လုပ်ကြပါတယ်။ လူ့ကျင့်ဝတ်အရ ပြောရမယ်ဆိုရင် Password က လင်မယားဖြစ်စေ သားသမီးဖြစ်စေ မိဘတွေဖြစ်စေ မပေးသင့်ပါဘူး။ ဘာလို့လဲဆိုတော့ လူတစ်ယောက်ရယ်လို့ဖြစ်လာရင် ထိုလူရဲ့ အတွင်းရေးနဲ့ လွတ်လပ်ပိုင်ခွင့်က ထိုလူနဲ့ပဲ သက်ဆိုင်လို့ပါပဲ။ Password တွေကို share ပြီး တူတူသုံးတဲ့အခါမှာ အလုပ်ကိစ္စနဲ့ လူမှုရေးတွေမှာ အများကြီးမျက်နှာငယ်ရပါတယ်။ ဒီအချက်ကို သင့်ချစ်သူသာ နားလည်မယ်ဆိုရင် သင့်ရဲ့ passowrd ကို တောင်းမကြည့်ပါဘူး။ အကယ်၍ တောင်းကြည့်ပြီး ပြဿနာရှာမယ်ဆိုရင် သင့်ချစ်သူမှာ ပြဿနာတစ်ခုခုရှိတာ သေချာနေပါပြီ။
၅။ စကားပြောနားထောင်မှ မုန့်ကျွေးမယ်။
ဒါကတော့ စကားအဖြစ်ပြောတာဖြစ်ပါတယ်။ ဒီပြဿနာက မိန်းမတွေဘက်က ဖန်တီးတာမျိုးဖြစ်ပါတယ်။ အထူးသဖြင့် မိန်းမတွေက ယောက်ျားတွေလိုချင်တဲ့အရာကို သိကြပါတယ်။ သူတို့ယောက်ျားကို မနှစ်မြို့တဲ့အခါ အိပ်ရာပေါ်က ကိစ္စကို မဖြည့်ဆည်းပေးကြပါဘူး။ အကြောင်းပြချက် တစ်မျိုးပြီးတစ်မျိုးနဲ့ ရှောင်လွှဲတတ်ကြပါတယ်။ ပြီးရင် ယောက်ျားတွေရဲ့ အပြစ်ကို တစ်မျိုးပြီး တစ်မျိုး အပြစ်ရှာတတ်ပါတယ်။ အကြောင်းပြချက်အများစုက ပိုက်ဆံရှာနည်းတာ၊ လက်ဆောင်တွေ မဝယ်ပေးတာမျိုးတွေနဲ့ အကြောင်းပြတတ်ပါတယ်။ ဒါတွေကိုလည်း သတိထားဖို့လိုပါတယ်။
၆။ ရုပ်သေးရုပ်အဖြစ် ပုံသွင်းခြင်း။
တစ်ခြားတစ်ယောက်နဲ့ ဖောက်ပြန်နေမှ အိမ်ထောင်ရေးဖောက်ပြန်တာ မဟုတ်ပါဘူး။ ကိုယ့်ဘ၀ကို ကိုယ်မပိုင်ပဲ အခြားတစ်ယောက်က အကုန်ထိန်းချုပ်ထားရင်လည်း အိမ်ထောင်ရေးဖောက်ပြန်တာပါပဲ။ သင့်မိန်းမက သင်ရှာသမျှ ပိုက်ဆံအကုန်လုံးကို သိမ်းကျုံးယူပြီး သူ့အတွက်ပဲ သုံးတာမျိုးကလည်း အိမ်ထောင်ရေးဖောက်ပြန်တာနဲ့ သိပ်မကွာပါဘူး။ ဘာလို့လဲဆိုတော့ သင့်ကို မချစ်ပဲ ကိုယ့်ကိုယ်ကို ပိုချစ်နေလို့ပဲ ဖြစ်ပါတယ်။
အပေါ်က အချက်တွေက Relationship တွေမှာ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေပဲဖြစ်ပါတယ်။ ဒီလိုအဖြစ်အပျက်တွေကို ကြုံတွေ့နေရရင် သင်နဲ့ သင့် Partner ခဏ အဆက်အသွယ်ဖြတ်ပြီး နေကြည့်ပါ။ တစ်ပတ်လောက်ဖြစ်ဖြစ် အဆက်ပြတ်နေတဲ့အခါမှာ တစ်ယောက်အကြောင်း တစ်ယောက် သေချာနားလည်လာပါလိမ့်မယ်။တစ်ချို့က ဒီနည်းကို break ယူတယ်လို့လည်းပြောပါတယ်။ Break ယူခြင်းဖြင့် သင်နဲ့ သင့်ချစ်သူကြားမှာ နားလည်မှုတွေ ပိုတိုးလာပြီး တစ်ယောက်ကို တစ်ယောက် ဘာကြောင့်လိုအပ်လဲဆိုတာ နားလည်လာပါလိမ့်မယ်။ ဒီလိုနည်းလမ်းနဲ့ သင်တို့ relationship ကို ခရီးပြန်ဆက်လို့ရပါတယ်။
0 Comments