CES ရဲ့ အရှည်ကောက်က Consumer Electronics Show လို့  အဓိပ္ဗါယ်ရပါတယ်။ ဒီပွဲမှာ ကုမ္ဗဏီပေါင်း လေးထောင်ကျော်နဲ့ ပညာရှင်ပေါင်း မြောက်များစွာ ပါဝင်တတ်ရောက်ပါတယ်။ နည်းပညာပြပွဲဖြစ်တာကြောင့် အနာဂတ်ပစ္စည်း အသစ်များကို မိတ်ဆက်တဲ့ပွဲဆိုလည်း မမှားပါဘူး။ နည်းပညာကို စိတ်ဝင်စားတဲ့ လူတော်တော်များများ အကြိုက်တွေ့ တဲ့ ပွဲလည်းဖြစ်ပါတယ်။ နည်းပညာမိတ်ဆက်ပွဲလို့ ဆိုရာမှာ smartphones, ပို့ ဆောင်ဆက်သွယ်ရေးနဲ့  အနာဂတ်ကွန်ပျူတာ၊ ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ နည်းပညာမြင့်ပစ္စည်းတွေနဲ့  အခြားအမျိုးအစားပေါင်းများစွာ ပါဝင်ပါတယ်။ ဒီထဲမှာမှ ၂၀၁၉ မှာ အကောင်းဆုံး ဖြစ်လာမယ့် ကွန်ပျူတာတွေကို ပြောပြမှာ ဖြစ်ပါတယ်။

၁။ Alienware Area-51M
Alienware ကိုတော့ Gamerတွေအတွက် အထူးမိတ်ဆက်စရာ မလိုတော့ပါဘူး။ Desktop Performance မှကြိုက်တဲ့ Gamer တွေအတွက် GPU နဲ့  Desktop CPU ကိုလဲတပ်လို့ ရပါတယ်။ သူ့ ရဲ့ Design ပိုင်းကတော့ တော်တော်သပ်ရပ်ပြီး ပြိုင်ဖက်ကင်း Design ဖြစ်ပါတယ်။ ဈေးကတော့ ဒေါ်လာ ၂၅၄၉ နဲ့ စပြီး ဒီလအစပိုင်းမှာ စတင်ရောင်းချသွားမယ်လို့ လည်း သိရပါတယ်။

၂။ Razer Blade 15 Advanced with RTX 2080
အရွယ်အစားကတော့ ၁၅လက်မရှိပြီး Graphic Model က RTX 2060, 2070 နဲ့  2080 မော်ဒယ် chipset တွေဖြစ်ပါတယ်။ Ram အမျိုးအစားက DDR4 ဖြစ်ပြီး 16GB နဲ့ လာမှာဖြစ်တယ်။ RAM ကို 64GB ထိ တိုးနိုင်ပါတယ်။ ဈေးနှူန်းကတော့ ဒေါ်လာ ၂၂၂၉ နဲ့ စပြီး သုံးတဲ့ပစ္စည်းတွေအပေါ်မူတည်ပြီး ဈေးတွေတိုးလာမှာ ဖြစ်တယ်။ January လကုန်တာနဲ့ ရရှိမှာ ဖြစ်ပါတယ်။

၃။ ASUS ROG Mothership
Surface Pro 17.3 လက်မနဲ့ ၁၀ပေါင်လောက်ရှိတဲ့ အလေးချိန်ကို ဒီအတိုင်း tablet လို သယ်သွားချင်တဲ့လူတွေကို Asus က မိတ်ဆက်ပေးလိုက်ပါတယ်။ နာမည်ကတော့ Laptop လို့ ပဲခေါ်ရမလား၊ Desktop လို့ ပဲခေါ်ရမလား။ ကွန်ပျူတာလို့ ပဲ ခေါ်ရအောင်။ ဒီကွန်ပျူတာက မော်နီတာအရွယ်အစားလောက်ရှိပြီး keyboard နဲ့ Trackpadက သံလိုက်နဲ့  ဖြူတ်တပ်လို့ ရပါတယ်။ ဒီ ROG Mothership က Nvidia RTX 2080 GPU ကို support လုပ်ပြီး i9 Processor ပါဝင်ပါတယ်။ Ram ကတော့ 64GB ထိတိုးနိုင်ပြီး ဂိမ်းတွေဆော့တဲ့နေရာမှာ တော်တော်လေးကို smooth ဖြစ်မှာ ဖြစ်ပါတယ်။ ဈေးနှူန်းကတော့ အတည်ပြုခြင်းမရှိသေးပါဘူး။

၎။ ASUS Studio Book
Notebook တွေပြီးတော့ Studio Book တွေကလည်း ပုံဆွဲတဲ့ Designers တွေအတွက် မရှိမဖြစ် လိုအပ်တဲ့အရာဖြစ်တယ်။ Body အပိုင်းမှာဆိုရင် ၁၇လက်မsizeကို ၁၅လက်မထဲမှာ ၀င်ဆံ့နေအောင် ပြုလုပ်ထားပါတယ်။ color ပိုင်းမှာ macbook pro အတိုင်း ကာလာတွေကို လိုသလိုချိန်လို့ ရပါတယ်။ ကာလာအမှန်ထွက်တာကြောင့် ပုံဆွဲတဲ့လူတွေ၊ ဓါတ်ပုံဆရာတွေ အကြိုက်တွေ့  မှာ ဖြစ်ပါတယ်။

၅။ HP Spectre X 360 (OLED)
LCD screen တွေသုံးရတာရိုးတဲ့လူတွေအတွက် HP က ၂၀၁၉မှာ ထွက်မယ့် Laptop Screen ကို OLED နဲ့ ပဲ ထုတ်လာပါတယ်။ အရွယ်အစားက ၁၅လက်မရှိပြီး i7 Processor နဲ့ လာမှာဖြစ်ပါတယ်။ March လထဲမှာ စတင်ရောင်းချမယ်လို့ သိရပြီး ဈေးနှူန်းကိုတော့ အတိအကျမသိရသေးပါဘူး။ မိတ်ဆက်ခဲ့တဲ့ Laptop Screen တွေမှာ HP က ပထမဦးဆုံး OLED နဲ့  လာမှာ ဖြစ်ပါတယ်။

၆။ ASUS Chromebook Flip
Chromebook ဆိုတာက Google OS နဲ့ လာမှာ ဖြစ်ပြီး Window တွေလို သုံးရမှာ မဟုတ်ပါဘူး။ အနီးစပ်ဆုံးပြောရရင် Android ကို နောက်တစ်ဆင့် မြှင့်ထားတဲ့ သဘောပါပဲ။ သူကတော့ lenevo yoga ပုံစံ ခေါက်လို့ ရပြီး Tablet တွေလို သုံးလို့ ရမှာပါ။ ဈေးနှူန်းကတော့ ဒေါ်လာ 569နဲ့  စတင်ပြီး ဒီနှစ်နောက်ပိုင်းမှာ ထုတ်လုပ်သွားမယ်လို့ လည်း သိရပါတယ်။
ဒါတွေကတော့ ဇကာတင် ၂၀၁၉ရဲ့ အကောင်းဆုံး laptop တွေပဲဖြစ်ပါတယ်။ တစ်ချို့ ကတော့ တော်တော်လေးကြိုက်ကြပြီး တစ်ချို့ ကတော့ ထူးထူးခြားခြားကြီး မပါလာသေးဘူးလည်းဆိုပါတယ်။ Apple ပရိတ်သတ်တွေကတော့ ၂၀၁၉မှာ Notch မပါတဲ့ iPhone နဲ့  OLED Macbook ကို မျှော်နေလောက်ပါတယ်။ စာဖတ်တဲ့ ပရိတ်သတ်ကြီးရော ၂၀၁၉မှာ ဘာတွေ မျှော်လင့်နေပါသလဲ။
0 Comments