ချမ်းသာတဲ့ နိုင်ငံအများစုက နိုင်ငံသားတွေဟာ တစ်ခုခုကိုအမြဲလေ့လာ သင်ယူမှတ်သားနေကြပါတယ်။ လူကြီးလူငယ်မရွေး အားကစားတစ်ခုခု သို့ မဟုတ် လေ့လာစရာ တစ်ခုခုကိုအမြဲ လုပ်နေကြပါတယ်။ ၀ါသနာတူတွေရော အသစ်အဆန်းကို လေ့လာနေချင်သူတွေအတွက်ရော အချင်းချင်းကူညီဖေးမကြိုဆိုကြပါတယ်။ ဒါကြောင့် သူတို့ ရဲ့  ထွက်ကုန်ရော အလုပ်လုပ်ချိန်ရော မျှတနေပြီး ပျော်စရာဆိုတာလည်း ရှိနေတာပါ။ ဆင်းရဲတဲ့ နိုင်ငံတွေကတော့ ခုနကပြောတဲ့ အရာအားလုံးနဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။ စားဝတ်နေရေးအတွက် အမြဲရုံးကန်နေရပြီး ပိုက်ဆံနောက်ကိုလိုက်ရင်း ၀ါသနာတွေရော ထုတ်ကုန်အသစ်တွေပါ ကျဆင်းသွားပါတယ်။ ဥပမာ ၁၉၉၀ လောက်က ရိုက်တဲ့ ရုပ်ရှင်ပုံစံက ဒီနေ့ ခေတ်ရိုက်တဲ့ ရုပ်ရှင်ပုံစံတွေနဲ့ ကွဲပြားခြားနားသွားခြင်းမရှိဘူးဆိုရင် ထုတ်ကုန်အသစ်တွေကို ဒီထက်ပိုပြီး ထပ်မထုတ်နိုင်တဲ့သဘောပါ။ ထုတ်ကုန်ကောင်းတဲ့ နိုင်ငံတွေက ဘယ်နိုင်ငံတွေလဲ ကြည့်ရအောင်
၁။ Luxembourg
၂။ Norway
၃။ Switzerland
၎။ Denmark
၅။ Iceland
၆။ United States
၇။ Australia
၈။ Ireland
၉။ Netherlands
၁၀။ Sweden
အလုပ်နဲ့ ပျော်ရွှင်မှူကို မျှတအောင် သူတို့ နိုင်ငံတွေလို ဘယ်လိုလုပ်ကြမလဲ။
၁။ အရင်ဆုံး balance ဖြစ်အောင်လုပ်ပါ။
သင်ကိုယ်တိုင် အလုပ်ကိုအလုပ်ချိန်လုပ်ပြီး ၀ါသနာပါတဲ့အရာတွေ အားလပ်ချိန်မှာလုပ်မယ်ဆိုရင် သင့်ရဲ့ ထုတ်ကုန်တွေက တိုးတက်လာနိုင်ပါတယ်။ သင်က ဂီတာတီးတာကြိုက်တယ်ဆိုပါစို့ ။ အချိန်ပို အလုပ်ဆင်းရင် ၀င်ငွေနည်းနည်းပိုများလာတာနဲ့ ရွေးချယ်ခွင့်ရရင် သင်ဘာကိုရွေးမလဲ။ လူတိုင်းကတော့ ၀င်ငွေပိုတာက အရေးကြီးတယ်ထင်ပြီး အချိန်ပိုကိုဆင်းကြမှာ ဖြစ်တယ်။ ခုနကဖော်ပြတဲ့ နိုင်ငံတွေက လူတွေကတော့ သူဌေးဖြစ်နေရင်တောင် ကိုယ့်ဝန်ထမ်းတွေ ၀ါသနာပါတဲ့အရာတွေ၊ လုပ်ချင်တဲ့ဟာတွေ ပေးလုပ်ပါတယ်။ ၀န်ထမ်းတွေက အလုပ်အပြင် သူတို့ လုပ်ချင်တဲ့အရာလေးတွေပါ အလုပ်က ကူညီထောက်ပံ့ပေးတော့ ပျော်လာကြပါတယ်။ ဒါတွေက အလုပ်ထုတ်ကုန်ကို များစွာအထောက်အကူ ဖြစ်ပြီး နိုင်ငံအတွက်လည်း များစွာ အကျိုးရှိပါတယ်။
၂။ အလုပ်ချိန်တိုခြင်းကလည်း အလုပ်ထုတ်ကုန်ကို ပိုကောင်းစေပါတယ်။
အလုပ်ကို အချိန်အကြာကြီး လုပ်ခြင်းကလည်း သင့်ရဲ့ ထုတ်ကုန်ကို ကျဆင်းစေနိုင်ပါတယ်။ အလုပ်လုပ်ချိန်က တစ်နေ့ ၈နာရီ ထက်မကျော်သင့်ပါဘူး။ ၈နာရီကလည်း အမှန်တကယ် အလုပ်လုပ်တဲ့ အချိန်ဖြစ်ရပါမယ်။ လူတစ်ယောက်က ကျန်းမာရေးနဲ့ ညီညွတ်အောင်လည်း နေထိုင်ဖို့ ကအရေးကြီးပါတယ်။ Iceland လိုနိုင်ငံက position ၁၀ခုလောက် ခုန်တတ်သွာြး့ပီး ဂျာမနီလိုနိုင်ငံကို ထုတ်ကုန်နေရာမှာ ကျော်တတ်သွားတာက အလုပ်ချိန်ကို အချိန်လျှော့လိုက်တာကြောင့်လည်း ဖြစ်တယ်။
၃။ တစ်ခုဆို တစ်ခုပဲ အာရုံစိုက်ပါ။
သင်က ၀န်ထမ်းဖြစ်စေ၊ သူဌေးဖြစ်စေ လုပ်စရာရှိတာကို အာရုံအပြည့်စိုက်ပါ။ အခြားအလုပ်ပေါ်လာခဲ့ရင်တောင် လုပ်နေတဲ့ အလုပ်ပြီးမှလုပ်ပါ။ ဟိုနည်းနည်း ဒီနည်းနည်း လုပ်တာမျိုး မလုပ်ပါနဲ့။ Customers တွေနဲ့ meeting ရှိတာပဲဖြစ်ဖြစ် သူဌေးကို လချုပ်စာရင်းတင်ပြစရာရှိတာဘဲ ဖြစ်ဖြစ် တစ်ခုလုပ်နေရင် တစ်ခုပဲအာရုံစိုက်ပါ။ ပြီးမှကျန်တဲ့ဟာကို အာရုံစိုက်ပါ။ အလုပ်မှာ ကျန်ခဲ့တဲ့ဟာတွေကို အလုပ်မှာပဲထားခဲ့ပါ။ အိမ်ကို မသယ်လာပါနဲ့ ။
၎။ သင့်ရဲ့ အလုပ်နဲ့ ပျော်ရွှင်မှူကို အပေါင်းပဲဖြစ်နေအောင်ဆက်ထိန်းထားပါ။
မပျော်ရွှင်ချင်တဲ့လူ ဒီလောကမှာမရှိပါဘူး။ သင်ဘယ်လိုပျော်အောင်နေရမလဲဆိုတာ သင်အသိဆုံးပါ။ မနက်မိုးလင်းအိပ်ရာကထတာနဲ့ သင်မသွားချင်တဲ့အလုပ်ကို သွားချင်သွားနေရမယ်။ ဒါက သင့်ဘ၀ဆိုးရွားနေတာမဟုတ်သေးပါဘူး။ သင်ကောင်းတဲ့အရာလေးတွေ တွေးပါ။ သင့်ရဲ့ ကောင်းကွက်လေးတွေကို တွေးကြည့်ပါ။ ဆိုးကွက်တွေချည်းပဲ မတွေးပါနဲ့ ။ သင်လိုချင်တဲ့ ဘ၀နေထိုင်မှူပုံစံကို ဖန်တီးဖို့ နောက်ကျတယ် စောလွန်းတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် ကိုယ်အသက်ရှင်နေသရွေ့  ကိုယ်လုပ်ချင်တာ ဖြစ်ချင်တာတွေ လုပ်လို့ ရတယ်ဆိုတဲ့ အချက်ကို သတိတရရှိနေရင် သင်ဘာဆက်လုပ်ရမလဲ သင်သိလာပါလိမ့်မယ်။
၅။ အလုပ်ချိန်
အလုပ်မှာ အလုပ်တစ်ကယ်လုပ်လုပ် မလုပ်လုပ် တစ်နေကုန်ထိုင်ပြီး ရုံးသွားတယ်ဆိုတည်းက လူတွေက ရုံးတတ်တယ်ပဲသတ်မှတ်ကြပါတယ်။ ဒီလို ရှေးဟောင်းအတွေးအခေါ်တွေကို ခဏမေ့လိုက်ရအောင်။ အလုပ်ချိန်ဆိုတာ အလုပ်တစ်ကယ် လုပ်ချင်တဲ့လူတွေ အတွက်မရှိပါဘူး။ ဘာလို့ လဲဆိုတော့ သူတို့ က အလုပ်လုပ်တယ်လို့ ကို မခံယူထားပဲ သူတို့ လုပ်ချင်တာ လုပ်နေရလို့ ကျေနပ်နေကြသူများ ဖြစ်ပါတယ်။ အထက်က ဖော်ပြခဲ့တဲ့နိုင်ငံတွေမှာ အလုပ်လုပ်တာက သတ်မှတ်ချက်မရှိပါဘူး။ အလုပ်ချိန်က သတ်မှတ်ထားတယ်ဆိုပေမယ့် သင်ဘယ်အချိန်အလုပ်လာလာရပါတယ်။ အလုပ်ကို စနစ်တကျ ပြီးသွားတာကိုပဲ သူတို့ က လိုလားပါတယ်။ သင်က professional အလုပ်ကျွမ်းကျင်တဲ့ လူတစ်ယောက်ဆိုရင် သင်အလုပ်တောင်လာစရာမလိုပါဘူး။ အိမ်ကတစ်ဆင့် ကွန်ပျူတာနဲ့ အလုပ်ထိုင်လုပ်လည်း အလုပ်က ခွင့်ပြုထားပါတယ်။ အကယ်၍ သင်က မိန်းမသားဖြစ်လို့ မွေးခါစ ကလေးရှိတယ်ဆိုရင်လည်း အလုပ်က ကလေးကိုပါ ထိန်းပေးပါတယ်။ ဒါ့အပြင် သင်ခွင့်ယူချင်တယ်ဆိုလည်း ရပါတယ်။ ခွင့်ကတော့ ၀န်ထမ်းတစ်ယောက်ရဲ့ ရပိုင်ခွင့်ထဲမှာ ပါပြီးသားမို့ လို့ ပါ။
အချုပ်ကို ပြောရရင်တော့ ကိုယ့်ကိုယ်ကို သနားပါ၊ ကိုယ်လုပ်ချင်တာကို အချိန်ပေးပါ။ ပိုက်ဆံကအရေးကြီးပေမယ့် ဘ၀က တစ်ခါပဲရတာပါ။ သင်လုပ်ချင်တာကို မလုပ်ရပဲနဲ့ ပိုက်ဆံစွတ်ရှာနေမလား သင်လုပ်ချင်တာလုပ်ပြီး သင်သေသွားမလားဆိုတာ သင်ကိုယ်တိုင်ဆုံးဖြတ်ရမှာပါ။ အလုပ်များများလုပ်ပါ၊ ကိုယ်ကြိုက်တဲ့ဟာလည်း လုပ်ပါ။ မျှတသော ဘ၀ကို အားလုံးပိုင်ဆိုင်နိုင်စေပါလို့ဆန္ဒပြုရင်း။
0 Comments