ကမ္ဘာမြေကြီးကို ညတိုင်းအလင်းရောင်ပေးတဲ့ လကြီးဟာ တစ်နှစ်ကို ၁.၅ လက်မလောက် ရွေ့ ပါတယ်။ လရှိနေလို့ သာ အခြားဂြိုလ်တွေက အလင်းရောင် ရနေတာပါ။ လရှိလို့  ကမ္ဘာကြီးက ဒီရေ အတက်အကျက ပုံမှန်ဖြစ်နေတာပါ။ လမရှိတော့တာနဲ့  ကမ်းနားဘေးမှာမှီခို ကျက်စားနေတဲ့ ပင်လယ်နေသတ္တ၀ါ အများစု ဒုက္ခရောက်ကြမှာပါ။ ပထမဦးဆုံး ဖြစ်မှာက ဂဏန်းတွေက ဒီရေအတက်အကျ မရှိတော့တဲ့ အတွက် သူတို့ နေထိုင်ရာ ဘုံပျောက်သွားပါတယ်။ ဂဏန်းကို စားသုံးနေရတဲ့ ရေနေသတ္တ၀ါ ပေါက်ဖွားမှူနှူန်းလည်း ကျဆင်းသွားမှာပါ။ အဲ့အခါကျရင် အသားစား ငါးကြီးတွေ မရှိတော့တဲ့အတွက် သန္တာကျောက်တန်း တစ်လျှောက်မှာ နေထိုင်ကြတဲ့ ငါးအကောင်ပေါက်လေးတွေက ဥတွေကို အမြောက်အများ ဥကြပြီး ငါးအကောင်ပေါက်တွေ အရမ်းများလာနိုင်ပါတယ်။ လူသားတွေအပေါ် သက်ရောက်မှာတော့ ရာသီဥတုပဲ ဖြစ်ပါတယ်။ လမရှိတော့တာနဲ့  အေးတဲ့ရေခဲမြစ်ရေနဲ့  ပူတဲ့ရေတွေက ပေါင်းစပ်သွားပြီး ရာသီဥတုက အထိန်းအကွပ်မရှိ ဖြစ်ပါလိမ့်မယ်။ မိုးကြိုးပစ်တာတွေ ပူတာတွေ အရမ်းအေးတာတွေ အထိန်းအကွပ်မရှိ ဖြစ်ပေါ်လာပါလိမ့်မယ်။
အခုပြောတဲ့ဟာတွေ က အသေးအမွှားလေးပဲရှိပါသေးတယ်။ တစ်ကယ့် အကြီးကြီးဖြစ်မှာက ကမ္ဘာလည်ပတ်မှူပုံစံ ဗြောင်းဆန်ဖြစ်မှာပါပဲ။ အခု အားလုံးသိတဲ့ အတိုင်း ကမ္ဘာကြီးက အပြင်က ကမ္ဘာလုံးအရုပ်တွေပုံစံ စုံရိုးမှာ ၂၃.၅ ဒီဂရီ တိမ်းစောင်းပြီး လည်ပတ်နေပါတယ်။ လမရှိတော့တာနဲ့  လရဲ့ ဆွဲငင်အားက တစ်ဆက်တည်း ပျောက်ပျယ်သွားပြီး ကမ္ဘာကြီးက လည်ပတ်ချင်သလို လည်ပတ်နေမှာ ဖြစ်ပါတယ်။ သိပ္ဗံပညာရှင်တွေရဲ့  တွက်ချက်ချက်အရ လွန်ခဲ့တဲ့နှစ်ပေါင်း များစွာက ၁ ဒီဂရီလောက် ကမ္ဘာကြီး လည်တဲ့ ပုံစံ ပြောင်းသွားတာ Ice Age ရေခဲနှစ်ရာစု ပျောက်ပျက်သွားတယ်လို့  သုံးသပ်ကြပါတယ်။ အခုလို လဆွဲငင်အား မရှိတော့ရင် တွေးတောင် မတွေးရဲစရာပါပဲ။ လူတော်တော်များများ သိတာက လက နေရဲ့  အလင်းရောင်လိုမျိုး ညကျရင် ပေးတဲ့အရာ တစ်ခုလို့ ပဲ သတ်မှတ်ထားကြပါတယ်။ အမှန်တကယ် လသာမရှိတော့ရင် တစ်ကမ္ဘာလုံးမှာ မှီတင်းနေထိုင်ကြတဲ့ သတ္တ၀ါအားလုံး ဒုက္ခတွေ ရောက်သွားနိုင်မှာပါ။
0 Comments