fbpx
အလုပ်အသစ်ပြောင်းတဲ့အခါ Cover Letter ကို ဘယ်လိုရေးမလဲ။
0
77 shares
အလုပ်တစ်ခုက တစ်ခုကို ပြောင်းတဲ့အခါမှာ Cover Letter က အရေးကြီးပါတယ်။  Impression ကောင်းအောင် စာတွေ အများကြီးရေးဖို့ လည်း မလိုအပ်ပါဘူး။ အခြားလူတွေရေးသလိုလည်း ထပ်တူကျစရာ မလိုပါဘူး။  အခုပြောပြမယ့် အချက်လေးချက်ကို ဖတ်ပြီး Cover Letter ကောင်းကောင်း တစ်စောင် ရေးလိုက်ပါ။
၁။ ဘာကြောင့်ဆိုတာကို သိနေပါစေ။
  • ဘယ်အရာက သင့်ကို အလုပ်သစ်မှာ ပျော်စေမှာလဲ။
  • ကိုယ့်ဘ၀ပြောင်းလဲဖို့  ဘယ်လို အလုပ်ကို လုပ်မှာလဲ။
  • အခုချိန်မှာ ကိုယ့်အတွက်က ဘာအရေးကြီးလဲ။
  • အလုပ်အသစ်ကို တစ်ကယ် ပြောင်းချင်စိတ် ရှိနေပြီလား။
  • အလုပ်မှာ စိတ်ကျေနပ်ဖို့ ကိုယ့်အတွက် ဘာတွေလိုအပ်လဲ။
  • အခုလက်ရှိလုပ်နေတဲ့ အလုပ်ကို ဘာကြောင့် မကြိုက်တာလဲ။
အပေါ်က ပြောပြခဲ့တဲ့ မေးခွန်းတွေအတွက် သင့်မှာ အဖြေရှိနေဖို့ လိုပါတယ်။ ဒါမှ သင် cover letter  ဆက်ရေးသင့်ပါတယ်။
၂။ မိတ်ဆက်ခြင်း (ဒီ Cover Letter ကို သင်ဘာကြောင့်ရေးနေရတာလဲ)။
အလုပ်ခေါ်စာကို သင်ဘယ်မှာတွေ့ ခဲ့တာကြောင့် ဒီ positon ကို လျှောက်ရခြင်းဖြစ်တယ်။ ဒါမှမဟုတ် သင်လုပ်မယ့်အလုပ်သစ်ထဲမှာ ဘယ်သူနဲ့ သင် သိတာကြောင့် လာလျှောက်ရခြင်းဖြစ်တယ်။
ဥပမာ- I am applying for the role of Client Engagement Manager posted on (—-). Please find attached relevant career experiences on my resume.
၃။ အလုပ်ရှင်ကို ဖြောင်းဖျခြင်း။ (သင်က ဒီရာထူးအတွက် ဘာလို့ အသင့်တော်ဆုံး ဖြစ်လဲဆိုတာ)
ရိုးရိုးသားသားပုံစံနဲ့ ရေးပါ။ အရင်က လုပ်ခဲ့တဲ့အလုပ်တွေကို အကုန်ရှင်းပြပါ။ ပြီးရင် သင်က အခြားလူတွေနဲ့ မတူညီပဲ သင်လုပ်နိုင်တဲ့အရာတွေကို ရှင်းပြပါ။
ဒီလိုရှင်းပြတဲ့အခါမှာ Cover Letter ထဲမှာ ရေးတဲ့စာက resume ထဲမှာ ရေးထားတဲ့စာတွေထက် တိုတိုနဲ့  စိတ်ဝင်စားစရာကောင်းဖို့ အရေးကြီးပါတယ်။
ရေးတဲ့ ဥပမာပုံစံတွေက I have been working as a supervisor for over 7 years. In efforts to develop my career in a new direction, I have invested more time in learning new skills outside the company. This includes volunteering in mini project and attending workshops. Now, I think it’s time to apply my new skill on (——–) position.
၎။ အရေးကြီးဆုံးအပိုင်း။
Cover Letter ကို တစ်မျက်နှာထက် ပိုမရေးပါနဲ့ ။ လိုရင်းတိုရှင်းနဲ့ အကောင်းဆုံး ဖြစ်ဖို့ အရေးကြီးပါတယ်။ English လိုပဲရေးရတာကြောင့် English အပိုင်းအားနည်းရင်လည်း အဆင်မပြေပါဘူး။ Sample တွေကိုတော့ google မှာ ရှာပြီး ဖတ်နိုင်ပါတယ်။  
Like it? Share with your friends!
0
77 shares
What's Your Reaction?
angry angry
0
angry
lol lol
0
lol
omg omg
1
omg
fail fail
0
fail
geeky geeky
0
geeky
love love
0
love
wtf wtf
0
wtf
Win Thet Oo
0 Comments
Your email address will not be published. Required fields are marked *
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Countdown
The Classic Internet Countdowns
Open List
Submit your own item and vote up for the best submission
Ranked List
Upvote or downvote to decide the best list item
Meme
Upload your own images to make custom memes
Video
Youtube, Vimeo or Vine Embeds
Audio
Soundcloud or Mixcloud Embeds
Image
Photo or GIF
Gif
GIF format