fbpx

Instagramကို စတင်တည်ထောင်ခဲ့တဲ့ founder နှစ်ဦး အလုပ်ထွက်


0
604 shares

ဒီနေ့  မြန်မာနိုင်ငံမှာပါ တွင်တွင်ကျယ်ကျယ်အသုံးပြုသော ဓာတ်ပုံကွန်ယက်တစ်ခုဖြစ်သော Instagramကို ၂၀၁၀ခုနှစ်က Krieger နဲ့  Systrom တို့ က စတင်တည်ထောင်ခဲ့ပါတယ်။ ၂၀၁၂ခုနှစ်မှာ Facebookက 1Billion နဲ့  Instagramကို အပြီးပြတ်ဝယ်ယူခဲ့ပါတယ်။ Instagramကို ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ နာမည်ကြီးအနုပညာရှင် တော်တော်များများ အသုံးပြုကြပြီး လူငယ်အများစုပါ အသုံးပြုလာကြပါတယ်။ Instagram ရဲ့  အဓိကလုပ်ဆောင်ချက်က ဓါတ်ပုံကိုပိုကောင်းအောင် editလုပ်လို့ ရပြီး colorပေါင်းစုံ ချိန်ပေးလို့ ရပါတယ်။ ဒါ့အပြင် ဓါတ်ပုံတင်တဲ့အခါမှာ HD ဓာတ်ပုံအနေနဲ့ အသုံးပြုလို့  ရတာကြောင့် ကြည့်ရတာရှင်းလင်းပါတယ်။

မကြာသေးမီက တရားရုံးမှာအမှူရင်ဆိုင်လိုက်ရတဲ့ Facebook founder Zuckerbergက facebook နဲ့ ပတ်သတ်ပြီး လူတော်တော်များများက အသုံးပြုမှူနည်းသွားတဲ့ အချိန်မှာ instagramဘက်ကို ခြေဦးလှည့်လာပါတယ်။ ဒီအခါမှာတော့ instagram founder နှစ်ဦးနဲ့  စကားအခြေအတင်များကြတယ်လို့  နိုင်ငံခြားသတင်းမီဒီယာတွေက ဆိုကြပါတယ်။ Instagram ကို စတင်ခဲ့တုန်းက လူ၁၆ယောက်သာရှိပြီး အခုဆိုနိုင်ငံတကာမှာ ရုံးခွဲတွေပါထားပြီး လူအများကြီးကို အလုပ်ပေးနိုင်ခဲ့ပါတယ်။ Instagram ရဲ့  founder နှစ်ဦးကတော့ CEO နဲ့ CTO ရာထူးအသီးသီးစီ ယူထားပြီး facebookနဲ့  အတူတကွ အလုပ်တွေ လုပ်လာခဲ့ကြပေမယ့် အခုအခါမှာတော့ အပြီးထွက်ခွာသွားပြီဖြစ်တယ်။ သို့ သော် ငြားလည်း facebook နဲ့ instagram အနာဂတ်တွေ ထွန်းလင်းတောက်ပပြီး လူတွေပျော်နေကြတာကိုပဲ မြင်ချင်ပါတယ်လို့ လည်း ပြောသွားခဲ့ပါတယ်။ ဒီပြဿနာမဖြစ်ခင်ကလည်း Whatsapp founder ကလည်း Zuckerbergနဲ့  စကားများပြီး Facebookက ထွက်သွားခဲ့ပါတယ်။ Whatsapp ဆိုတာက လူတစ်ယောက်နဲ့ တစ်ယောက် message အပြန်အလှန်ပို့ တဲ့ messenger app ဖြစ်ပါတယ်။ အဆိုပါ ကုမ္ဗဏီကိုFacebookက ၁၉ဘီလီယံနဲ့  လွန်ခဲ့တဲ့နှစ်အနည်းငယ်က အပြီးပြတ် ၀ယ်ယူခဲ့ပါတယ်။

ပြဿနာတွေအားလုံးက ၂၀၁၈အစောပိုင်းမှာ facebookက အသုံးပြုသူတွေရဲ့  ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားခဲ့တာက စတင်ခဲ့ပါတယ်။ အခုဆို Facebook ရဲ့ အနာဂတ်ကြီးက ယိမ်းယိုင်စပြုလာပြီလား ကောင်းဖို့ အရာတွေ စတင်ဖြစ်လာပြီလားဆိုတာတော့ မည်သူမှ တပ်အပ်ပြောကြားနိုင်ခြင်း မရှိသေးပါဘူး။


Like it? Share with your friends!

0
604 shares

What's Your Reaction?

angry angry
0
angry
lol lol
0
lol
omg omg
0
omg
fail fail
0
fail
geeky geeky
0
geeky
love love
0
love
wtf wtf
0
wtf
Share mal

0 Comments

Your email address will not be published. Required fields are marked *

Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Countdown
The Classic Internet Countdowns
Open List
Submit your own item and vote up for the best submission
Ranked List
Upvote or downvote to decide the best list item
Meme
Upload your own images to make custom memes
Video
Youtube, Vimeo or Vine Embeds
Audio
Soundcloud or Mixcloud Embeds
Image
Photo or GIF
Gif
GIF format