ဒီနေ့ လို ရှူပ်ထွေးတဲ့ လူ့ လောကကြီးမှာ ချစ်သူက ကိုယ့်ကိုထားသွားခံရမှာ လူတိုင်းလိုလို ကြောက်နေကြပါတယ်။ သင်မိန်းကလေးဖြစ်စေ ယောက်ျားလေးဖြစ်စေ ကိုယ်ချစ်ပါတယ်ဆိုတဲ့လူက ကိုယ့်ကို ထားသွားမှာကို အရမ်းကြောက်တတ်ကြပါတယ်။ ကြောက်နေရင်းနဲ့ ကို ထားသွားခြင်းခံရတာ ရင်နာမဆုံးပါဘူး။ သင်ထားသွားခံရမှာကိုကြောက်နေတဲ့ လက္ခဏာတွေကတော့
၁။ မနာလို ၀န်တိုဖြစ်ခြင်း။
၂။ ကိုယ့်ချစ်သူအနားမှာ ရှိတဲ့ လူတွေများကို အမြဲမယုံသင်ကာ ဖြစ်နေခြင်း။
၃။ အမြင်ကပ်လောက်အောင် ချစ်ပြနေခြင်း သို့ မဟုတ် သည်းလွန်းနေခြင်း။
၎။ ကိုယ့်ကို ထားသွားမှာကို အမြဲတွေးနေခြင်း။
၅။ အမြဲပြဿနာ ရှာခြင်း။ (ရစ် ခြင်း)
၆။ ကိုယ့်ကိုယ်ကို ယုံကြည်မှူ နည်းခြင်း။
၇။ ကိုယ့်ရည်းစား ချစ်သူနားက အလုပ်တူတူလုပ်တဲ့ အလန်းလေးများကို အမြဲစောင့် ကြည့်နေခြင်း။
၈။ ချစ်သူ အပေါ် ယုံကြည်မှူ လွန်စွာ နည်းပါးခြင်း။
ဒီလိုအချက်တွေတစ်ခုမဟုတ် တစ်ခုရှိနေရင် သင်ထားသွားခံရမှာကို တော်တော်ကြောက်နေပါတယ်။ ဒါမှမဟုတ် အပေါ်ကနည်းတွေက သင်နဲ့ ထပ်တူကျနေရင် သတိထားပါ။ သင့်ချစ်သူ စိတ်ကုန်သွားနိုင်ပါတယ်။
စိတ်ကုန်နေပီလား လို့ မေးလည်းမထူးပါဘူး။ ပြောတာယုံပါ။
ဒီလိုပြောင်းလဲကြည့်လိုက်မယ်။
၁။ သင်က အချစ်နဲ့ ထိုက်တန်တဲ့လူလို့ ခံယူလိုက်ပါ။
ကလေးလေးတွေ တွေးသလို တစ်နေ့ သူတို့ ထက်ချစ်တဲ့အရာ ပေါ်လာရင် လူတွေက သူတို့ ကို မချစ်တော့ပဲ အသစ်ကိုပဲ ချစ်သွားမှာကြောက်ကြတယ်။ သင်လည်းအဲ့လို အတွေးဖြစ်နေရင် လူကြီးဆန်လိုက်ပါ။ လူကြီးဆန်တယ်ဆိုတာ ရင့်ကျက်တာကို ပြောတာပါ၊ ခွင့်လွှတ်သည်းခံ နားလည်ပေးတတ်တာကို ပြောတာဖြစ်ပါတယ်။ သင့်ကိုယ်သင် လူကောင်းတစ်ယောက်ဖြစ်တယ်။ သင့်လိုလူမျိုးကို လူတွေက ချစ်မှာသေချာပါတယ်။ သင့်ဘက်က ကောင်းတဲ့အရာတွေပဲ လုပ်လို့ ကောင်းတာတွေပဲ ကျရောက်လာမယ်။ အဲ့လို စိတ်ထားမျိုးထားပါ။ ချစ်တာရပါတယ်။ ဦးနှောက်မရှိတော့သလိုမျိုးတော့ မချစ်ပါနဲ့ ။
၂။ သင့်ရဲ့ ကြောက်ရွံ့မှူကို သင်ကိုယ်တိုင်နားလည်ပါ။
ကိုယ်က ဘာကြောက်တတ်လဲဆိုတာ ကိုယ်အသိဆုံးပါ။ ဆိုပါစို့ သင်က မြွေကြောက်တတ်ရင် မြက်တောတွေထဲ သင်အလွယ်တကူ မသွားပါဘူး။ အခြေအနေအရင် သင်သုံးသပ်ပြီးမှ အဖော်တွေခေါ်သွားမှာပါ။ သူ သင့်ကိုထားသွားမှာ သင်ကြောက်တယ်ဆိုတည်းက သူမပါရင် သင်မလုပ်တတ်တဲ့အရာ၊ ဒါမှမဟုတ် သူမရှိပဲနဲ့ သင်မလုပ်နိုင်တဲ့အရာတွေရှိတယ်လို့ သင်ကိုယ်တိုင် လက်ခံထားလို့ ပါ။ အဲ့အတွေးကြီးကို အစမ်းခြေမှူန်းပါ။ သူမရှိလည်း ငါရပ်တည်နိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို လက်ခံရပါမယ်။ သင်အိပ်စရာ ခေါင်းအုန်းမရှိရင် တစ်ညလုံး ငုတ်တုတ်နေမလား၊ နီးစပ်ရာ တစ်ခုခုကြံဖန်ပြီး အိပ်လို့ ရအောင် သင်လုပ်မလား။ ဒီနည်းအတိုင်းပါပဲ၊ သူမပါပဲနဲ့  သင်လုပ်နိုင်တာကို သင်ကိုယ်တိုင် လုပ်ကြည့်ပါ။
၃။ တချို့ အကြောက်တရားတွေက တကယ်ရှိတယ်ဆိုတာ မှတ်ထားပါ။
ဆိုလိုရင်းက လူပဲဗျာ။ အကြောက်တရားနဲ့ တော့ ကင်းတယ်ဆိုတာမရှိပါဘူး။ ဒါပေမယ့် အကြောက်တရားနဲ့ ထိပ်တိုက်ဆုံရရင်တော့ အနည်းဆုံး သင်ကိုယ်တိုင်ထိန်းချုပ်နိုင်သွားပါတယ်။ အသည်းတွေ စွတ်မာပြီးတော့ ကြိုတင်ပြင်ဆင်ရုံနဲ့ တော့ တစ်ကယ်တမ်း ကိုယ့်ကို ထားသွားတဲ့အခါမှာ ကိုယ်က အေးဆေးဖြစ်နေမယ်လို့ တော့ မထင်စေချင်ပါဘူး။ အနည်းနဲ့ အများ ကွာသွားမှာကို ပြောတာဖြစ်ပါတယ်။ ဒီလိုပြောလို့  အကြောက်တရား အတွက် ကြိုတင်ပြင်ဆင်နေတာ အပို ဖြစ်သွားတယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။
၎။ ကိုယ့်ကိုယ်ကို ဘာတွေလိုအပ်နေလဲ အတွေးကို လွှင့်ပစ်လိုက်ပါ။
ကိုယ့်ချစ်သူက ကိုယ့်ကို တစ်နေ့ မချစ်တော့ရင် ဒါတွေဒါတွေကြောင့်လို့  သင်တွေးမိကောင်းတွေးမိ ပါလိမ့်မယ်။ အမြဲ ကိုယ့်ကိုယ်ကို အားပေးဖို့ မမေ့ပါနဲ့ ။ ကိုယ်က လူကောင်းတစ်ယောက်၊ အချစ်စစ်နဲ့ ထိုက်တန်တဲ့ လူတစ်ယောက်လို အမြဲ အားပေးပါ။ သင်ကိုယ်တိုင်အားမပေးတတ်ရင် မှန်ထဲမှာ ကိုယ့်နာမည်ကိုခေါ်ပြီး အားပေးပါ။ သင့်ကိုယ်သင် ယုံကြည်မှူပျောက်ဆုံးတဲ့ နေ့ က သင်ကျရှူံးတဲ့နေ့ ပါ။ သင်ကျရှူံးဖို့ သင်တစ်ယောက်ပဲ လုပ်နိုင်သလို အောင်မြင်ဖို့ လည်း သင်တစ်ယောက်ပဲ လုပ်နိုင်ပါတယ်။
၅။ တစ်ကိုယ်တည်း အထီးကျန်တာကို ယုံကြည်ပါ။
ကိုယ့်ကို စိတ်ဒုက္ခရောက်အောင် လုပ်နေတဲ့လူနဲ့ တူတူရှိနေတာထက်စာရင် တစ်ယောက်တည်းရှိနေတာက ပိုစိတ်ချမ်းသာစရာကောင်းပါတယ်။ သင်တစ်ယောက်တည်း လောကကြီးမှာ အထီးကျန်မနေနိုင်ပါဘူး။ အထူးသဖြင့် လူတွေပြောတဲ့ ကြီးလာရင် တစ်ယောက်တည်းဘယ်လိုနေမလဲ ဆိုတဲ့အတွေးတွေ အမှိုက်တွေကို မြောင်းထဲချန်ခဲ့ပါ။ အခုခေတ်မှာ လူပျိုလူလွတ်ဦးရေက တိုးတက်လာတယ်ဆိုတာ ငြင်းလို့ မရပါဘူး။ သင့်ပတ်ဝန်းကျင်ကို တစ်ချက်လောက်အချိန်ယူပြီး ကြည့်ပါ။ အထီးကျန်လို့ စိတ်ဆင်းရဲပြီး သေသွားတဲ့လူဦးရေထက် သားမယားဒုက္ခကြောင့် စိတ်ညစ်ပြီး သေသွားတဲ့လူ ပိုများလားဆိုတာ သင်ကိုယ်တိုင်ဆုံးဖြတ်ပါ။
၆။ သင့်ကို ပျော်စေမယ့် လူ့ အဖွဲ့ အစည်းကို သင်ကိုယ်တိုင်ဖန်တီးပါ။
ဘယ်အတွဲ လင်မယားမှ နှစ်ယောက်တည်း ဖက်နေလို့ မရပါဘူး။ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ဆုံဆည်းကြရတယ်။ လူတွေနဲ့ ပေါင်းသင်းသွားလာနေရပါတယ်။ သင်လည်း သင့်ကို စိတ်ပျော်ရွှင်အောင် လုပ်ပေးမယ့် သူငယ်ချင်းညီအစ်ကို မိတ်ဆွေတွေကို သင်ကိုယ်တိုင်ရှာပါ။ သူတို့ နဲ့ သွားလာစားသောက်ပါ။ အဖွဲ့ တည်းက လူတွေက လည်း လွတ်လွတ်လပ်လပ်နေတာကို ကြိုက်တဲ့လူတွေဖြစ်ပါစေ။
အချုပ်ပြောရမယ်ဆိုရင် သင်ထားသွားခံရမှာကို ကြောက်နေတဲ့ ရောဂါက ကြီးချင်ကြီးနေပါမယ်။ အဲ့လိုကြီးနေရင် သင့်ကိုယ်သင် အချိန်ခဏပေးပါ။ လေ့လာသုံးသပ်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှူရှိအောင် ကြိုးစားပါ။ ငါလုပ်နိုင်တယ်ဆိုတာပဲ ဖြစ်ပါစေ။ သူရှိမှ ဆိုတဲ့အတွေးကို ဖြောက်နိုင်အောင်ကြိုးစားပါ။ သင်လည်း လူတစ်ယောက်ဖြစ်သလို သူလည်းလူတစ်ယောက်ပါပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှူက သော့ချက်ပါပဲ။
0 Comments