အောက်တိုဘာ၃၀ရက်နေ့ က ပစ္စည်းအသစ်တွေ မိတ်ဆက်သွားတဲ့ Apple က Macbook Air နဲ့  iPad Pro ကိုပြသသွားပါတယ်။ ဆိုတော့ကာ ဈေးက ထုံးစံအတိုင်း ဒေါ်လာတစ်ထောင်ဝန်းကျင်နဲ့  ထွက်လာပါတယ်။ iPad Pro က Tablet သက်သက်အဆင့်တင်မဟုတ်တော့ပဲ အလွယ်တကူ ယူဆောင်သွားလို့  ရတဲ့ အသေးစားကွန်ပျူတာ အဆင့်လို့ ပါပြောလို့ ရပါတယ်။ Apple ရဲ့ CEO ဖြစ်တဲ့ Tim Cook ကတော့ iPad Pro တွေရဲ့ ရောင်းအားက အခြားတံဆိပ်က ထုတ်တဲ့ ကွန်ပျူတာရောင်းအားတွေထက် ဆယ်ဆလောက် သာနေတာဆိုတာ Graph တွေနဲ့ တကွ ပြသသွားပါတယ်။ Macbook Air ရဲ့  ပထမမျိုးဆက်ကို Steve Jobs က စတင်မိတ်ဆက်ခဲ့ပြီး နှစ်ကြာလာတာနဲ့ အမျှ ထူးထူးခြားခြား ပြောင်းလဲမှူကို မတွေ့ ခဲ့ရပါဘူး။ နောက်ဆုံးမှာတော့ လူတွေမျှော်လင့်ထားတဲ့ Macbook Air ကိုစောင့်ခဲ့ရကျိုးနပ်ခဲ့ပါတယ်။ ဘာလို့ လဲဆိုတော့ ဒီနေ့ ခေတ်မှာ Screenတွေ ဘယ်လောက်ကောင်းကြောင်း အပြိုင်အဆိုင်ကြွားနေတဲ့ ခေတ်မှာ MacBook Air အသစ်မမိတ်ဆက်ခင်အထိ သူ့ ရဲ့ Screen က မှိန်ပြီးစွဲဆောင်မှူ မရှိခဲ့ပါဘူး။ သို့ သော်လည်း အောက်တိုဘာ၃၀ရက်နေ့ မှာ မိတ်ဆက်ခဲ့တဲ့ Macbook Air အသစ်ကတော့ လူတွေရဲ့ နှလုံးသားကို သိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြဿနာက Macbook Air လား iPad Proလား ရွေးရခက်သွားတာပါပဲ။
iPad Pro မှာ ခဲတံလိုမျိုး သုံးရတဲ့ Apple Pencil ဆိုတာရှိပါတယ်။ Apple Pencil အသစ်ကိုပါ iPad Pro အသစ်တွေနဲ့ မိတ်ဆက်ခဲ့ပါတယ်။ Apple Pencil အသစ်ရဲ့ ထူးခြားချက်ကတော့ iPad Pro မှာကပ်လိုက်တာနဲ့ တစ်ခါတည်း အားသွင်းပေးမှာ ဖြစ်ပါတယ်။ Home Button ခလုတ်မပါတော့ပဲ မျက်နှာပြင် အပြည့်ဖြစ်သွားပါတယ်။ ဒါ့အပြင် USB_C ဖြစ်သွားတဲ့အတွက် Monitor တွေ Camera မှာကြိုးထိုးလိုက်တာနဲ့ iPad Pro မှာပေါ်တဲ့အရာအားလုံး တစ်ခါတည်းပေါ်မှာ ဖြစ်ပါတယ်။ အားတစ်ခါတည်း ၀င်တာတော့ အထူးတစ်လည်ပြောပြစရာ မလိုတော့ပါဘူး။ ဆက်ပြီးတော့ iPad Pro တစ်လုံးက ကွန်ပျူတာလောက် စွမ်းတဲ့အကြောင်း ပြောပြပါမယ်။ ပုံတွေဆွဲပြီး Logo တံဆိပ်တွေပုံဖော်မယ်၊ Blogတွေကို ရောက်တဲ့နေရာမှာ ရေးလို့ ရမယ်၊Mobile မှာသုံးတဲ့ Function အားလုံးကို iPadမှာ သုံးလို့ ရမယ်။ ဒါတင်မပြီးသေးပါဘူး၊ Game ဆော့ရင်း Video Call ပြောလို့ ရပါတယ်။ Screen ကို နှစ်ခြမ်းခွဲသုံးရုံမက Application တွေကို တစ်ပြိုင်နက်တည်း Run လို့ ရအောင် မြန်ပါတယ်။ ဒီလောက်ကောင်းတဲ့ Tablet (သို့ ) Computer အသေးစားကို အခြားကုမ္ဗဏီတွေက လိုက်မထုတ်နိုင်သေးပါဘူး။
Macbook Air ကတော့ Laptop တစ်လုံးဖြစ်ပြီး စာရေး၊ Photoshop သုံးတာလောက်က ပြဿနာအကြီးကြီး မရှိပါဘူး။ သို့ သော်လည်း Heavy ခိုင်းရမယ့် Video Editing တွေ နောက်ပီးတော့ ဖုန်းApplicationတွေကို ရေးတဲ့အရာတွေကိုတော့ Macbook Pro လောက် မလုပ်နိုင်ပါဘူး။ Retina Display ဖြစ်သွားတဲ့အတွက် Screen က ကြည်တောက်ပြီး Color တွေကို အမှန်တိုင်းမြင်ရမှာ ဖြစ်ပါတယ်။ ပြောစရာကတော့ ဈေးပါ။ ဈေးက iPad Pro နဲ့  မတိမ်းမယိမ်း ဖြစ်ပြီး တစ်ခုရွေးရမယ်ဆို တော်တော်လေးကို ဒွိဟ ဖြစ်နေလို့ ပါပဲ။
စာဖတ်သူတို့ ရော တစ်ခုရွေးရမယ်ဆို ဘာကိုရွေးကြမလဲ။
0 Comments