အခုပြောပြမယ့် အကြောင်းအရာက ရည်ရွယ်ချက်ရှိရှိ ငွေဖြူငွေမဲပြောင်းအောင် ပြောပြတဲ့နည်းလမ်းမဟုတ်ပါဘူး။ ဗဟုသုတရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရန်ရှောင်ရန် အချက်တွေကို ပညာပေးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးသားခြင်းဖြစ်ပါတယ်။
ငွေမဲဆိုတာက တရားမဝင် လုပ်ငန်းတွေကလာတဲ့ ပိုက်ဆံတွေဖြစ်ပါတယ်။ ဒီထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်း၊ လက်နက်များတရားမဝင်ရောင်းချခြင်း၊ ဌာနဆိုင်ရာ ရုံးတွေမှာ လဘ်ယူလာဘ်စားလုပ်ခြင်းတွေ ပါဝင်ပါတယ်။ ဒီလိုရလာတဲ့ငွေတွေကို ဘဏ်မှာ သွင်းလို့မရပါဘူး။ ဘာလို့လဲဆိုတော့ အစိုးရက စောင့်ကြည့်နေပြီး ချက်ချင်း ထောင်ထဲရောက်သွားနိုင်လို့ပါပဲ။ ဒီတော့ ငွေဖြူအဖြစ် သင်ပြောင်းမှ ဒီငွေတွေကို သင်ကောင်းကောင်းသုံးစွဲနိုင်မှာဖြစ်ပါတယ်။
ပထမဆုံးနည်းလမ်းက Company တွေထောင်တာပါပဲ။ Company တွေထောင်တဲ့နေရာမှာ လိုအပ်တာကို အစစအရာရာ ဝန်ဆောင်မှုပေးတဲ့ Company တွေရှိပါတယ်။ ဥပမာ နိုင်ငံကို အခွန်ဘယ်လောက်ပေးဖို့လိုလဲ၊ Service Comapany ကို အခွန်ဘယ်လောက်ပေးရမလဲ စသဖြင့် စာရွက်စာတမ်းတွေကအစ တာဝန်ယူပေးတဲ့ company မျိုးရှိပါတယ်။ ဒါပေမယ့် တစ်ခု ရှိပါတယ်။ သင်ထောင်မယ့် Company မျိုးက ကြိုက်တဲ့နိုင်ငံမှာ ထောင်လို့မရပါဘူး။ Switzerland, Delaware, Cayman Islands နဲ့ Nevada နေရာမျိုးတွေမှာတော့ သင့် Company ကိုထောင်လို့ရပါတယ်။ ဒီလိုလုပ်နိုင်ဖို့ကလည်း သင့်နောက်ခံ Background ကိုဂရုမစိုက်ပဲ ပိုက်ဆံလာထားရင် ကျေနပ်တဲ့ bank မျိုးတွေရှိပါတယ်။ ဒီလို banks တွေက သင်စလှုပ်ရှားတာကိုတွေ့တာနဲ့ သင်နဲ့ လာပူးပေါင်းပါလိမ့်မယ်။
နောက်တစ်နည်းက stock market မှာ ငွေကစားနည်းပါ။ ဒီလိုကစားတာမျိုးကို Mirror Trading လို့လည်းခေါ်ပါတယ်။ ပထမဆုံး သင် share တွေကို ငွေမဲနဲ့ ဝယ်ပါမယ်။ ပြီးရင် amount တူတူ တန်ဖိုးတူတူနဲ့ပဲ share တွေကို အခြားနိုင်ငံမှာပြန်ရောင်းပါမယ်။ ဒီလိုလုပ်တဲ့အခါမှာ အခြားနိုင်ငံမှာရှိတဲ့ ကိုယ့်လူကပဲ ရှယ်ယာတွေကို ပြန်ဝယ်တာကြောင့် ပိုက်ဆံ လွှဲပြောင်းတဲ့အခါမှာ ငွေဖြူတွေပုံစံနဲ့ ပြန်ဝင်လာပါတယ်။
Casino နည်းကိုလည်း အသုံးပြုနိုင်ပါသေးတယ်။ Casino မှာ လောင်းကစားလုပ်ဖို့အတွက် Casino က ငွေတွေကို ပိုက်ဆံနဲ့ ပေးချေပြီး ဝယ်ပါ။ ဝန်ထမ်းနဲ့ Casino Manager အချို့ကို သင်ပေါင်းထားဖို့လိုပါတယ်။ ပြီးမှ Casino မှာပိုက်ဆံ အများကြီးနိုင်သွားတဲ့ပုံစံနဲ့ ငွေမဲတွေကို ငွေဖြူအဖြစ် စာရင်းပြောင်းလိုက်ပါ။
နောက်ဆုံးနည်းလမ်းကတော့ ငွေမဲလုပ်တဲ့လူတိုင်း သုံးတဲ့နည်းလမ်းဖြစ်ပါတယ်။ တပည့်အများကြီးမွေးပြီး ပိုက်ဆံတွေကို bank acc အမျိုးမျိုးနဲ့ နိုင်ငံတွေမှာ ထည့်ထားပါတယ်။ ဒီလိုလုပ်ဖို့က ယုံကြည်မှုလိုအပ်ပြီး သစ္စာဖောက်ရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ အချို့က အပြင်လူတွေကို တစ်ခါသုံး သုံးကြပါတယ်။ ပိုက်ဆံ ဘယ်လောက်သယ်သွားပေးရင် ဘယ်လောက် ရာခိုင်နှုန်းပေးမယ်ဆိုပြီး ငှားကြပါတယ်။
ငွေဖြူလုပ်တာ ဘယ်လိုပင် သပ်ရပ်ပါစေ၊ ဟာကွက်တွေက ရှိပါတယ်။ အပေါ်ကနည်းလမ်းတွေလုပ်ရင် လွတ်နိုင်တယ်ဆိုပေမယ့် ၉၀ ရာခိုင်နှုန်းက မသေချာပါဘူး။ တရားဥပဒေ ဘောင်အပြင်က လုပ်တဲ့အလုပ်မှန်သမျှက ကြာကြာမခံကြပါဘူး။
0 Comments