ခေါင်းမှာ မျက်မှန်အကြီးစားလိုလို တတ်ထားတဲ့ခေါင်းဆောင်း Virtual Reality ကို မြင်ဖူးတဲ့လူတွေ မြင်ဖူးကြမှာပါ။ ဒီနေ့ ခေတ်မှာတော့ VR တွေ AR တွေပေါ်လာပြီး Microsoft ကတော့ Hololens 2 ကို မကြာသေးမီရက်လောက်ကပဲ စတင်မိတ်ဆက်လိုက်ပါတယ်။ ထူးခြားတာတစ်ခုက ဒီပစ္စည်းကို လူတိုင်းဝယ်ယူလို့  မရတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီပစ္စည်းကို ကုမ္ဗဏီကြီးတွေအတွက်ပဲ ရောင်းတာကြောင့်ဖြစ်တယ်။

Microsoft ကုမ္ဗဏီဆိုတာ ဒီနေ့ ကွန်ပျူတာတွေမှာ အသုံးပြုနေကြတဲ့ Window ကို မွေးထုတ်ပေးခဲ့တဲ့ ကုမ္ဗဏီကြီး ဖြစ်ပါတယ်။ နည်းပညာလောကမှာ အကြီးဆုံး company ကြီးတစ်ခုလည်းဖြစ်ပါတယ်။ Hololens အကြောင်းလေးဆက်ပြောရအောင်။ Hololens ဆိုတာ Hologram နဲ့  Lens ကိုပေါင်းထားတဲ့ အဓိပ္ဗါယ်ဖြစ်ပါတယ်။ Hologram ဆိုတာက ထိတွေ့ ကိုင်တွယ်လို့ မရပေမယ့် အစစ်မှန်လို မြင်ရတာဖြစ်ပါတယ်။ ဥပမာ videos တွေကြည့်တဲ့အခါမှာ ကိုယ့်အရှေ့ မှာ ဖြစ်နေတာမျိုးတွေ၊ ဂိမ်းဆော့တဲ့အခါမှာလည်း တစ်ကယ့်အဲ့ဂိမ်းထဲ ရောက်သွားသလိုမျိုး ခံစားရပါတယ်။

Microsoft က ပထမဆုံးထုတ်လုပ်တဲ့ Hololens Version 1 က ခလုတ်တွေကို နှိပ်သလိုမျိုး လက်ချောင်းတွေအသုံးပြုပြီး လုပ်ရပါတယ်။ အခု Version 2 မှာတော့ အရာဝတ္ထုတွေကို ကိုင်တွယ်လို့ ရသလို ကျုံ့ နိုင်ချဲ့ နိုင်တဲ့အပြင် sensor တွေလည်းပါတာကြောင့် အခန်းတစ်ခန်းကို scan ဖတ်လိုက်တဲ့အခါ လူဆိုလူမှန်းသိပြီး စားပွဲဆို စားပွဲအနေနဲ့  Hololens က သိပါတယ်။

Hololens က ဘာတွေလုပ်နိုင်လဲ။
ဖုန်းတစ်လုံးထက်ကောင်းတဲ့ ဂိမ်းတွေဆော့နိုင်တဲ့အပြင် အင်တာနက် browsing တွေလုပ်နိုင်ပါတယ်။ သူ့ မှာ run တဲ့ OS က Window ဖြစ်ပြီး Snapdragon Chip ကို အသုံးပြုထားပါတယ်။ ဒါကြောင့်ပေါ့ပါးမြန်ဆန်ပြီး အသုံးပြုရလွယ်ကူပါတယ်။ သူ့ ကိုအဓိက အသုံးပြုလို့ ကောင်းမယ့် နေရာတွေကတော့ လုပ်ငန်းခွင်ပိုင်းတွေ ဖြစ်ပါတယ်။ ဥပမာ အဆောက်အအုံကို ဒီဇိုင်းဆွဲတဲ့နေရာတွေ၊ ရေပိုက်မီးပိုက် installion လုပ်မယ့်နေရာတွေ၊ နောက်ပြီး အခြားနေရာတွေမှာလည်း များစွာအသုံးပြုနိုင်ပါတယ်။ မျက်စိထဲမှာ ပုံဖော်တာထက် ကွန်ပျူတာတွေမှာ ပုံဆွဲပြီးကြည့်တာထက် တစ်ကယ်အပြင်မှာ ဖြစ်ပြီးသားပုံစံကို Hololens ထဲမှာ ကိုယ်တိုင် မြင်တွေ့ နိုင်ပါတယ်။

အရာဝတ္ထုတွေကို လက်နဲ့  ကိုင်တွယ်လို့ ရသလို လုပ်ထားတာကြောင့် လိုသလို ပုံဖော်ပြီး ကြည့်လို့ ရပါတယ်။ အထူးသဖြင့် စက်ရုံတွေနဲ့  ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ များစွာအထောက်အကူ ဖြစ်ပါတယ်။ မျက်မှန်တပ်တဲ့လူတွေတောင် မျက်မှန်ချွတ်စရာမလိုပဲ အလွယ်တကူ တပ်လို့ ရပါတယ်။ အကယ်၍ မတပ်ချင်တော့တဲ့အခါ ဆိုင်ကယ်ဦးထုပ် လှန်သလို မျက်မှန်နေရာကို လှန်တင်လိုက်ရုံပါပဲ။ လောလောဆယ် ပြောထားတဲ့ ဈေးကတော့ ဒေါ်လာ ၃၀၀၀ ၀န်းကျင်ဖြစ်ပြီး ကုမ္ဗဏီတွေကိုပဲ ရောင်းချပေးမယ် ပြောထားပါတယ်။
0 Comments