သင်က လက်ထပ်ထားတဲ့လူလား၊ ဒါမှမဟုတ် လက်ထပ်ဖို့  ရည်ရွယ်ချက်ရှိသူလား။ လင်နဲ့ မယားရယ်လို့  ဖြစ်လာကြရင် တာဝန်ဝတ္တရားတွေက ရှိလာကြပါတယ်။ မလုပ်ချင်ချင် လုပ်ချင်ချင် လုပ်ပေးသင့်တဲ့ အလုပ်တွေကို လုပ်ပေးမှ အိမ်ထောင်ရေးတည်မြဲမှာပါ။ အချစ်က အရာအားလုံးကို အောင်မြင်နိုင်ပါတယ်။ ဒီလိုပြောနိုင်ပြီဆိုရင် သင်က အရမ်းသာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသူ တစ်ယောက် ဖြစ်ပါတယ်။
အိမ်ထောင်ရေး ရည်မှန်းချက်ဆိုတာ ဘာကိုပြောတာလဲဆိုတော့ တစ်ယောက်နဲ့  တစ်ယောက် ရင်ဆိုင်ရမယ့် အခက်အခဲတွေကို အတူတူဖြေရှင်းဖို့ ပါပဲ။ ရည်မှန်းချက်ထားလိုက်တဲ့ လူတစ်ယောက်က သူ့ ရဲ့  ရည်မှန်းချက်ကို မပြည့်ပြည့်အောင် ကြိုးစားတော့မှာ ဖြစ်လို့ ပါပဲ။ အိမ်ထောင်ကျသွားရင် နှစ်ယောက်စာ တူတူကြိုးစားလို့ ရပါတယ်။ ဒါတွေကတော့ အိမ်ထောင်သည်တိုင်း ထားရှိသင့်တဲ့ ရည်ရွယ်ချက်တွေ ဖြစ်ပါတယ်။
၁။ ငွေရေးကြေးရေး ခြေသလုံးမွှေး
မိန်းမရော ယောက်ျားရော ပိုက်ဆံတူတူရှာပြီး ခြစ်ချုပ်သုံးရင် အေးဆေးဖြစ်နိုင်ပါတယ်။ လစဉ်အသုံးစရိတ်ကို သတ်မှတ်ပါ၊ လိုချင်တာတွေကို မျိုသိပ်ထားပါ။ လိုအပ်တဲ့အရာတွေကိုပဲ သုံးစွဲပါ။ ကလေးမရှိသေးရင် ကလေးစရိတ်အတွက် ကြိုးစားပြီးရှာပါ။ အသက်အာမခံ၊ မီးအာမခံ၊ ကားအာမခံ စသဖြင့် အာမခံတွေကို လုပ်ထားပါ။ မတော်တဆ အလျော်မရရင် ဒါတွေက သင့်ကို အကုန်လုံးမကာကွယ်ပေးနိုင်ရင်တောင် တစ်ဝက်လောက် အပူလုံးလျော့ကျစေနိုင်ပါတယ်။
၂။ လူမှူဆက်ဆံရေး
လူတွေအများကြီးနဲ့ မဆက်ဆံခင် နှစ်ဦးနှစ်ဖက်မှာရှိတဲ့ ယောက္ခမတွေနဲ့  အဆင်ပြေအောင်နေပါ။ အထူးသဖြင့် မိန်းမလုပ်တဲ့သူက ယောက်ျားရဲ့ အမေနဲ့  အတတ်နိုင်ဆုံး အဆင်ပြေအောင်နေပါ။ လင်နဲ့ မယားကြားလည်း ဘာကိစ္စမဆို ထိန်ချန်ထားခြင်းမလုပ်ပဲ ပွင့်ပွင့်လင်းလင်းနေပါ။ တစ်ဖက်လူပြောတာ သေချာ နားထောင်ပေးဖို့ အရေးကြီးပါတယ်။ အိမ်တွင်းစည်းမျဉ်း စည်းကမ်းချမှတ်ပါ၊ ပြီးရင် လင်ရောမယားရော နှစ်ယောက်လုံး လိုက်နာပါ။
၃။ ကျန်းမာခြင်းသည် လာဘ်တစ်ပါး
ကျန်းမာရေးက အဓိကပါပဲ။ သင်တို့ နှစ်ယောက်မှာ တစ်ယောက် အိပ်ယာပေါ်လဲပြီး နာတာရှည်ရောဂါဖြစ်တာနဲ့  အိမ်ထောင်ရေးကသင်
ထင်ထားသလောက် သာယာနေမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ရောဂါမဖြစ်ခင် ကြိုတင်ပြင်ဆင်ထားပါ။ ဥပမာ အိမ်တွင်းချက်ပြုတ်တဲ့ အစားအသောက်တွေကို အငံများတာတို့  အချိုမှူန့် များတာတို့ ကို အတတ်နိုင်ဆုံး လျှော့ပါ။ ဆေးဝါးဗဟုသုတ နည်းနည်းလေ့လာထားပါ။ ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် တစ်ယောက်ယောက် ရောဂါဖြစ်ရင် အနည်းဆုံး အဆိုးဆုံးအခြေအနေ မရောက်အောင် တားဆီးနိုင်ပါတယ်။
အချုပ်ပြောရရင်တော့ အိမ်ထောင်ကျပြီးတဲ့ ပထမနှစ်ထဲက သင် ရည်မှန်းချက်တွေ ထားသင့်ပါတယ်။ ရည်မှန်းချက်တွေအားလုံး ပြည့်အောင် ကြိုးစားရမှာက သင်နဲ့  သင့်ပါတနာ တာဝန်ဖြစ်ပါတယ်။ အိမ်ထောင်ပြုတယ်ဆိုတာကလည်း တာတိုအပြေးပြိုင်ပွဲ မဟုတ်ပါဘူး။ မာရသွန် အပြေးပြိုင်တာနဲ့ တူပါတယ်။ ချက်ချင်းလက်ငင်း ပန်းဝင်ဖို့ မဖြစ်နိုင်ပေမယ့် ဇွဲရှိရှိနဲ့  ပုံမှန်ပြေးရင်တော့ ပန်းဝင်နိုင်ပါတယ်။ အိမ်ထောင်သည်အားလုံး သာယာချမ်းမြေ့သော ဘ၀ကို ပိုင်ဆိုင်စေပါလို့ ဆန္ဒပြုရင်း…..
0 Comments