အသက်အရွယ် ဘယ်လောက်ရောက်ရောက် သူငယ်ချင်းအရေအတွက်က နည်းနည်းသွားတတ်ကြပါတယ်။ သက်လတ်ပိုင်းရောက်တဲ့အခါ သူငယ်ချင်းအသစ်တွေရဖို့ ထက် ရှိပြီးသား သူငယ်ချင်းတွေပါ ပျောက်သွားတတ်ပါတယ်။ ဒါကလည်း လူ့ သဘာဝပါပဲ။ အထူးသဖြင့် အသက်လေးဆယ်နောက်ပိုင်းမှာ လူတွေက မိသားစု တာဝန်တွေနဲ့  အလုပ်တွေရှူပ်နေကြချိန်မှာ သူငယ်ချင်းတွေဆိုတာ ပျောက်သွားတတ်ကြပါတယ်။

၁။ လူတွေက ကိုယ့်မိသားစုနဲ့ ကိုယ်ရှူပ်နေတတ်ကြပါတယ်။
အသက်လေးဆယ်ကျော်လူတွေမှာ အများအားဖြင့် သားသမီးတွေရှိတဲ့အခါ သူတို့ သားသမီးတွေ အသက်က ဆယ်ကျော်သက်တွေ ဖြစ်နေပါတယ်။ ဆယ်ကျော်သက် ဖြစ်တဲ့အတွက် မိဘတွေက အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီလိုအခါမျိုးမှာ သူငယ်ချင်းတွေဆိုတာထက် သားသမီးအရေးက ပိုအရေးကြီးသွားတတ်ပါတယ်။
၂။ လူတွေရဲ့ လူမှူဆက်ဆံရေးတွေက အသက်သုံးဆယ်ကျော်ပြီးရင် ပြောင်းလဲသွားတတ်ပါတယ်။
အသက်သုံးဆယ်နားလောက် ရောက်တဲ့အခါမှာ လူတိုင်းနဲ့ ပေါင်းဖို့ က မလွယ်ကူတော့ပါဘူး။ ကိုယ်စိတ်ဝင်စားတဲ့အရာ၊ ၀ါသနာတူတဲ့လူတွေနဲ့ ပဲ တွဲသွားတွဲလာ လုပ်လာတာများပါတယ်။

၃။ တစ်ယောက်တည်းနေရတာကို ပိုကြိုက်လာကြပါတယ်။
လူငယ်လိုမဟုတ်တဲ့အတွက် တက်တက်ကြွကြွလုပ်ချင်ကိုင်ချင်စိတ်က နည်းလာပါတယ်။ ငယ်ငယ်က ကဲလွန်းတဲ့ ကိုကို၊မမတွေက အသက်လေးဆယ်ကျော်ဆို ငြိမ်သွားတတ်ကြပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ ပညာရပ်တစ်ခုခုကို လေ့လာရင်း အချိန်တွေကုန်ဆုံးသွားတတ်ကြပါတယ်။
၎။ အသက်ကြီးလာလေလေ သူငယ်ချင်းဖွဲ့ ဖို့ အကြောင်းပြချက်က ပိုလိုလာပါတယ်။
အရင်တုန်းကလို သူငယ်ချင်းဆိုတာ အကြိုက်တစ်ခုတူတာနဲ့  သူငယ်ချင်းဖြစ်သွားတာမျိုး နည်းလာပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ စဉ်းစားတဲ့အရာတွေ များလာပါတယ်။ သူငယ်ချင်းဖွဲ့ မယ်ဆိုရင်တောင် ရွယ်တူတွေကို မစဉ်းစားတာများပါတယ်။ ဒါကြောင့် တစ်ချို့ လူကြီးအများစုကို လူငယ်တွေနဲ့ ပေါင်းလာတာကို တွေ့ ရပါတယ်။
၅။ အသက်ကြီးလာတာနဲ့ အမျှ လူတိုင်းနဲ့ ပေါင်းသင်းတာကို ဘ၀င်မကျ ဖြစ်လာပါတယ်။
တွေ့ သမျှလူတိုင်းမှာ ပြစ်ချက်တွေကို သင်မြင်လာပါတယ်။ ဒီလိုဖြစ်လာတဲ့ အကြောင်းရင်းကလည်း အသက်ကြီးလာလို့ အတွေ့ အကြုံရင့်ကျက်လာတာ ဖြစ်ပါတယ်။ အထူးသဖြင့် ရွယ်တူဆို သူငယ်ချင်းလုပ်ဖို့ သင် မနည်းစဉ်းစားလာပါတယ်။ အများကြီးလည်းတွေးလာပါတယ်။
အချုပ်ပြောရမယ်ဆိုရင် သင်က အသက်အလတ်ပိုင်းကို ရောက်လာတဲ့အတွက် နေတာထိုင်တာတွေက ဆင်ခြင်လာပါတယ်။ အသက်တစ်နှစ်ကြီးလာလေလေ လုပ်ရမယ့်အရာတွေက များလာလေလေပါပဲ။ တစ်အားကြီးမွန်းကြပ်လာတဲ့အခါ ထွက်ပေါက်ရှာတတ်ပါတယ်။ ဒီလိုအချိန်မျိုးကျရင် အရင်တုန်းက ပေါင်းခဲ့တဲ့ သူငယ်ချင်းတွေလည်း ပတ်ဝန်းကျင်အသစ်မှာ နေသားကျနေပါတယ်။ အထီးကျန်မှူက သင့်သူငယ်ချင်းအသစ်မဖြစ်သေးခင် လက်ရှိကိုယ်ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ လက်တွဲမပြုတ်အောင် ကြိုးစားနေပါ။
0 Comments