ငယ်ငယ်တုန်းကလိုမျိုး အခုချိန်ထိ သင်ဘုရားဖူးသွားနေသေးရင် သင်ခရီးတစ်ခုကို သေချာမထွက်သေးဖူးပါဘူး။ ဘုရားဖူးသွားတာက ဘုရားဖူးတာနဲ့ ပစ္စည်းတွေ ၀ယ်ပြီးပြန်တာထက် မပိုပါဘူး။ အလွတ်ခရီးသွားတာက ဘယ်လိုမျိုးလဲ။ ဘာတွေကွာလဲ။
အလွတ်ခရီးမသွားခင် သင့်ရဲ့ စိတ်ကို အရင်လွတ်လပ်လိုက်ပါ။ ဘယ်သွားမလဲ၊ ဘယ်မှာ တည်းမလဲ၊ ဘာတွေစားမလဲ ဆိုတာတွေကို ဘာမှမတွေးပါနဲ့ ။ သင်စဉ်းစားရမှာ ဘယ်အချိန်ခရီးစတင်မလဲနဲ့ ဘယ်သူနဲ့ သွားမလဲဆိုတာကိုပဲ စဉ်းစားပါ။ အဲ့နှစ်ခု စဉ်းစားပီးရင် ပိုက်ဆံကို စုပါ။ Budget ခရီးသွားချင်ရင် ခရီးသွားလကို မသွားပါနဲ့ ။ ဥပမာ ၁၀လပိုင်းလောက်ဖြစ်ဖြစ် ၆လပိုင်း၇လပိုင်း ဖြစ်ဖြစ် ခရီးထွက်ပါ။ ခရီးစဉ်ကို အခုပြောပြမယ့် နည်းတွေနဲ့  စတင်ပါ။
ပထမဆုံးသွားမယ့် မြို့ ကို လက်မှတ်ကြိုဖြတ်ပါ။ ပထမဆုံးနေရမယ့် နေစရာတော့ စီစဉ်ရပါမယ်။ ဘာလို့ လဲဆိုတော့ သင်ရောက်တဲ့အချိန်က ညဘက်ဖြစ်နေရင် သင် ယောင်လည်လည်နဲ့ လမ်းပျောက်နေပါလိမ့်မယ်။ ဒုတိယသွားမယ့်နေရာကို ပထမရောက်တဲ့နေရာအားလုံး လည်ပတ်သွားပီးတဲ့အခါကျရင် သူငယ်ချင်းတွေနဲ့  တိုင်ပင်ပါ။ နေရာရွေးပီးရင် သင်သွားမယ့် ဒုတိယနေရာ အကြောင်းကို ပထမနေခဲ့တဲ့ ဟိုတယ်၊တည်းခိုခန်းက လူတွေကို မေးပါ။ ကားလက်မှတ်ဖြတ်ပြီး ဆက်သွားပါ။ လိုင်းကား အန်စာတုံးကားလေးတွေနဲ့  သင်သွားရင် ကားဆရာတွေက သူတို့  ကိုယ်တိုင် သင်စိတ်တိုင်းကျ ဟိုတယ်၊တည်းခိုခန်းတွေ တစ်ခုဝင် တစ်ခုထွက်လိုက်ရှာပေးပါတယ်။ သင်စိတ်တိုင်းကျတွေ့ သွားရင်တော့ အဲ့နေရာမှာ သင်အနားယူလိုက်ပါ။ ညဘက် မုန့် ထွက်စားပြီး ဒေသခံတွေအကြောင်း လိုက်လေ့လာပါ။ နှစ်နေရာလောက် ဒီနည်းအတိုင်း လုပ်လာရင် သင့်ကိုယ်သင် ယုံကြည်မှူတွေ ပြည့်လာပါပြီ။ လမ်းမှာ တစ်ခါတစ်လေ သင်အမှားလုပ်မိတာတွေ ကြုံလာပါလိမ့်မယ်။ ဥပမာ သင်ရွေးလိုက်တဲ့ တည်းခိုခန်းက ဈေးသက်သာပေမယ့် ဂျပိုးတွေကိုက်တာမျိုး၊ စားသောက်စရာတွေက အဆင်မပြေတာတွေမျိုး၊ ကားစီးတဲ့အချိန်မှာ လူတွေက နားလည်မှူမရှိတာမျိုးတွေ ကြုံရပါလိမ့်မယ်။ ဒါမျိုးတွေကြုံရင် ဆက်သွားပါ၊ သင်ခန်းစာတွေ ယူသွားပါ။ ဘယ်နေရာ ဘယ်လို ဈေးသက်သက်သာသာနဲ့  သွားရင် သင်သွားချင်တဲ့ ခရီးကိုရောက်လဲဆိုတာ သင်သိလာပါလိမ့်မယ်။ သင်ယုံကြည်မှူတွေ တိုးတက်လာပြီး ငါလည်းလုပ်နိုင်ပါတယ်ဆိုတဲ့ ယုံကြည်မှူတွေ တိုးပွားလာပါလိမ့်မယ်။
အသင်းအဖွဲ့ တွေနဲ့  လုပ်ကိုင်တဲ့အခါ နားလည်မှူတွေ ဆက်ဆံရေးတွေ တိုးလာပါလိမ့်မယ်။ သင့်ဘ၀မှာ ကြုံတွေ့ လာတဲ့ ပြဿနာတိုင်းကို သင်ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ သင်နားလည်လာပါလိမ့်မယ်။
နောက်တစ်ခုက လူတွေရဲ့ နေထိုင်စားသောက်ပုံ၊ စိတ်နေစိတ်ထားတွေနဲ့  သင်နေထိုင်တဲ့မြို့ က လူတွေနဲ့ ကွာခြားချက်တွေကို သိလာပါလိမ့်မယ်။ ဒါတွေသိလာလေလေ သင်ဘယ်လိုပုံကို ကြိုက်လဲ သင်ဘာလုပ်ချင်လဲဆိုတာတွေ အဖြေထွက်လာပါလိမ့်မယ်။ တစ်ချို့ အရာတွေက သင့်ဘ၀တစ်လျှောက်လုံး သင်ကြိုးစားနေတဲ့အရာက သင်တစ်ကယ်မလိုချင်တဲ့ဟာမျိုးတွေ ဆိုတဲ့ အတွေးမျိုးတွေ တွေ့ ကောင်းတွေ့ လာပါလိမ့်မယ်။ ဒါမှမဟုတ် ရိုးသားအေးချမ်းတဲ့ တောင်သူလယ်သမားအရပ်ဒေသ ရောက်သွားရင်တော့ သင်ကဘယ်လောက် ကံကောင်းတဲ့လူဆိုတာမျိုးတွေ သင်ကိုယ်တိုင် သိသွားပါလိမ့်မယ်။ သင်သွားတဲ့ ခရီးရက်ကြာလေလေ သင်လေ့လာ သင်ယူသွားရတဲ့ အရာတွေလည်း များများလာပါလိမ့်မယ်။ သင့်အဖွဲ့ ထဲက လူတွေ အကြောင်းလည်း ခရီးထွက်လာတဲ့အခါ သေချာ သင်သဘောပေါက်လာပါလိမ့်မယ်။
အချုပ်ပြောရမယ်ဆိုရင်တော့ ဘယ်တော့ဘာဖြစ်လာမှန်း မသိသေးတဲ့ အနာဂတ်မှာ လောကဓံခံနိုင်ရည်ရှိဖို့ နဲ့  လူရည်လည်ဖို့ သင်အလွတ် ခရီးသွားသင့်ပါတယ်။ အသက်နှစ်ဆယ်ကျော်ရင် သင် ကိုယ့်အားကိုယ် ကိုးနိုင်ပါပြီ။ မကြောက်ပါနဲ့ ၊ ခရီးထွက်ပါ။ FB ထဲက စာတွေပုံတွေကို ကြည့်ပြီး သရေယိုတာထက် ကိုယ်တိုင်စတင် သွားလိုက်တဲ့ Adventure ခရီးက တစ်သက်လုံးအတွက် အမှတ်ရနေမှာတော့ အမှန်ပါပဲ။
0 Comments