အခုပြောပြမယ့် အကြောင်းအရာက ဒီနေ့လူမှုကွန်ရက်မှာ တွေ့ကြုံနေရတဲ့ လူငယ်တွေကြား နားလည်မှုလွဲမှားပြီး ကြုံတွေ့နေရတဲ့ ပြဿနာကို အကြံဉာဏ်ပေးခြင်းသာ ဖြစ်ပါတယ်။ ယောက်ျားလေးနဲ့ မိန်းကလေးတွေအကြား ပြောဆိုဆက်ဆံရေး အဆင်ပြေချောမွေ့စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးသားခြင်းဖြစ်ပါတယ်။ ဒါ့အပြင် အခုအကြောင်းအရာကို အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပေးပါရန်လည်း မေတ္တာရပ်ခံအပ်ပါတယ်။
Facebook ကို ဘယ်လိုသုံးရမလဲဆိုတာတော့ ထွေထွေထူးထူး ပြောစရာမလိုတော့ပါဘူး။ ဒီနေ့ခေတ်မှာ ပုခက်ထဲက ကလေးတောင် Fb , Youtube ကို ကောင်းကောင်းသုံးတတ်ပါတယ်။ ဒါပေမယ့် ယောကျာ်းလေးအများစုက သူတို့ကြိုက်တဲ့ ကောင်မလေးတွေကို fb မှာ တွေ့တဲ့အခါ စကားအပြောအဆိုတွေက မပြောတတ်ကြပါဘူး။ မြန်မာစကားက မပြောတတ်တဲ့အခါမှာ ဆဲတဲ့ပုံစံပေါက်ပါတယ်။ ဆိုပါစို့ သင်သဘောကျတဲ့ ကောင်မလေးတစ်ယောက်ကို Fb မှာတွေ့တယ်ဆိုပါစို့။ သူ့ကို Friend Request မပို့ခင် သင့် Profile ကို ပြန်ကြည့်ပါ။ လူတစ်ယောက်ရဲ့ Profile က သေသပ် သပ်ရပ်မှုရှိရပါမယ်။ ကိုယ့်အလုပ်အကိုင်၊ နာမည်နဲ့ ဓါတ်ပုံတွေကအစ သေသပ် သပ်ရပ်ဖို့လိုပါတယ်။ ရုပ်ချောနေစရာ၊ Effect တွေပိစရာ မလိုပါဘူး။ Impression ကောင်းဖို့ပဲလိုပါတယ်။ သင့် Profile က Impression ကောင်းမှ လူတွေကြည့်တဲ့အခါမှာ ယုံကြည်မှုရပါမယ်။ ဒါကြောင့် ကိုယ့် Profile ကို အရင်အချောသပ်ပါ။
ပထမဆုံးချဉ်းကပ်နည်း။
သင် အပြင်မှာ မသိတဲ့ မိန်းကလေးတစ်ယောက်ကို Friend Request လုပ်တဲ့အခါမှာ Accept လုပ်မယ်မလုပ်တော့ မသေချာပါဘူး။ အကယ်၍ သူ့ဘက်က accept မလုပ်တဲ့အခါမှာ အတင်းအကြပ် chatbox မှာ စကားသွားပြောတာမျိုးကို ရှောင်ပါ။ Mutual Friends ရှိရင်တော့ သူတို့နဲ့သိတယ်ဆိုတဲ့အကြောင်းကို ပြောပြပါ။ ဒီလိုပြောပြခြင်းဖြင့် သူနဲ့သင်နဲ့အကြားမှာ ရင်းနှီးမှု ပိုတောင် ရသွားနိုင်ပါသေးတယ်။ အကယ်၍ Friend ဖြစ်သွားတဲ့အခါမှာ ရင်းနှီးမှုကို တည်ဆောက်ပါ။ အပြင်မှာတွေ့ရအောင်လို့ တိုက်ရိုက်မပြောဖို့အရေးကြီးပါတယ်။ ဒီလိုပြောခြင်းအားဖြင့် တစ်ဖက်က မိန်းကလေးကို အကြောက်တရားပိုတိုးသွားစေနိုင်ပါတယ်။ ဥပမာ စာအုပ်ရောင်းပွဲတော်၊ ဈေးပွဲတော်တွေကို သွားဖို့ အဖော်စပ်ပါ။ သူမ စိတ်ဝင်စားတဲ့ ပွဲမျိုးကို တူတူသွားဖို့ မေးကြည့်ပါ။
Message ပို့နည်း။
Message စပို့တဲ့အခါမှာလည်း ကိုယ့်ကိုယ်ကို မိတ်ဆက်ပါ။ သူမကို Fb ထဲက People you may know မှာ ခဏခဏတွေ့တာကြောင့် မျက်မှန်တမ်းမိပြီး add ခြင်းဖြစ်ပါတယ်၊ တွေ့ရတာ ဝမ်းသာတယ်ဆိုတဲ့အကြောင်း ယဉ်ယဉ်ကျေးကျေးပြောပါ။ ဒါမှမဟုတ် သူမရောက်ခဲ့ဖူးတဲ့နေရာထဲက တစ်နေရာကို သင်ရောက်ခဲ့ဖူးကြောင်း စသဖြင့် မိတ်ဆက်ပါ။ အခုပြောပြသလိုမျိုးက သေချာပေါက် အလုပ်လုပ်မယ်လို့ အာမမခံနိုင်ပါ။ အနည်းဆုံးတော့ လူကြီးသူကောင်းဆန်ဆန် သင် စကားပြောတတ်သွားပါတယ်။
ကောင်မလေးကို Date တစ်ကယ်လုပ်ခြင်း။
သင်တို့နှစ်ယောက် စကားအပြန်အလှန်ပြောတာ အဆင်ပြေတယ်ဆိုရင် အပြင်မှာတွေ့ဖို့ မေးကြည့်ပါ။ သူမဘက်က စိတ်ဝင်စားတဲ့အရိပ်အယောင်တွေ့ရင် သင့်ကို အပြင်မှာတွေ့ဖို့ လက်ခံလာပါလိမ့်မယ်။ ဒီလိုနည်းနဲ့မှ အဆင်မပြေရင်တော့ ဖုန်းနံပါတ်တောင်းပြီး အားလပ်ချိန်မှာ စကားပြောကြည့်ပါ။
အပြင်မှာ တစ်ကယ်တွေ့တဲ့အခါ။
အပြင်မှာ တစ်ကယ်တွေ့မှ Date လုပ်ခြင်းက အထမြောက်မှာပါ။ ဒီနေ့ခေတ်မှာ အင်တာနက်မှာတွေ့ရတာမှန်သမျှက မယုံရပါဘူး။ တစ်ကယ်အပြင်မှာတွေ့တဲ့အခါမှာလည်း စကားပြောတဲ့အခါမှာ ဖုန်းသုံးနေတာမျိုးတွေ ဟန်ဆောင်ပြီး စကားပြောတာမျိုးတွေကို အထူးရှောင်ပါ။ အဓိကက အရှိကိုအရှိတိုင်း ပြောပြပါ။ တစ်ခုခုဖြစ်မှာကိုလည်း မစိုးရိမ်ပါနဲ့။ ယုံကြည်မှုအပြည့်နဲ့ စကားပြောပါ။
သူမရဲ့တုံ့ပြန်မှု
သူမရဲ့တုံ့ပြန်မှုက သင့်အပေါ်ခါးသီးခဲ့တာမျိုးဖြစ်ဖြစ် သင်ထင်ထားတာမျိုး မဖြစ်လာတာဖြစ်ဖြစ် စိတ်မပျက်ပါနဲ့။ သင့်ဘက်က အဆင်မပြေခဲ့သည်ရှိတောင် အမုန်းနဲ့ မဆက်ဆံပါနဲ့။ သူမနဲ့တွေ့ခဲ့ရတာ သင့်အတွက် ကံကောင်းတယ်ဆိုတဲ့အကြောင်းနဲ့ သူငယ်ချင်းအဖြစ် ဆက်နေပါ။ FB မှာ block တာမျိုးတွေ ခါးခါးသီးသီး ပြောတာမျိုးတွေကို ရှောင်ပါ။ ဆိုလိုတာက လူကြီးလူကောင်းဆန်တာကို ပြောတာပါ။
အပေါ်က အချက်တွေအတိုင်း သင်နေမယ်ဆို သင့်ကို မုန်းတဲ့မိန်းကလေး တစ်ယောက်မှ ရှိမှာမဟုတ်ပါဘူး။ သင့်အပေါ် မိန်းကလေးတွေက ပြန်မကြိုက်ရင်တောင် ခင်မင်မှုနဲ့ လေးစားမှုကတော့ ပျက်မှာ မဟုတ်ပါဘူး။
0 Comments