Interview မဖြေခင် လူတွေက စိတ်ကရောင်ချောက်ခြားတွေ ဖြစ်တတ်ပါတယ်။ တစ်ကယ်တမ်း ပြင်ဆင်စရာက ဘာမှသိပ်မရှိပါဘူး။
၁။ မျက်စိမှိတ်ပြီး အသက်ကိုပုံမှန်ရှူပါ။
မျက်လုံးကို ခဏပိတ်ပြီး စိတ်ထဲမှာ ဘာမှမရှိအောင် ရှင်းရှင်းလင်းလင်းလေးနေပါ။
၂။ အသက်ရှူနည်း မှန်ပါစေ။
အသက်ရှူတဲ့နေရာမှာ နှာခေါင်းနဲ့ ရှူပြီး ပါးစပ်နဲ့  ပြန်ထုတ်ပါ။ အသက်ရှူရ ခက်နေရင်တော့ မိနစ်အကန့် အသတ်ကို ကြည့်ထားပါ။ ဥပမာ ငါးစက္ကန့် စီမှတ်ပြီး ရှူတာမျိုးလုပ်ပေးပါ။ ဒီနည်းလမ်းက စိတ်တည်ငြိမ်ဖို့ အတွက် တော်တော်လေး ထိရောက်ပါတယ်။
၃။ သီချင်းအေးအေးလေးတွေကို သေချာနားထောင်ပါ။
သီချင်းအေးအေးလေးတွေကို နားကြပ်ထဲထည့် နားထောင်ခြင်းကလည်း သင့်စိတ်ကို တည်ငြိမ်မှူပေးပါတယ်။

၎။ ယုံကြည်မှူ ထားပါ။
လက်နှစ်ဖက်ကို ပေးမကပ်ထားပဲနဲ့  ခေါင်းကိုမော့ ရင်ကိုကော့ပြီး လေကိုရှူသွင်းထုတ်သွင်းတာ လုပ်ပါ။ ယုံကြည်မှူကို တိုးစေပြီး သင့်ကို စွမ်းအားတွေ ပေးပါတယ်။
၅။ အချိန်ကို လေးစားပါ။
Interview သွားဖြေမယ့်နေ့ မှာ မဖြေခင် ဆယ်မိနစ်ပိုစောရောက်ပါစေ။ သင်ပြင်ဆင်စရာ ရှိတာတွေအတွက် အချိန်ပိုရစေပါတယ်။

၆။ ကိုယ့်ကိုယ်ကို စကားပြောနိုင်မယ့်နေရာ တစ်နေရာရွေးပါ။
ဥပမာ သန့် စင်ခန်းလိုနေရာ ဖြစ်ဖြစ်သွားပြီး မှန်ထဲမှာ သင့်ကိုယ်သင် စကားပြောကြည့်ပါ။ သင့်ရဲ့ လိုအပ်ချက်တွေကို သင်ကိုယ်တိုင် မြင်တွေ့ တဲ့အခါမှာ သင် ဘာဆက်လုပ်ရမလဲဆိုတာ သင်သိလာပါလိမ့်မယ်။
၇။ ကိုယ့်ကိုယ်ကို ပြင်ဆင်ထားတယ်လို့ ယူဆထားပါ။
ဒီ Interview အတွက် သင်အကုန်ပြင်ဆင်ထားပြီးသား လူတစ်ယောက်လို ခံယူထားပါ။ အရင်က လုပ်ခဲ့တဲ့အလုပ်မှာ အောင်မြင်မှူတွေအကြောင်း တွေးပါ။ ဒါမှမဟုတ်လည်း ဒီအင်တာဗျူးက သင့်ရဲ့ ပထမဆုံးအလုပ်ဆိုလည်း သင်အောင်မြင်ခဲ့တဲ့ အရာတွေစဉ်းစားပါ။ ကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ အဲ့အကြောင်းအရာလေးကို တွေးပါ။
၈။ မေးခွန်းနဲ့ အဖြေတွေအတွက် စဉ်းစားထားပါ။
မေးခွန်းတိုင်းကို မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အားလုံးကို ဖြေနိုင်ဖို့ လိုပါတယ်။ အဖြေအမှားမရှိပါဘူး။ သင်မဖြေလိုက်တဲ့ အဖြေမှ မှားတာပါ။ ဒါကြောင့် ယုံကြည်မှူ အပြည့်နဲ့ မေးခွန်းတိုင်းကို ဖြေလိုက်ပါ။ သင်လည်းမေးစရာရှိတဲ့ မေးခွန်းတွေကို အင်တာဗျူးအခန်းထဲမှာ အပြီးမေးခဲ့ပါ။
၉။ အင်တာဗျူး ပြီးသွားတဲ့အခါမှာ။
အင်တာဗျူး ပြီးသွားတဲ့အခါမှာ မေးခွန်းမေးတဲ့လူကိုလည်း မေးတာအရမ်းကောင်းတယ် ဆိုတဲ့အကြောင်းသိအောင် ပြပါ။ သူနဲ့ စကားပြောရတာ တစ်ကယ်ကောင်းတယ်ဆိုတဲ့ အကြောင်းပြောပြပါ။
0 Comments