fbpx

အမြဲနုပျိုနေအောင် ဘယ်လိုနေမလဲ?


0
227 shares
beautiful-life

အသက်ကြီးလာတာက လူတိုင်းကြုံတွေ့ ရမယ့်အရာဖြစ်တယ်။ နုပျိုမှူတွေ ပျောက်ပြယ်သွားမှာ ကြောက်တာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ plastic surgery တွေလုပ်စရာမလို သဘာဝနည်းလမ်းအတိုင်း နုပျိုမှူတွေ ကျန်ရစ်နေအောင် ကူညီပါရစေ။

၁။ မျက်နှာကို အမြဲနုပျိုနေအောင် ထားပါ။

ကိုယ့်မျက်နှာကို အသုံးပြုမယ့် မျက်နှာသစ်ဆပ်ပြာ ကို သေချာရွေးချယ်ပါ။ ဥပမာ အဆီပြန်တဲ့ မျက်နှာကို သေချာသန့်ရှင်းစင်ကြယ်အောင်လုပ်ပေးမယ့် မျက်နှာသစ်ဆပ်ပြာတို့ ၊ နောက် ကိုယ်နဲ့ မတည့်တဲ့ ဆပ်ပြာတို့ ကို အထူးရှောင်ရှားရပါမယ်။ သင်က မိန်းကလေးဖြစ်နေရင်တော့ မိတ်ကပ်မလိမ်းခင် ကို မျက်နှာ်အထူးသစ်ပါ။ မျက်နှာ မသစ်ပဲ မိတ်ကပ်လိမ်းရင်တော့ ချွေးနဲ့ ပေါင်းပြီး ထင်သလောက် မျက်နှာက ၀င်းပြီးလှပနေမှာ မဟုတ်ပါဘူး။

၂။ မျက်နှာကို အမြဲခြောက်သွေ့ နေအောင်မထားပါနဲ့ ။

မျက်နှာမှာ နို့ ရည်ဖြစ်ဖြစ် တစ်ခြားဟာဖြစ်ဖြစ် လိမ်းပေးပါ မျက်နှာသစ်ပီးတိုင်း။ ခြောက်သွေ့ တဲ့ မျက်နှာက ပိုပီးရင့်ရော်စေနိင်ပါတယ်။ အမျိုးသားများအတွက်လည်း လိမ်းစရာ မျက်နှာအတွက် နို့ ရည်တွေ လာပါတယ်။

၃။ အသားအရည်ကို ဂရုစိုက်ပေးပါ။

သင်ကိုယ်တိုင် နေပူထဲသွားလာနေရရင် သင်အသိဆုံးဖြစ်မှာပါ။ ဥပမာ နေပူထဲသွားလာနေရင် အသားမဲရုံသာမက အရည်ပြား ပျက်ဆီးမှူတွေပါဖြစ်လာနိင်ပါတယ်။ ဒါကြောင့် skin care တွေကိုလိမ်းပေးပါ။

၎။ မျက်နှာ သန့် ရှင်းရေး ပုံမှန်လုပ်ပေးပါ

မျက်နှာ်သန့် ရှင်းရေးလုပ်ရာမှာ မျက်နှာသစ်ရုံနဲ့ မပီးနိင်ပါဘူး။ သင်က ယောက်ျားလေးဖြစ်ရင် မုတ်ဆိတ်မွေးနဲ့ နှူတ်ခမ်းမွေးတွေကို မကြာခဏ ရှင်းပေးပါ။ မုတ်ဆိတ်မွေးနဲ့ နှူတ်ခမ်းမွေးတွေ များနေခြင်းက သင့်ကို ရုပ်ပိုရင့်သွားအောင် လုပ်ပေးနိင်တာကြောင့်ဖြစ်တယ်။ မိန်းကလေးတွေဆို မျက်ခုံးမွေးကို ထူထူလေးဆိုးပေးပါ။ အသက်ကြီးလာတာနဲ့ အမျှ မျက်ခုံးမွေးတွေက ပိုပါးလာတတ်တာကြောင့်ဖြစ်တယ်။

၅။ သွားသန့် ရှင်းရေး သေချာလုပ်ပါ။

သင်က ယောက်ျားလေးဖြစ်ပြီး ကွမ်းစား ဆေးလိပ်သောက်ရင်တော့ ရုပ်ရင့်ဖို့ ပိုသေချာပါတယ်။ ဖြစ်နိင်ရင် ကွမ်းယာဆေးလိပ် ဖြတ်တာက သင့်ကျန်းမာရေးအတွက်ပါ များစွာ အထောက်အကူဖြစ်ပါတယ်။

၆။ ဆံပင် အရောင် ပြောင်းပါ။

ဆံပင်ကို နီကြောင်ကြား အရောင်ပြောင်းခိုင်းတာ မဟုတ်ပါဘူး။ ခဲနုရောင် သို့ မဟုတ်
ခဲရင့်ရောင်ကို ဆိုးပါ။ သင့်ရဲ့ ပုံစံပြောင်းလဲနိင်ပြီး စိတ်သစ်လူသစ်ပါဖြစ်လာနိင်ပါတယ်။

၇။ ၀တ်စားဆင်ယင်မှူကို ပြောင်းလဲပစ်ပါ။

လူမှာအ၀တ်ဆိုတဲ့အတိုင်း သင်ဝတ်နေကျ အ၀တ်အစားတွေက ပုံမှန်ဝတ်နေကျဆိုရင်တော့ သင့်ရဲ့ အမြင်တွေကလည်း ဟောင်းနေနိင်ပါတယ်။ ဒါကြောင့် အ၀တ်အစား ဒီဇိုင်းအသစ်တွေကို ပြောင်းလဲဝတ်ဆင်ကြည့်ပါ။ အရောင်လင်းလင်းဖြစ်တဲ့ အ၀တ်အစားတွေကို ဦးစားပေးဝတ်ဆင်ပါ။

၈။ လေ့ကျင့်ခန်းလုပ်ပါ

Gym သွားပီးလေ့ကျင့်ခန်းလုပ်စရာ မလိုပါဘူး။ အိမ်မှာနေပီး လှူပ်လှူပ်ရှားရှား အားကစား တစ်ခုခု လုပ်ရင် သင့်အတွက်လုံလောက်ပါပီ။ ဥပမာ Yoga နဲ့ အိပ်ထမတင် လေ့ကျင့်ခန်း လုပ်ရင်သင့်အတွက် လုံလောက်ပါတယ်။ ရေများများသောက်ဖို့ လည်း မမေ့ပါနဲ့ ။

၉။ အစားအသောက် ပုံမှန်စားပါ

အစားအသောက်မှာ အဆီတတ်စေတဲ့ အစားအသောက်တွေကို ရှောင်ရှားပါ။ ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအသောက်ကို ပိုစားပါ။ နုပျိုခြင်းရဲ့ သော့ချက်လည်းဖြစ်ပါတယ်။

၁၀။ များများအိပ်စက်အနားယူပါ။

သင့်ရဲ့ အိပ်ချိန်ကို ယခင်ထက် ပိုပီးအချိန်ပေးပါ။ များများအိပ်ခြင်းက သင့်ကိုပင်ပန်းနွမ်းနယ်မှူတွေ ပြေပျောက်နိင်စေပြီး နုပျိုမှူကို ပိုအထောက်အပံ့ပေးနိင်မှာ ဖြစ်လို့ပါ။


Like it? Share with your friends!

0
227 shares

What's Your Reaction?

angry angry
1
angry
lol lol
0
lol
omg omg
0
omg
fail fail
0
fail
geeky geeky
0
geeky
love love
4
love
wtf wtf
1
wtf
Share mal

0 Comments

Your email address will not be published. Required fields are marked *

Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Countdown
The Classic Internet Countdowns
Open List
Submit your own item and vote up for the best submission
Ranked List
Upvote or downvote to decide the best list item
Meme
Upload your own images to make custom memes
Video
Youtube, Vimeo or Vine Embeds
Audio
Soundcloud or Mixcloud Embeds
Image
Photo or GIF
Gif
GIF format