ဒီနေ့ အများစု သုံးသလို အင်တာနက်ကို နိုင်ငံတကာမှာ လွတ်လွတ်လ့ပ်လပ်သုံးလို့ရပေမယ့် တရုတ်နိုင်ငံမှာတော့ အင်တာနက်ကို လွတ်လပ်စွာသုံးခွင့်မရှိပါဘူး။ Facebook, Google နဲ့ အခြား service တွေကို တရုတ်ပြည်မှာ အစိုးရကိုယ်တိုင် တားမြစ်ထားပြီး သုံးခွင့်ပါ ပိတ်ထားပါတယ်။ ဒါပေမယ့် တရုတ်က ကိုယ်ပိုင် အင်တာနက်ကို ဘယ်လိုထွန်းကားအောင် လုပ်ခဲ့ပြီး ဘယ်သူတွေပါဝင်ခဲ့လဲဆိုတာ ကြည့်သွားရအောင်။
၁၉၉၄ ခုနှစ် တရုတ်နိုင်ငံရဲ့ သမ္မတ Jiang Zemin လက်ထက်မှာ အင်တာနက်က လူတိုင်းသုံးလို့ စပြီးရခဲ့ပါတယ်။ ကွန်ပျူတာတွေက အဲ့အချိန်တုန်းက ဈေးကြီးပြီး လူတိုင်းမဝယ်သုံးနိုင်ပါဘူး။ အဲ့အချိန်တုန်းက မြန်မာပြည်မှာလည်း အင်တာနက်သုံးချင်ရင် အင်တာနက် cafe ဆိုင်တွေသွားပြီး သုံးရပါတယ်။ ၁၉၉၅ ခုနှစ်မှာ အခုအားလုံးသိကြတဲ့ Jack Ma က အမေရိကန်ကိုသွားခဲ့ပြီး ဘီယာဆိုတဲ့ စကားလုံးကို စ ရှာဖွေခဲ့ပါတယ်။ သူထင်ထားသလို တရုတ်လိုမတွေ့တဲ့အခါမှာတော့ တရုတ်နိုင်ငံမှာလည်း ကိုယ်ပိုင်အင်တာနက်ရှိရပြီး အမေရိကန်နည်းတူ အရာအားလုံး တရုတ်လိုရနိုင်ရမယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
အဲ့နောက်ပိုင်းမှာတော့ တရုတ်ပြည်ကို Jack Ma ပြန်လာခဲ့ပြီး Yellow Page ပုံစံ ကိုယ်ပိုင် website စထောင်ခဲ့ပါတယ်။ Jack Ma နဲ့အပြိုင် Ten Cent Company လည်း တူတူပေါ်ပေါ်က်လာခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ Jack Ma က Alibaba စတည်ထောင်နိုင်ခဲ့ပြီး Ten Cent ကလည်း တရုတ်မှာ Alibaba နဲ့အပြိုင် company ကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။ အင်တာနက် အသုံးများလာတာနဲ့အမျှ တရုတ်နိုင်ငံအစိုးရက လူတွေရဲ့ စကားပြောဆိုမှုတွေနဲ့ အခြားအင်တာနက်မှာ သုံးတဲ့အရာအားလုံးကို စောင့်ကြည့်လာခဲ့ပါတယ်။ နှစ်အနည်းငယ်အတွင်းမှာပဲ တရုတ်က အင်တာနက်သုံးတဲ့ လူဦးရေရာခိုင်နှုန်းက အမေရိကန်ကို ကျော်တက်သွားခဲ့ပါတယ်။
၂၀၁၂ ခုနှစ် Xi Jinping သမ္မတဖြစ်လာတဲ့အခါမှာတော့ တရုတ်ပြည်မှာ အင်တာနက်သုံးစွဲမှုကို တင်းကြပ်လာခဲ့ပါတယ်။ အခြားနိုင်ငံမှ ယဉ်ကျေးမှုလွှမ်းမိုးမှုတွေကို မခံချင်တာကြောင့်ဆိုပြီး Xi Jinping က အမေရိကန်နိုင်ငံမှာ အသုံးများတဲ့ website တွေကို ပိတ်ပင်ခဲ့ပါတယ်။ ဒီထဲမှာ Winnie the Pooh ဝက်ဝံ ကာတွန်းတောင် ပါဝင်ပါတယ်။ဘာလို့လဲဆိုတော့ အင်တာနက်မှာ Xi Jinping ကို ဝက်ဝံကာတွန်းဇာတ်ကောင်နဲ့ နှိုင်းယှဉ်ခံရတာကြောင့် ဖြစ်ပါတယ်။
အစိုးရက ဒီလိုလုပ်ရတဲ့ အကြောင်းရင်းကတော့ နိုင်ငံရေးကြောင့်ပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရေးရဲ့ သတင်းအချက်အလက်တွေနဲ့ လူတွေရဲ့ data တွေ အခြားနိုင်ငံဆီမရောက်အောင် တရုတ်အစိုးရက ကိုယ်ပိုင်အင်တာနက် system ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ မျိုးဆက်သစ်တော်တော်များများက အင်တာနက်ကို သုံးပြီး ခေတ်မှီနေပေမယ့် တစ်ကယ်တမ်း တစ်ကမ္ဘာလုံးသုံးတဲ့ service တွေကိုတော့ အပြည့်အ၀သုံးခွင့်မရခဲ့ပါဘူး။
တစ်ကမ္ဘာလုံးမှာ Google ကို တွင်တွင်ကျယ်ကျယ်သုံးနေပေမယ့် တရုတ်ပြည်အတွက်ကတော့ Baidu ပါပဲ။ အလားတူ facebook ကို တရုတ်မှာသုံးမရပေမယ့် wechat ဆိုတာကတော့ တရုတ်ပြည်သူတွေအတွက် အကောင်းဆုံး social app ပါပဲ။ ၂၀၁၈ ခုနှစ်ရဲ့ စစ်တမ်းထဲမှာ အင်တာနက်သုံးခွင့် မလွတ်လပ်ဆုံးနဲ့ အချုပ်နှောင်ခံရမှုအများဆုံးမှာ တရုတ်နိုင်ငံက ထိပ်တန်းဖြစ်နေခဲ့ပါတယ်။ ဒီနေ့အချိန်ထိ တရုတ်ပြည်ရဲ့ အင်တာနက်သုံးခွင့် မူဝါဒနဲ့ လွတ်လပ်ခွင့်တွေကို တရုတ်အစိုးရက ချုပ်ကိုင် ထားတုန်းပါပဲ။
0 Comments