fbpx

လူတစ်ယောက်မှာ Creativity က ဘာလို့အရေးကြီးတာလဲ။


0

ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက်တော့ Gym ဆော့ရင်ရနိုင်ပေမယ့် အလုပ်မှာပိုမိုကောင်းမွန်တဲ့ productတွေ ထွက်ဖို့အတွက်ကတော့ Creativity လိုအပ်ပါတယ်။ Creativity ကောင်းတဲ့လူတွေက ဘယ်နယ်ပယ်မဆို သူများထက် ပိုသာလွန်ပါတယ်။ Creativity ကောင်းအောင် ကျင့်လို့ရတဲ့နည်းတွေ အများကြီးရှိပါတယ်။ ဥပမာ ဦးနှောက်သုံးပြီး ဆော့ရတဲ့ ဂိမ်းမျိုးတွေဆော့တာမျိုး၊ စာများများဖတ်တာမျိုးတွေနဲ့ ကျင့်လို့ရပါတယ်။ အရေးကြီးဆုံးက သင်နေထိုင်တဲ့ ပတ်ဝန်းကျင်က လူတွေကလည်း creativity ကောင်းတဲ့လူတွေ ဖြစ်ဖို့လိုပါတယ်။ Creativity မကောင်းရင်တောင် အရာရာကို နားထောင်နိုင်စွမ်းရှိတဲ့လူမျိုး၊ အသစ်ကို လက်ခံနိုင်တဲ့လူမျိုးတွေ ဖြစ်ဖို့လိုပါတယ်။

၁။ Goal တွေကို ပြီးမြောက်အောင် လုပ်ပါ။
Goal က ကြီးတယ်၊ ငယ်တယ်လို့တော့မရှိပါဘူး။ ဒီနေ့သင်ဒါလုပ်ရမယ်ဆို ဒါကိုပြီးအောင်လုပ်ပါ။ တစ်နှစ်တာ goal ကို မလုပ်နိုင်ရင်တောင် တစ်နေ့တာ goal ကို ပြီးမြောက်အောင် လုပ်ပါ။ Goal ကို တစ်ပိုင်းချင်းစီ ပိုင်းပြီး အသေးလေးတွေကို လုပ်ဆောင်ပါ။ လူတစ်ယောက်က အလုပ်တွေပြီးတဲ့အခါမှာ စိတ်ကျေနပ်မှုတွေရလာပြီး စိတ်ကြည်လာပါတယ်။ စိတ်ကြည်လင်ခြင်းက သင့်ကိုအတွေးကောင်းတွေ များများ ပေးနိုင်ပါတယ်။

၂။ ခေါင်းကို ရှင်းအောင်လုပ်ပါ။
Think Outside the box Game လိုမျိုး တစ်ခါတစ်လေ စဉ်းစားရကြပ်တာမျိုးတွေရဲ့ အဖြေက ဝေးဝေးလံလံရှာနေစရာမလိုပဲ စဉ်းစားပုံလေးပြောင်းလိုက်တာနဲ့ အဖြေကိုတွေ့တာမျိုးတွေရှိပါတယ်။ လူတစ်ယောက်ချင်းစီမှာ ကောင်းတဲ့ဖန်တီးစွမ်းနိုင်ရည် ကိုယ်စီရှိကြပါတယ်။ Creativity ပွင့်အောင် သင်က ပြုစုပျိုးထောင်ဖို့ပဲလိုအပ်ပါတယ်။

၃။ ခရီးအတိုထွက်တာမျိုးတွေလုပ်ပါ။
ခရီးအဝေးကြီးမထွက်နိုင်ရင်တောင် မြို့နားက အနီးအနားနေရာလေးတွေ သူငယ်ချင်းနဲ့ ထွက်တာမျိုး လုပ်ပေးပါ။ ကော်ဖီဆိုင်မှာ တစ်ယောက်တည်း laptop တစ်လုံးနဲ့ထိုင်ပြီး အလုပ်လုပ်တာမျိုးကလည်း သင့်ကို အကြံကောင်းဉာဏ်ကောင်းတွေ ပေးနိုင်ပါတယ်။

၎။ လူတွေနဲ့ သွားလာ စကားပြောပါ။
ဒီအချက်ကလည်း အရေးကြီးပါတယ်။ နယ်ပယ်အသီးသီးက မတူညီတဲ့ လူတွေရဲ့အမြင်ကလည်း သင့်ကို အတွေးသစ် အမြင်သစ်တွေရစေပါတယ်။ အတွေးသစ် အမြင်သစ်တွေနဲ့အတူ သင့်ရဲ့ Creativity က တိုးတက်လာပါလိမ့်မယ်။

Creativity ကောင်းဖို့ကတော့ သင်လုပ်နေတဲ့အလုပ်ကို သင်ကိုယ်တိုင်ကြိုက်နှစ်သက်နေဖို့လည်း လိုပါတယ်။ ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ လေ့လာချင်စိတ်ရှိတဲ့လူတိုင်းက Creativity တတ်ဖို့ chance ပိုများပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ကို စိတ်မဝင်စားပဲလုပ်နေရင်တော့ creativity တတ်လာဖို့ အားနည်းပါတယ်။ လက်ရှိ Creativity ကောင်းတဲ့လူတွေက သူများတွေထက် ဉာဏ်ပိုကောင်းတာ မဟုတ်ပါဘူး။ အမြဲပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ အလုပ်လုပ်ချင်စိတ်ကြောင့် သူတို့လုပ်တဲ့ အလုပ်က result ပိုကောင်းတာဖြစ်ပါတယ်။


Like it? Share with your friends!

0

What's Your Reaction?

angry angry
0
angry
lol lol
0
lol
omg omg
0
omg
fail fail
0
fail
geeky geeky
0
geeky
love love
0
love
wtf wtf
0
wtf
Win Thet Oo

0 Comments

Your email address will not be published. Required fields are marked *

Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Countdown
The Classic Internet Countdowns
Open List
Submit your own item and vote up for the best submission
Ranked List
Upvote or downvote to decide the best list item
Meme
Upload your own images to make custom memes
Video
Youtube, Vimeo or Vine Embeds
Audio
Soundcloud or Mixcloud Embeds
Image
Photo or GIF
Gif
GIF format