ပြတ်သွားတဲ့ ရည်းစားဟောင်းကိုပြန်တွဲနည်း သို့ မဟုတ် ကျိုးပဲ့သွားတဲ့ ယုံကြည်မှူကို ပြန်လည်တည်ဆောက်နည်း
ယုံကြည်မှူဆိုတာ ကျောက်ဆိုင်ကျောက်ခဲတွေလိုပါပဲ။ ကျိုးပဲ့ ပျက်ဆီးသွားပြီးရင် ပြန်လည်တည်ဆောက်ဖို့ မလွယ်ကူပါဘူး။ ဘယ်လောက်ပဲ ချစ်တယ်ပြောပြော အတွဲတွေပြတ်သွားတတ်ကြပါတယ်။ အဲ့ဒါကဘာလို့ လဲဆိုတော့ သူနဲ့ သင့်ရဲ့ ကြားက ယုံကြည်မှူမရှိတော့တာကြောင့်ဖြစ်တယ်။ ဒီလိုဆက်ဆံရေးမျိုးက ချစ်သူစုံတွဲတွေကြားတင်မကပါဘူး သူငယ်ချင်းအချင်းချင်း ခင်မင်ရင်းနှီးမှူ တွေလည်း ယုံကြည်မှူမရှိတော့ရင် ပျောက်ကွယ်သွားတတ်ကြပါတယ်။ လူဆိုတာတော့ အမှားနဲ့ မကင်းကြပါဘူး။...