fbpx

အပျော်တမ်းVideo ရိုက်ရန် အကောင်းဆုံး Camera သို့မဟုတ် GroProHero 7


0
8 shares

သင်videoကို ဘာနဲ့ ရိုက်ပါသလဲ။ ဖုန်းနဲ့ ဒါမှမဟုတ် ကင်မရာကြီးတွေကိုင်ရိုက်ပါလိမ့်မယ်။ ပူပူနွေးနွေးမိတ်ဆက်လိုက်တဲ့ GoProHero7 အကြောင်းသင်ကြားချင်ကြားပါလိမ့်မယ်။ အရင်မိတ်ဆက်ခဲ့တဲ့ hero seriesတွေနဲ့ ယှဉ်ရင် တော်တော်လေးတိုးတက်လာပါတယ်။ သင်youtubeကြည့်ဖူးရင် သိပါလိမ့်မယ်။ Youtube starဖြစ်တဲ့ နေကာမျက်မှန်နဲ့ CaseyNeistat ကတော့ GoProHero7ကို ထုတ်လုပ်ခဲ့တဲ့ founder ကိုယ်တိုင်နဲ့ ကို စမ်းသပ်သွားပါတယ်။ GoProHero7 Founderကြီးကတော့ Caseyကိုဒီလိုပြောသွားပါတယ်။ ဒီနေ့ ခေတ်ထိ camera အကြီးကြီးကိုင်ပြီးရိုက်နေတာ သူနားမလည်ဘူးတဲ့။ အဖြေကတော့ GoProHero 7က 4KVideo တွေအထိရိုက်နိုင်နေလို့ ပါပဲ။ ဒါ့အပြင်သင်က facebook live တစ်ချိန်လုံးလွှင့်တဲ့လူဆိုရင်တော့ ကွက်တိပါပဲ။ Live ကိုတစ်ခါတည်း လွှင့်ရင်းရေထဲမှာစိမ်နေလို့ ရပါတယ်။ အမြန်လှူပ်ရှားမှူ Timelapseကိုလည်းရိုက်လို့ ရပါတယ်။ ဒါ့အပြင်သင်က လက်ညောင်းလို့ အသံနဲ့ အမိန့် ပေးပြီး စေခိုင်းလို့ ရတဲ့ functionတွေလည်း ပါပါတယ်။ ဘက်ထရီကလည်း တာရှည်ခံပြီး ဗီဒီရိုတွေစိတ်ကြိုက်ရိုက်လို့ ရပါတယ်။ အသံပိုင်း recording ကလည်း တော်တော်လေးကြည်လင်ပြတ်သားတဲ့အသံရပါတယ်။ ရေအောက်ထဲမှာရိုက်ရင်တော့ အသံကလုံးနေပါတယ်။ ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်ပြီး အလိုအလျောက်ကင်မရာကို ငြိမ်အောင် ထိန်းထားပေးတဲ့functionကလည်း တော်တော်လေးကိုအဆင်ပြေပါတယ်။

ဈေးနှူန်းအကြောင်းလေးပြောကြည့်ရအောင်။ US$400 ဆိုတဲ့အတိုင်းအတာက နည်းလည်းမနည်းသလို များလည်းမများပါဘူး။ သင်ကခရီးသွားတဲ့လူတစ်ယောက် ဒါမှမဟုတ် outdoorတစ်ချိန်လုံးထွက်နေတဲ့လူဆို ဒါလေးတော့ဝယ်ထားသင့်ပါတယ်။ ကားစီးနေရင်ဖြစ်ဖြစ်၊ လှေလှော်နေရင်ဖြစ်ဖြစ်၊ ရေကူးနေရင်ဖြစ်ဖြစ်၊ နောက်ဆုံးစက်ဘီးစီးနေရင်တောင် ရင်ဘတ်မှာချိတ်ထားလိုက်ရင် တော်တော်လေးအဆင်ပြေနေပါပြီ။ အင်တာနက်ပေါ်က reviewဆရာသမား တော်တော်များများကတော့ ကောင်းတယ်၊၀ယ်သင့်တယ် ပြောပါတယ်။ ဟုတ်ပါပြီ ဒါဆိုရင်အခုလက်မှာကျွန်တော်တို့ ကိုင်ထားတဲ့ smartphoneတွေကရော ဆိုတဲ့မေးခွန်းကို မေးကြည့်ရအောင်။

သင်ကိုင်ထားတဲ့ smartphoneက ရေစိုခံလား၊ hdကောင်းကောင်းရိုက်လို့ ရလား အရင်မေးပါ။ iPhoneX လိုကင်မရာရှယ်ကောင်းတဲ့ ဖုန်းသင့်မှာရှိရင် Goprohero7 ၀ယ်ဖို့ သင်စဉ်းစားပါ။ ဒါမှမဟုတ်ကင်မရာက သင်စိတ်ကြိုက်မဟုတ်တဲ့ဖုန်းဖြစ်နေရင်တော့ ၀ယ်လိုက်ပါ။ videoရိုက်တဲ့ vloggersတိုင်းတော့ ၀ယ်သင့်တဲ့ပစ္စည်းတစ်ခုပါပဲ။ US$400 ဆိုတဲ့အတိုင်းအတာက ဒီနေ့ smartphone ကောင်းကောင်းထဲက အသစ်ပေါ်တဲ့ Pocophone တစ်လုံးသင်ပိုင်ဆိုင်နိုင်ပါတယ်။ ရွေးချယ်မှူကတော့ သင့်အပေါ်မူတည်ပါတယ်။ ပစ္စည်းအသစ်တွေကတော့အမြဲ ထွက်နေအုံးမှာပါ။ ထွက်တိုင်းသာဝယ်နေရရင်တော့ သင့်ရဲ့ ပိုက်ဆံအိတ်ကလည်း ခြောက်သွေ့ နေမှာပါ။ ဒါကြောင့် ပစ္စည်းတစ်ခုမ၀ယ်ခင် သေချာစဉ်းစားပေးစေချင်ပါတယ်။ Reviewလုပ်တိုင်းလည်း ကောင်းချင်မှကောင်းမှာပါ။ ကိုယ်နဲ့ အသုံးမတည့်ရင်လည်း ပိုက်ဆံကုန်သွားတာပဲအဖတ်တင်မှာပါ။
စာဖတ်သူအားလုံး လိုချင်တာတွေပိုင်ဆိုင်ကြပါစေလို့ ဆန္ဒပြုရင်း…


Like it? Share with your friends!

0
8 shares

What's Your Reaction?

angry angry
0
angry
lol lol
0
lol
omg omg
0
omg
fail fail
0
fail
geeky geeky
0
geeky
love love
0
love
wtf wtf
0
wtf
Share mal

0 Comments

Your email address will not be published. Required fields are marked *

Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Countdown
The Classic Internet Countdowns
Open List
Submit your own item and vote up for the best submission
Ranked List
Upvote or downvote to decide the best list item
Meme
Upload your own images to make custom memes
Video
Youtube, Vimeo or Vine Embeds
Audio
Soundcloud or Mixcloud Embeds
Image
Photo or GIF
Gif
GIF format