တစ်နေ့ တစ်နေ့  ကွန်ပျူတာရိုက်၊ ဟိုပြေးဒီပြေးနေရတဲ့ လူတွေအတွက် ဗိုက်က သူများထက်ပိုဆာတတ်ပါတယ်။ ဒါကဘာလို့ လဲဆိုတော့ ဦးနှောက်ကို အသုံးချပြီး လုပ်လေလေ ဗိုက်ကပိုဆာလေလေပါပဲ။ ကားတစ်စီးအတွက် ဆီနဲ့ အင်ဂျင်ဝိုင် ကောင်းကောင်းလိုအပ်သလို ကုန်ခမ်းသွားတဲ့ကျွန်တော်တို့ စွမ်းအားအတွက် ပြန်လည်ဖြည့်တင်းပေးမယ့် အာဟာရလည်းကောင်းကောင်းလိုအပ်ပါတယ်။ အလွယ်တကူ ပြုလုပ်နိုင်ပြီး အစာအာဟာရလည်း ကောင်းကောင်းဖြည့်ဆည်း ပေးနိုင်မယ့် အစားအသောက်တွေအကြောင်း ပြောပြပါမယ်။
၁။ သခွားသီး Sandwich
သခွားသီး Sandwichကိုလုပ်ရင် လိုအပ်တဲ့အရာတွေက သခွားသီးရယ်၊ အသားပြားရယ်၊ သွားကြားထိုးတံအနည်းငယ်ရှိရင် ရပါပြီ။ သခွားသီးက ရေဓါတ်နဲ့  ပရိုတိန်း ဓါတ်ကြွယ်တဲ့အတွက် အလွယ်တကူဗိုက်ပြန်ဆာဖို့ က မဖြစ်နိုင်ပါဘူး။
၂။ တူနာ Salad သခွားသီး
သခွားသီး ပြန်လာပြီလားလို့  မေးချင်စရာဖြစ်ပါလိမ့်မယ်။ ဟုတ်ပါတယ်၊ သခွားသီးဆိုတာ ဘာနဲ့ စားစား အလိုက်ဖက်ဆုံး အစားအသောက်ဖြစ်ပြီး ငါးပိနဲ့ တို့  စားရင်တောင် လိုက်ဖက်တဲ့ အစားအသောက်ဖြစ်ပါတယ်။ သခွားသီး နဲ့ တူနာငါးနဲ့  တွဲစားတာက သင့်ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေကို ပိုမိုကောင်းမွန်စေပြီး အစာလည်းခံတာကြောင့် ဗိုက်ဆာလွယ်တဲ့ လူတွေအတွက် ရွေးချယ်စရာ အစားအသောက်အနေနဲ့  မှတ်ထားသင့်ပါတယ်။ ဒါနဲ့ မှ မလုံလောက်သေးရင် နောက်ထပ်ဘာတွေ ရှိသေးလဲဆိုတာ ဆက်ကြည့်ရအောင်။
၃။ ပန်းသီး ကွတ်ကီး
နာမည်ကတော့ ထူးထူးဆန်းဆန်းဖြစ်နေပါမယ်။ သာမန်စားနေကျ အစားအသောက်နဲ့  ကွဲပြားနေပြီး အစားအသောက်က ဗိုလ်ဆန်နေလို့ ပဲ ဖြစ်ပါတယ်။ သူ့ ကိုလုပ်ရတာလည်း လွယ်ပါတယ်။ ပန်းသီးကို ပါးပါးလေးတွေ လှီးပြီး Nutella သုတ်လိမ်းပါ။ ပြီးရင်တော့ သင်ကြိုက်တဲ့ မြေပဲတွေ အဆံတွေ ဖြူးပြီး စားကြည့်ပါ။ ကျန်းမာရေးနဲ့  ညီညွတ်သလို အမြဲဗိုက်ဆာတတ်တဲ့ ရောဂါကိုလည်း ပျောက်စေနိုင်ပါတယ်။
၎။ Pudding (ပူတင်း)
ပူတင်းကတော့ အကျယ်တ၀င့်ရှင်းပြစရာ မလိုတော့ပါဘူး။ အိမ်မှာပူတင်းပေါင်းပြီး ဗူးလေးနဲ့ အလုပ်ကို သယ်လာလိုက်ရင် ကော်ဖီနဲ့ တောင် လိုက်ဖက်နေပါတယ်။ တစ်ခုတော့ ရှိပါတယ်။ သင့်အလုပ်ထဲက လူတွေက လက်ကြီးရင် ဖွက်ပြီးစားပါ။ သင့်အတွက် မကျန်ရင်လည်း ဟာတာတာနဲ့  သင်ကျန်နေတတ်ပါတယ်။ ရုံးမှာ ပူတင်းမကြိုက်တဲ့ လူဆိုတာမရှိပါဘူး။ ဒါကြောင့် သတိထားပြီး စားပါ။
၅။ မုန့် လာဥနီဖျော်ရည် (သို့ ) ခါကြက်ဥ
မုန့် လာဥနီဖျော်ရည်က သွေးလည်ပတ်မှူအတွက်အထူး ကောင်းမွန်တဲ့ဆေးတစ်ခွက် ပါပဲ။ အိမ်မှာကြိတ်ပြီး အလုပ်ကိုယူလာပြီး သောက်တာက တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေရတဲ့ လူတွေအတွက် အထူးကောင်းမွန်ပါတယ်။ ခါကြက်ဥ ဆိုတာက ပုဂံသားတွေနဲ့  ပုဂံရောက်ဖူးတဲ့ လူတွေပိုသိပါတယ်။ ခါကြက်ဥကို ထမင်းနဲ့  တွဲစားလည်း အဆင်ပြေပြီး ဒီအတိုင်းသက်သက် စားလည်းအရသာ အလွန်ရှိပါတယ်။
၆။ ထောပတ်သီးနဲ့  ဘဲဥပြုတ်
ဒီလိုအစားအသောက်ကို သင်မစားဖူးသေးရင် ခေတ်မမှီသေးပါဘူး။ ဘဲဥပြုတ်ကို ပါးပါးလေးလှီးပြီး ထောပတ်သီးတွေနဲ့ ရောနယ်ပါ။ ခရမ်းချဉ်သီးအနီနဲ့  ငရုတ်ကောင်း ဖြူးဖို့ တော့ မမေ့ပါနဲ့ ။ ဒီလိုမျိုး အစားအသောက်က ညနေခဏ အနားယူတဲ့ အချိန်တွေအတွက် အထူးကောင်းမွန်တဲ့ Snack အမျိုးအစား ဖြစ်ပါတယ်။
အခုပြောပြတဲ့ အစားအသောက်တွေက အလုပ်မှာဗိုက်ဆာရင် အစာပြေစားနိုင်တဲ့ Snacks အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ အိမ်မှာအလွယ်တကူ လုပ်ပြီးဗူးလေးနဲ့  အလုပ်ကို ထည့်သွားရင်လည်း မျက်နှာတော်တော်ရမယ့် အစားအသောက်မျိုးပဲ ဖြစ်ပါတယ်။
0 Comments