ဒီခေါင်းစဉ်ကို ဖတ်လိုက်တာနဲ့ တင် ရွှေငါးချစ်သူတွေ တော်တော်ဒေါသ ထွက်သွားပါလိမ့်မယ်။ ဒါကြောင့် အစအဆုံး ပြီးအောင် ဖတ်စေချင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀လောက်က ရွှေငါးတွေကို တရုတ်ပြည်မှာ စားဖို့ အတွက် သုံးပါတယ်။ နှစ်တွေကြာလာတော့ ရွှေငါးကို အလှမွေးငါးအဖြစ် သတ်မှတ်လာကြပါတယ်။ ရွှေငါးတစ်ကောင် တန်ဖိုးက အမေရိကမှာ ၅ဒေါ်လာသာ ရှိပါတယ်။ ဒါပေမယ့် လူတွေက ငါးဒေါ်လာနဲ့ ဝယ်ပီး အိမ်မှာမွေးထားရင်း ကြီးလာတော့ ကန်တွေ ချောင်းတွေ မြောင်းတွေထဲ လွှတ်ကြပါတယ်။ ပြဿနာက အဲ့မှာ စကြတာပါပဲ။
ရွှေငါးတွေက သားပေါက်နှူန်း အရမ်းမြန်ပြီး ကြီးထွားနှူန်းလည်း အင်မတန် မြန်ပါတယ်။ ရွှေငါးအထီးနဲ့ အမတစ်စုံကို ချောင်းထဲ ပြန်လွှတ်လိုက်ရင် ဘာဖြစ်မလဲ ကြည့်ရအောင်။ ရွှေငါးတွေက အကုန်စားပါတယ်၊ ရေညှိ၊ အင်းဆက်ပိုးကောင်နဲ့  အခြား ငါးသေးလေးတွေလည်း အကုန်စားပါတယ်။ ပြောရမယ်ဆိုရင် ဘာမြင်မြင် ဘာဖြစ်ဖြစ် သူတို့ အကုန်စားပါတယ်။ သဘာဝဓါဏ်ကိုလည်း ကောင်းစွာ ခံနိုင်ရည်ရှိပါတယ်။ သူတို့ အကောင်ပေါက်များလေလေ၊ စားတာများလေလေ ကန်တွေ ချောင်းတွေက ညစ်ပတ်လာပါတယ်။ အဲ့အခါကျရင် တစ်ခြားတိရစ္ဆာန် အတွက်ပါ နေစရာမရှိလောက်အောင် ဖြစ်လာပါတယ်။ ရွှေငါးတွေက ငြိမ်ငြိမ်နေတဲ့ ငါးတွေ မဟုတ်ပါဘူး။ နေရာအနှံ့ လိုက်သွားပြီး သူတို့ ရဲ့  အင်ပါယာကို ချဲ့ ပါတယ်။
ရွှေငါးကောင် ကြီးကြီး တစ်ကောင်က လေးပေါင်အထိ ရှိပါတယ်။ ရွှေငါးတွေ များလာတာနဲ့ အမျှ ညစ်ပတ်မှူနှူန်းနဲ့  အခြား တိရစ္ဆာန်တွေ အတွက် နေစရာ နည်းလာလေလေ ဖြစ်လာပါတယ်။ နောက်တစ်ခုက ရွှေငါးတွေမှာ တခြားငါးတွေနဲ့  မတည့်တဲ့ ရောဂါတွေလည်း ရှိပါတယ်။ ဒါကြောင့် ရွှေငါးအများစုကို ငါးကန် သက်သက် ခွဲထားရပါတယ်။
ဒါဆို ရွှေငါးတွေကို မမွေးသင့်ဘူးလားလို့ မေးစရာ ရှိလာမှာပါ။ ရွှေငါးလေးတွေက ငါးကန်ထဲမှာဆို ချစ်စရာကောင်းပါတယ်။ မွေးမယ်လို့ စိတ်ကူးရှိရင် သေချာဂရုစိုက် မွေးစေချင်ပါတယ်။ အကောင်ကြီးလာလို့ ချောင်းထဲ လွှတ်တာတို့  မြစ်ထဲလွှတ်တာတို့  တော့ မလုပ်စေချင်ပါဘူး။ အခုဆို သြစတီးယားနိုင်ငံနဲ့  အခြားနိုင်ငံတွေမှာ ရွှေငါးပေါက်နှူန်း အရမ်းများလို့  ပြဿနာကြုံနေရပါတယ်။ ကမ္ဘာတစ်ဝှမ်းအနေနဲ့ ဆို ရွှေငါးအကောင်ပေါက်က မနည်းပါဘူး။ နောက်ဆုံးတစ်ခု ပြောရမယ်ဆိုရင် ရွှေငါးတွေက ဥာဏ်ကောင်းပါတယ်။ သူတို့ ကို ခွေးလေးတွေနဲ့ သင် ဆော့သလိုမျိုး တွေ သင်ပေးလို့ ရပါတယ်။ ဥပမာ သင့်လက် အပေါက်လေးက တစ်ဆင့် ကူးခိုင်းတာမျိုးတွေ သင်ပေးလို့ ရပါတယ်။ ပြီးတော့ ထူးခြားတာက သီချင်းတွေလည်း နားထောင်တတ်တာပါပဲ။ ဒါကြောင့် ရွှေငါးလေးတွေမွေးမယ်ဆို ဒီစာလေးကို သေချာဖတ်စေချင်ပါတယ်။
0 Comments