လူတော်တော်များများက ခေါင်းဆောင်လို့ ပြောလိုက်တာနဲ့  ထူးချွန်ပြီး နာမည်ကြီးတဲ့ လူတွေကိုပဲ စဉ်းစားတတ်ကြတာများပါတယ်။ တစ်ကယ်တမ်း ခေါင်းဆောင်ကောင်းဆိုတာက နာမည်မယူပဲ နောက်ကွယ်က အဖွဲ့ သားတွေကို ဦးဆောင်တတ်တဲ့လူမျိုးတွေကို ပြောခြင်းဖြစ်ပါတယ်။
၁။ ကိုယ်တိုင်စောင့်သိရမယ့် တာဝန်နဲ့  စည်းမျဉ်းစည်းကမ်းများ။
သင်ကိုယ်တိုင် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ဆိုရင် အခြားလူတွေကို ဦးဆောင် မသင်ကြားခင် သင်ကိုယ်တိုင် ခေါင်းဆောင်ကောင်းတစ်ယောက် ရှိရမည့် အဂါင်္ရပ်နဲ့  ညီရပါမယ်။ ကိုယ့်အဖွဲ့ သားတွေ အမှားလုပ်ခဲ့ရင်တောင် သူတို့ လုပ်ခဲ့တဲ့ ကောင်းတဲ့အရာလေးတွေကို တွေးပြီး ညင်ညင်သာသာ နားဝင်အောင် ပြောပြတတ်ရပါမယ်။ အမှားကို အမှားဆိုတာ လက်ခံအောင် ပြောပြတတ်ဖို့ အရေးကြီးပါတယ်။ သင်ကိုယ်တိုင်လည်း အမှားလုပ်ခဲ့ရင် အဖွဲ့ သားတွေကို တောင်းပန်တတ်ဖို့ လိုပါတယ်။
၂။ ဂုဏ်သိက္ခာရှိရှိ ကျရှူံးတတ်ရပါမယ်။
ခေါင်းဆောင်ဆိုတာလည်း လူပါပဲ။ တစ်ခါတစ်လေ အမှားကျူးလွန်တာရှိသလို ကိုယ်ဦးဆောင်တဲ့လုပ်ငန်းမှာ ကိုယ့်ကြောင့် မှားသွားတာမျိုးလည်း ရှိပါတယ်။ ကိုယ်က အမှားကိုကျူးလွန်ခဲ့တာဖြစ်ဖြစ် ကိုယ်ကဆုံးဖြတ်ချက် မှားသွားတာမျိုး ရှိတာဖြစ်ဖြစ် အဖွဲ့ သားတွေကို တောင်းပန်တတ်ဖို့ လိုပါတယ်။ ဒါမျိုးလုပ်မှ တစ်ကယ့်ခေါင်းဆောင်ကောင်း အရည်အချင်းရှိတယ်လို့  ခေါ်ပါတယ်။ ခေါင်းဆောင်ကိုယ်တိုင် တာဝန်အပြည့်ယူမှူရှိမှ အဖွဲ့ သားတွေကလည်း အမှားကျူးလွန်တဲ့အခါ အပြည့်အ၀တာဝန်ယူစိတ် ရှိလာမှာ ဖြစ်တယ်။
၃။ ဂရုစိုက်မှူ နဲ့  နားထောင်မှူ။
မည်သူပင်ဖြစ်စေ တစ်ခုခုပြောချင်တာမျိုးရှိလာတဲ့အခါမှာ သေချာနားထောင်ပေးပါ။ ဒီလို အလေ့အကျင့်မျိုးကို ခေါင်းဆောင်ကိုယ်တိုင်က လိုက်နာပေးဖို့ လိုပါတယ်။ ခေါင်းဆောင်ကိုယ်တိုင်က လိုက်နာကျင့်သုံးမှ တစ်ခြားလူတွေကလည်း လိုက်နာမှာ ဖြစ်ပါတယ်။ အဓိပ္ဗါယ်ကတော့ လူလူချင်း လေးစားမှူကို ဖော်ပြတာပါပဲ။ ဒီလိုလုပ်ခြင်းအားဖြင့် အဖွဲ့ ထဲမှာ အချင်းချင်း လေးစားမှူတွေ များလာပါလိမ့်မယ်။
၎။ အမြင်မျှဝေမှူ။
အလုပ်လုပ်တဲ့အခါတိုင်း တစ်ယောက်တည်း ဆုံးဖြတ်ချက်ချပြီး လုပ်တာထက် အဖွဲ့ တွေကို အမြဲခေါ်ပါ။ မတူညီတဲ့ ရှူထောင့်ပေါင်းစုံကလာတဲ့ အမြင်တွေကို နားထောင်ပါ။ မတူညီတဲ့ အကျိုးတွေကို ခံစားရပါမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အဖွဲ့ သားတွေကလည်း သူတို့ လုပ်တဲ့ အလုပ်ကို ယုံကြည်မှူ တိုးပွားလာပါလိမ့်မယ်။
၅။ အခက်အခဲတွေကို ရင်ဆိုင်ခြင်း။
အခက်အခဲဆိုတာမျိုးက ငွေရေးကြေးရေးဖြစ်ဖြစ် အခြားအကြောင်းအရာကြောင့် ဖြစ်ဖြစ် ကြုံလာတဲ့အခါမှာ သင်ကိုယ်တိုင်သာမက အဖွဲ့ သားတွေပါ ရင်ဆိုင်ဖို့ သတ္တိရှိနေဖို့ လိုပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တစ်ယောက်ကို တစ်ယောက် ကူညီတတ်တဲ့ စိတ်ကို ခေါင်းဆောင်ကိုယ်တိုင်က ပြသထားပြီး လိုက်နာဖို့ လိုပါတယ်။
၆။ ခေါင်းဆောင်ရဲ့ အရည်အသွေး။
အဖွဲ့ သားထဲမှာ တစ်ယောက်ဒုက္ခရောက်ရင် အဲ့ဒုက္ခက ခေါင်းဆောင်ရဲ့ ဒုက္ခလို့  ခံယူထားရပါမယ်။ သင်ဘယ်လောက်တော်တော် အရည်အချင်းပြည့်စုံနေပါစေ၊ ဒီလိုမျိုး စိတ်ထားမရှိရင်တော့ သင့်ကို အဖွဲ့ သားတွေက အပြည့်အ၀ လေးစားမှာ မဟုတ်ပါဘူး။
၇။ အခြားလူတွေကို ခေါင်းဆောင်ဖြစ်အောင် မွေးထုတ်ပေးခြင်း။
စီးပွားရေးနယ်ပယ်နဲ့  နိုင်ငံရေးနယ်ပယ်တွေက ခေါင်းဆောင်ကောင်းတွေက နောက်လိုက် အဖွဲ့ သားတွေကိုလည်း တစ်နေ့ ခေါင်းဆောင်ဖြစ်အောင် အရည်အချင်းတွေကို သင်ကြားပြသပေးပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် တစ်နေ့ သင် အဖွဲ့ အစည်းက ထွက်ခွာသွားရင်တောင် သင့်နာမည်က အမြဲကျန်ရစ်နေမှာပါ။
၈။ စိတ်ခံစားမှူကို နားလည်ခြင်း။
ခေါင်းဆောင်ကောင်းတွေက သူတို့ ကိုယ်တိုင်ရော အဖွဲ့ သားတွေရော လူဖြစ်ပြီး စိတ်ခံစားမှူကို အသားပေးကြတာကို ကောင်းကောင်းနားလည်ပါတယ်။ ဒါကြောင့် အဖွဲ့ သားတွေကြားမှာ ရင်းနှီးမှူရှိအောင် အလုပ်ကိုကြိုးစားချင်စိတ်ပေါက်အောင် စိတ်ခံစားမှူကို အမြဲကြည့်နေတတ်ပါတယ်။ ၀မ်းနည်းစရာရှိရင်လည်း တူတူဝမ်းနည်းပေးပြီး ၀မ်းသာစရာရှိရင်လည်း တူတူဝမ်းသာပေးတတ်ကြပါတယ်။ ဒီလိုလုပ်ခြင်းက အဖွဲ့ သားတွေက သူတို့ အပေါ် ခေါင်းဆောင်က ဂရုစိုက်တယ်လို့  ယုံကြည်စေပါတယ်။
၉။ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်း။
ခေါင်းဆောင်ဆိုတာက ပြဿနာပေါင်းစုံကို ရင်ဆိုင်ဖြေရှင်းရပါတယ်။ တစ်ခါတစ်လေ စိတ်ဖီးစီးမှူများလာတဲ့အခါမျိုးမှာ စိတ်ပိုင်းဆိုင်ရာရော ကိုယ်ပိုင်းဆိုင်ရာရော ဂရုစိုက်မှူလုပ်ပေးသင့်ပါတယ်။ ခရီးထွက်တာမျိုးဖြစ်ဖြစ်၊ အလုပ်ကို ခဏနားပြီး တရားထိုင်တာမျိုး ဖြစ်ဖြစ် အချိန်ပေးပြီး လုပ်သင့်ပါတယ်။
၁၀။ ပုံရိပ်ကြီးကြီးမြင်ခြင်း။
ခေါင်းဆောင်ကောင်းဆိုတာက ပုံရိပ်ကြီးကြီးကို မြင်တတ်ရပါမယ်။ ကိုယ်တိုင်ရော အဖွဲ့ သားတွေရော တစ်ချိန်မှာ တိုးတက်အောင်မြင်ရမယ့် ရည်ရွယ်ချက်ကို ဘာအခက်အခဲနဲ့ ရင်ဆိုင်ရ ရင်ဆိုင်ရ ဖြစ်အောင်လုပ်မယ့် စိတ်က ပြင်းပြနေရပါမယ်။ ဒီအချက်က အရေးကြီးဆုံး ရည်မှန်းချက်ပါပဲ။
ခေါင်းဆောင်ဆိုတာက လူတိုင်းဖြစ်ဖို့ လွယ်ပါတယ်။ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ ကတော့ အနည်းဆုံးတော့ အပေါ်ကအချက်တွေ ပြည့်စုံရပါမယ်။ ခေါင်းဆောင်ကောင်းတွေက လူသေသွားခဲ့ရင်တောင် နာမည်က ကျန်တဲ့လူတွေရဲ့ နှလုံးသားထဲမှာ အမြဲကျန်ရစ်နေပါတယ်။
0 Comments