သင် ရေနွေးသောက်ပါသလား၊ ကော်ဖီတွေကို ဓါတ်ဗူးတွေထဲ ထည့်သောက်ပါလား။ ပထမဦးဆုံး ဆေးတဲ့အကြောင်းမပြောခင် ဓါတ်ဗူးတွေအကြောင်း ပြောပါရစေ။ ဈေးထဲက ဓါတ်ဗူးတွေက ဈေးအရမ်းပေါပြီး ကြာရှည်မခံပါဘူး။ အရည်အသွေးကောင်းတဲ့ ဓါတ်ဗူးတွေကို အသုံးပြုပါလို့ အကြံပေးပါရစေ။
အိုးခွက်ပန်းကန် စားသောက်စရာ အားလုံးကိုဆပ်ပြာနဲ့ ဆေးရတာတော့မှန်ပါတယ်။ နေရာတိုင်းကိုသက်ရောက်မှူမရှိပါဘူး။ ဓါတ်ဗူးတွေက နေရာကျဉ်းတာကြောင့် သေချာဆေးဖို့ လိုပါတယ်။ အကုန်လုံးကို ချွတ်ပြီး အရင် ဆပ်ပြာနဲ့ ဆေးပါ။ Brush နဲ့ သေချာ ပွတ်တိုက်ပါ။ ဆေးပီးရင် အခြောက်ခံထားပါ။ တစ်နည်းအားဖြင့် ရေစစ်ထားပါ။ အတော်ကြာလောက် ထားပြီးရင် ခြောက်သွေ့ လာတဲ့အခါ ဗီနီကာ ဇွန်းနှစ်ဇွန်း ဓါတ်ဗူးထဲ ထည့်ပြီးလှူပ်ပါ။ ဗူးဆေးတဲ့ တုတ်ထိုးတံနဲ့ ဆေးရင် ပိုကောင်းပါတယ်။ ပြီးရင် ရေနွေးအနည်းငယ်ထည့်ပါ။ လှူပ်ပါ။ ပြီးသွားရင် မှောက်ခုံမှောက်ထားပါ။ အဖုံးကိုလည်း ဗီနီကာနဲ့ ရေနွေးနဲ့ ဆေးဖို့ မမေ့ပါနဲ့ ။
ဒါဆိုရင် အနံ့ နံတဲ့ ပြဿနာကဝေးသွားမှာ ဖြစ်တယ်။ နောက်တစ်ခေါက်ထည့်မယ့် ကော်ဖီကို ဇိမ်ရှိရှိ အနံ့ မွှေးမွှေးနဲ့ သောက်နိင်မှာပါ။ အမြဲဒီလိုဆေးရမယ်တော့ မဟုတ်ပါဘူး။ တစ်လကို သုံးကြိမ်လောက် အနည်းဆုံး ဆေးသင့်ပါတယ်။
0 Comments