ဒီနေ့ Redbull ဆိုတာကို မသိတဲ့လူ မရှိပါဘူး။ RedBull ဆိုတာ အချိုရည်မှန်းမသိရင်တောင် ပြင်းပြင်းထန်ထန်လုပ်တဲ့ အားကစားပွဲတွေမှာ သူ့တံဆိပ်ကို မြင်တွေ့ရမှာပါ။ မြန်မာပြည်မှာတော့ Redbull အချိုရည်ကို ကျွဲရိုင်းလို့သိကြပါတယ်။ နောက်တစ်နည်းကတော့ စွမ်းအားပြည့်အချိုရည်လို့လည်း သိကြပါတယ်။ ဈေးကွက်ထဲမှာ ပေါ်တဲ့ စွမ်းအားပြည့်အချိုရည်အားလုံးက Redbull ကို ယှဉ်ကြပေမယ့် မမှီကြပါဘူး။ ဘာလို့လဲဆိုတာ အခုပြောပြပါမယ်။
October ၂၀၁၂ တုန်းက ဩစကြီးယားနိုင်ငံသားဖြစ်တဲ့ Felix Baumgartner က အာကသမှ ကမ္ဘာကြီးကို ခုန်ချတာကို မှတ်မိကြမှာပါ။ အဲ့တုန်းက တစ်ကမ္ဘာလုံး တိုက်ရိုက်ကြည့်နေတဲ့အချိန်မှာ လူတွေက Felix ကို သိချင်မှသိမှာပါ။ အရင်ဆုံးပြေးမြင်မိတာ Redbull အမှတ်အသားပါပဲ။ Redbull က အချိုရည်တစ်မျိုးတည်းကိုပဲ ထိုင်မရောင်းနေပါဘူး။ ကိုယ်ပိုင် အားကစားအသင်းတွေနဲ့ radio channel တွေပါထောင်ထားပါသေးတယ်။ အပြင်းအထန် လူငယ်တွေကြိုက်တဲ့ အားကစားမျိုးမှာ sponsor ပေးပြီး ပိုက်ဆံအများကြီး ကုန်ကျခံပါတယ်။ ဒါ့အပြင် အပြင်းအထန် အရဲစွန့်လုပ်ရတဲ့ အားကစား ဗီဒီရိုတွေကိုလည်း ကိုယ်တိုင်ဖန်တီးပြီး production လုပ်ပါတယ်။ ဥပမာ လေထီးကုန်ချတာမျိုး၊ ဆိုင်ကယ် ကား အလှစတန့်ပြိုင်တာမျိုး၊ နောက်ပြီးတော့ စကိတ်ဘုတ် စတန့်ပြိုင်စီးတာမျိုးတွေလုပ်ပါတယ်။ ဒီလိုပွဲတွေအားလုံးကို redbull က လက်လွတ်မခံပါဘူး။ “Redbull gives you wings” စကားလေးက ကြော်ညာတဲ့အဆင့်တင် မဟုတ်ပဲ တစ်ကယ့်လက်တွေ့မှာပါ လူတွေကိုယုံကြည်အောင် လုပ်ခဲ့ပါတယ်။
ကျောင်းသားနဲ့ ဝန်ထမ်းတော်တော်များများကအစ ညဘက်အိပ်ရေးပျက်တာဖြစ်ဖြစ် တစ်ညလုံး လုပ်စရာရှိတဲ့အလုပ်ဖြစ်ဖြစ် redbull ကို သောက်ကြပါတယ်။ Redbull သောက်တာနဲ့ လူက လန်းဆန်းပြီးတက်ကြွနေတယ်လို့ ခံစားရပါတယ်။ အမှန်တစ်ကယ်တော့ redbull မှာပါတဲ့ Caffine , သကြား B Vitamin နဲ့ Taurine တို့ကြောင့် သောက်တာနဲ့ လူကိုတက်ကြွလန်းဆန်းစေပါတယ်။ Redbull လို့မြင်တာကြားတာနဲ့တင် လူက စိတ်ကိုတက်ကြွစေပါတယ်။ ဘာလို့လဲဆိုတော့ သူ့အရသာနဲ့ အင်တာနက်မှာတွေ့ရတဲ့ အပြင်းအထန် sport တွေက ပုံရိပ်ထဲမှာ မြင်လာလို့ပါပဲ။ လူငယ်တွေကြားမှာ ရာစုနှစ်တစ်ခုလောက် နေရာယူခဲ့တဲ့ redbull ရဲ့အရသာနဲ့ sport ပုံရိပ်တွေက အမြဲစွဲထင်နေပါတယ်။
ဒါပေမယ့် Business တစ်ခုရဲ့ သဘောသဘာဝအရ အတက်ပြီးရင် အကျရှိပါတယ်။ အခု energy drink ထဲမှာ နာမည်ရလာတဲ့ Monster Drink ကတော့ ဈေးကွက်ထဲမှာ Redbull နဲ့အပြိုင်နေရာ ရလာပါတယ်။ Monster က Redbull တွေလို အပြင်းအထန် extreme sport တွေမှာ sponsor ပေးပေမယ့် Computer Game တွေနဲ့ အခြား electronic sport ပွဲတွေမှာ redbull နည်းလမ်းအတိုင်းလိုက်လာတာကြောင့် အခုဆို ဈေးကွက်မှာ Redbull နဲ့အပြိုင် ရောင်းချနေရပါတယ်။
မျက်မှောက်ခေတ်မှာ Marketing သွားတဲ့ပုံစံတွေက အရင်လို ပစ္စည်းတစ်ခုရဲ့ကောင်းကြောင်း သက်သက်ထိုင်ပြောနေရုံနဲ့ မရပါဘူး။ လူတွေရဲ့ ယုံကြည်မှုကိုလည်း ရယူနိုင်ဖို့အရေးကြီးပါတယ်။
0 Comments