Zawgyi
နယ္သာလန္ကို စက္ဘီးၿမိဳ႕ေတာ္လို႔ တစ္ကမာၻလုံး သိထားၾကပါတယ္။ ဒါ့အျပင္ ကမာၻမွာ Accident အနည္းဆုံးၿမိဳ႕လည္း ျဖစ္ပါတယ္။ ကားေတြဆိုင္ကယ္ေတြေပါတဲ့ ဒီေန႔လိုေခတ္မွာ Amsterdam ၿမိဳ႕က လူေတြက စက္ဘီးကိုပဲ ဘာလို႔စီးၾကလဲဆိုတာ အေျဖရွိပါတယ္။ ဆက္ေလ့လာၾကည့္ရေအာင္။နယ္သာလန္ရဲ႕ၿမိဳ႕ေတာ္ Amsterdam ၿမိဳ႕မွာ စက္ဘီးစီးတဲ့လမ္းက ကားသြားတဲ့လမ္းေတြထက္ ပိုရွည္ၿပီး ပိုက်ယ္ပါတယ္။ ဒုတိယကမာၻစစ္အၿပီးမွာ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက လူေတြရဲ႕ေန႔စဥ္သြားလာမႈမွာ ကားေတြပါဝင္လာပါတယ္။ အၿခိဳ႕ၿမိဳ႕ေတြမွာ ကားလမ္းေဖာက္ဖို႔အတြက္ အိမ္ေတြကိုၿဖိဳခ်ခဲ့ရတာမ်ိဳးေတြ ရွိပါတယ္။ ၁၉၆၀ နဲ႔ ၁၉၇၀ ၾကားမွာ နယ္သာလန္မွာလည္း ကားလမ္းေတြေဖာက္လာၾကပါတယ္။ ကားအစီးအေရမ်ားတာေၾကာင့္နဲ႔ လမ္းက်ဥ္းေျမာင္းတာေၾကာင့္ လမ္းမွာ ကားလမ္းပိတ္ဆို႔မႈေတြ ျဖစ္လာပါတယ္။ ၿမိဳ႕ေတာ္ဝန္နဲ႔ အင္ဂ်င္နီယာေတြက Amsterdam ၿမိဳ႕ကို ေခတ္မွီတဲ့ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေအာင္ plan ေတြဆြဲၾကပါတယ္။ ဒါေပမယ့္လည္း ကားေတြမ်ားလာတာနဲ႔အတူ Accident ျဖစ္တဲ့ ရာခိုင္ႏႈန္းကလည္း ျမင့္တတ္လာၿပီး ၿမိဳ႕သူၿမိဳ႕သားေတြကလည္း လမ္းေပၚမွာ ဆန႔္က်င္ဆႏၵျပလာၾကပါတယ္။၁၉၇၂ ခုႏွစ္မွာ ေလာင္စာဆီအက်ပ္အတည္း ျဖစ္လာၾကတဲ့အခါ အစိုးရက တစ္ပတ္မွာ တစ္ရက္ ကားကင္းစင္ေန႔ ဆိုၿပီး ကားေတြကို လမ္းေပၚမွာ ေမာင္းခြင့္ပိတ္လိုက္ပါတယ္။ ဒီအခ်ိန္မွာ ၿမိဳ႕သူၿမိဳ႕သားေတြက စက္ဘီးေတြကို ျပန္ထုတ္ၿပီး စီးၾကပါတယ္။ ၁၉၇၈ ခုႏွစ္မွာေတာ့ စက္ဘီးလမ္းေတြကို ကားလမ္းေတြထက္ပိုၿပီး လုပ္လာၾကပါတယ္။ ဒီလိုလုပ္ရျခင္းရဲ႕ ရည္႐ြယ္ခ်က္က စက္ဘီးစီးသူေတြကို ေနရာပိုေပးၿပီး လမ္းသြားလမ္းလာေတြအတြက္ ေဘးကင္းစြာ သြားလာလို႔ရေစတဲ့ ရည္႐ြယ္ခ်က္နဲ႔ လုပ္ခဲ့တာျဖစ္ပါတယ္။ အဲ့အခ်ိန္တည္းက စၿပီး ကားAccident ျဖစ္တဲ့ႏႈန္းက ကမာၻမွာ အနည္းဆုံးၿမိဳ႕ျဖစ္လာၿပီး အခုခ်ိန္ထိ စက္ဘီးကို တြင္က်ယ္စြာ စီးလာျခင္းျဖစ္တယ္။
Unicode
နယ်သာလန်ကို စက်ဘီးမြို့တော်လို့ တစ်ကမ္ဘာလုံး သိထားကြပါတယ်။ ဒါ့အပြင် ကမ္ဘာမှာ Accident အနည်းဆုံးမြို့လည်း ဖြစ်ပါတယ်။ ကားတွေဆိုင်ကယ်တွေပေါတဲ့ ဒီနေ့လိုခေတ်မှာ Amsterdam မြို့က လူတွေက စက်ဘီးကိုပဲ ဘာလို့စီးကြလဲဆိုတာ အဖြေရှိပါတယ်။ ဆက်လေ့လာကြည့်ရအောင်။
နယ်သာလန်ရဲ့မြို့တော် Amsterdam မြို့မှာ စက်ဘီးစီးတဲ့လမ်းက ကားသွားတဲ့လမ်းတွေထက် ပိုရှည်ပြီး ပိုကျယ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ နိုင်ငံတော်တော်များများက လူတွေရဲ့နေ့စဉ်သွားလာမှုမှာ ကားတွေပါဝင်လာပါတယ်။ အခြို့မြို့တွေမှာ ကားလမ်းဖောက်ဖို့အတွက် အိမ်တွေကိုဖြိုချခဲ့ရတာမျိုးတွေ ရှိပါတယ်။ ၁၉၆၀ နဲ့ ၁၉၇၀ ကြားမှာ နယ်သာလန်မှာလည်း ကားလမ်းတွေဖောက်လာကြပါတယ်။ ကားအစီးအရေများတာကြောင့်နဲ့ လမ်းကျဉ်းမြောင်းတာကြောင့် လမ်းမှာ ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်လာပါတယ်။ မြို့တော်ဝန်နဲ့ အင်ဂျင်နီယာတွေက Amsterdam မြို့ကို ခေတ်မှီတဲ့မြို့တစ်မြို့ဖြစ်အောင် plan တွေဆွဲကြပါတယ်။ ဒါပေမယ့်လည်း ကားတွေများလာတာနဲ့အတူ Accident ဖြစ်တဲ့ ရာခိုင်နှုန်းကလည်း မြင့်တတ်လာပြီး မြို့သူမြို့သားတွေကလည်း လမ်းပေါ်မှာ ဆန့်ကျင်ဆန္ဒပြလာကြပါတယ်။
၁၉၇၂ ခုနှစ်မှာ လောင်စာဆီအကျပ်အတည်း ဖြစ်လာကြတဲ့အခါ အစိုးရက တစ်ပတ်မှာ တစ်ရက် ကားကင်းစင်နေ့ ဆိုပြီး ကားတွေကို လမ်းပေါ်မှာ မောင်းခွင့်ပိတ်လိုက်ပါတယ်။ ဒီအချိန်မှာ မြို့သူမြို့သားတွေက စက်ဘီးတွေကို ပြန်ထုတ်ပြီး စီးကြပါတယ်။ ၁၉၇၈ ခုနှစ်မှာတော့ စက်ဘီးလမ်းတွေကို ကားလမ်းတွေထက်ပိုပြီး လုပ်လာကြပါတယ်။ ဒီလိုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က စက်ဘီးစီးသူတွေကို နေရာပိုပေးပြီး လမ်းသွားလမ်းလာတွေအတွက် ဘေးကင်းစွာ သွားလာလို့ရစေတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့အချိန်တည်းက စပြီး ကားAccident ဖြစ်တဲ့နှုန်းက ကမ္ဘာမှာ အနည်းဆုံးမြို့ဖြစ်လာပြီး အခုချိန်ထိ စက်ဘီးကို တွင်ကျယ်စွာ စီးလာခြင်းဖြစ်တယ်။
0 Comments