သေဘာၤသီး အေစ့ကို စားဖူးႀကပါလား။ ဆေးဘက်ဝင်တာရော ကြားဖူးပါလား။ ပထမဦးဆုံး စားမယ်ဆိုရင်တော့ အများကြီး မသင့်တော်ပါဘူး။ ဘာလို့ လဲဆိုတော့ ဗိုက်အောက်ပြီး အူအတက် ရောင်တာမျိုးဖြစ်နိုင်လို့ ပါ။ စ စားမယ်ဆို နည်းနည်းလေးစပြီး စားပါ ဘာလို့ လဲဆိုတော့ သူ့ ရဲ့ ခါးသီးမှူကို လူတိုင်းမခံစားနိုင်လို့ ပါ။ စားတာအကျင့် ဖြစ်သွားပြီဆိုရင် ပျားရည်နဲ့ ရော စားပါ။ သူ့ ရဲ့ ကောင်းကျိုးတွေကို အောက်မှာ ပြောပြသွားပါမယ်။
နောက်တစ်နည်းက ငရုတ်ကောင်းမှူန့် နေရာမှာ အစားထိုးပါ။ ဘယ်လို အစားထိုးကြမလဲ။ သူ့ ရဲ့ အစေ့ကို ငရုတ်ဆုံထဲ ထည့်ထောင်းပါ။ မထောင်းလည်း blender နဲ့ ကြိတ်လို့ ရပါတယ်။ အနှစ်လို ခပ်ပျစ်ပျစ် ဖြစ်သွားရင်တော့ သင်ငရုတ်ကောင်းထည့်တဲ့ နေရာမှာ သုံးလို့ ရပါပြီ။ အများကြီး ထည့်ရင်တော့ ငရုတ်ကောင်းမှာ ရတဲ့ အရသာမျိုးလို မရနိုင်ပဲ အချို့ ဟင်းရဲ့ အရသာ ပျောက်သွားနိုင်ပါတယ်။ အသားကင် ဒါမှမဟုတ် အသားဟင်းလျာထဲမှာ ထည့်ချက်ကြည့်ပါ။ အရသာ နှစ်ဆပိုကောင်းအောင် လုပ်ပေးနိုင်ပါတယ်။ စားဖိုမှူးတွေရဲ့ လျှို့ ဝှက်ချက်လို့  ပြောရင်လည်း မမှားပါဘူး။ မဆလာ အစိမ်းမှူန့်လို အသားကို နယ်ပြီးလည်း ချက်နိုင်ပါတယ်။ သဘောင်္သီး အစေ့ ကထွက်တဲ့ အဆီက သင်အသားဟင်းစားပြီးရင် ဗိုက်ထဲမှာ ကျန်နေမယ့် အသားကို ချေဖျက်ဖို့ အထောက်အကူပေးပါတယ်။ သက်သက်လွတ်သမားများအတွက်လည်း ဟင်းသီးဟင်းရွက်တွေနဲ့ နယ်ပြီး စားရင်လည်း အရသာ အလွန်ရှိပါတယ်။ ဘယ်လိုဖြစ်ဖြစ် ချက်မယ့်ဟင်းရဲ့ လေးချိုးတစ်ချိုးသာ အသုံးပြုရမှာပါ။
သူ့ ရဲ့ ကောင်းကျိုးတွေကို ပြောကြည့်ရအောင်။
သဘောင်္သီးကထွက်တဲ့ oleic နဲ့  palmitic အက်ဆစ်တွေဟာ ကင်ဆာဖြစ်နိင်မယ့်အရာ အားလုံးကို လုံးဝချေဖျက်နိုင်တာကြောင့် လူတွေအတွက် များစွာ အထောက်အကူဖြစ်ပါတယ်။ သင်ကအကယ်၍ အခုမသုံးသေးတာတောင် အစေ့တွေကို အိတ်နဲ့ လေလုံအောင် ပိတ်ပြီး ရေခဲသေတ္တာထဲမှာ တစ်နှစ်လောက်ထားနိုင်ပါတယ်။
0 Comments