အလုပ်မှာလည်း အလုပ်မှာမို့ ၊ အိမ်မှာလည်း အိမ်ကပြဿနာပေါင်း သောင်းခြောက်ထောင်။ တော်တော်လေး စိတ်ဖီးစီးစရာကောင်းလွန်းတဲ့ ဘ၀ကြီးပါ။ တစ်ခါတစ်လေ တစ်ယောက်ထဲ အဝေးကို ပြေးထွက်သွားချင်လောက်အောင် သင် စဉ်းစားဖူးမှာပါ။ ရောဂါဖြစ်ရင် ဆေးရှိသလို ပြဿနာရှိရင်လည်း အဖြေရှိပါတယ်။ အခုပြောမယ့် အကြောင်းအရာလေးကတော့ အလုပ်မှာ တာဝန်ယူစရာတွေများလာတဲ့အခါ ပြဿနာတွေနဲ့  စိတ်ဖီးစီးမှူတွေကို ဘယ်လိုကိုင်တွယ်မယ်ဆိုတဲ့ အကြောင်းလေးပဲဖြစ်ပါတယ်။
၁။ အစီအစဉ်တစ်ကျ နေပါ။
တစ်နေ့ တာလုပ်ငန်းစဉ်တွေကို မပျက်မကွက် အားလုံးပြီးအောင်လုပ်ပါ။ ဥပမာ ဒီနေ့ ဘာလုပ်ရမယ်ဆိုရင် လုပ်ရမယ့်အရာကို ပြီးမြောက်အောင် လုပ်ပါ။ အကြောင်းပြချက်တစ်ခုခုကြောင့် မပြီးမြောက်တာတွေ မဖြစ်ပါစေနဲ့ ။ တစ်ခု မပြီးမြောက်တာနဲ့ စိတ်ဖီးစီးမှူက တစ်ဖြည်းဖြည်း ကြီးမားလာတတ်ပါတယ်။ ကိုယ်လုပ်မယ့်အရာကို နေ့ တိုင်းပြီးမြောက်ခြင်းကလည်း စိတ်ကျေနပ်မှူကို ဖြစ်ပေါ်စေပါတယ်။
၂။ ပြီးပြည့်စုံခြင်း။
ပြီးပြည့်စုံတဲ့အရာ လောကကြီးမှာ မရှိဘူးဆိုတာ လူတိုင်းအသိပါ။ ခက်တာက လူတွေက ပြီးပြည့်စုံခြင်းနောက်ကို လိုက်နေရင်း စိတ်ဖီးစီးမှူတွေပဲ ကျန်ခဲ့တာပါပဲ။ အခုကိုင်နေတဲ့ဖုန်းက စုတ်နေလို့ ၊ ဒီထက်ကောင်းတဲ့ကားလေးကို စီးချင်လိုက်တာ၊ လက်ရှိရထားတဲ့ ချစ်သူက သူများစုံတွဲတွေလို မကြင်နာဘူး။ လူတိုင်းအဲ့လို အတွေးမျိုးတွေးမိကြမှာပါ။ ဒီလိုအတွေးတစ်ခါဝင်တိုင်း စိတ်ဖီးစီးမှူပေါင်း တစ်ရာလောက် သင့်ခေါင်းထဲရောက်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်အနားမှာရှိနေတဲ့ အရာတွေကို အကောင်းမြင်ပါ၊ တန်ဖိုးထားပါ။ စုတ်ပြတ်သတ်နေရင်တောင် အကောင်းမြင်စိတ်လေးမွေးပြီး တန်ဖိုးထားပါ။ ကောင်းတာတွေ တွေးတာများရင် အကောင်းတွေပဲ ဖြစ်လာပါလိမ့်မယ်။
၃။ ပြဿနာကို ရင်ဆိုင်ဖြေရှင်းနည်း။
အလုပ်ထဲမှာ အဆင်မပြေတဲ့အခါ အလုပ်ထဲမှာပဲရှင်းပါ။ ဥပမာ သင့်လုပ်ဖော်ကိုင်ဖက်နဲ့ အဆင်မပြေတဲ့အခါမျိုးမှာ ပြဿနာကို အကောင်းဆုံးဖြေရှင်းပါ။ ဒီလိုနည်းတွေနဲ့ ပြဿနာတွေကို သင်ဖြေရှင်းနိုင်ပါတယ်။ သင့်လုပ်ဖော်ကိုင်ဖက်နဲ့  ပြဿနာဖြစ်လို့  ဖြေရှင်းတဲ့အခါ ပုဂ္ဂိုလ်ရေးတွေ မပြောပါနဲ့ ။ အဓိကအများဆုံးဖြစ်တာက Ideaမတူလို့ ဖြစ်တာများပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ပြေလည်အောင်ပြောပါ။ သူ့ ဘက်က မှန်တယ်လို့ ထင်ပေမယ့် သင့်ဘက်ကဆို ပိုပြီးကောင်းသွားနိုင်တဲ့ အဖြေရှိတယ် စသဖြင့် ဖြောင်းဖျပါ။
၎။ ကိုယ့်အလုပ် ၀ိုင်းလုပ်ပေးမယ့်လူကို သေချာရွေးပါ။
အလုပ်တွေအားလုံးကို တစ်ယောက်တည်း လုပ်ချင်တဲ့စိတ်၊ ဒါမှမဟုတ် ကိုယ်တိုင် လုပ်ရမှ ကျေနပ်တဲ့စိတ်ရှိရင် အခုတည်းက ဖျောက်လိုက်ပါ။ သင့်အဖွဲ့ ထဲမှာ သင်စိတ်တိုင်းကျ လူတွေကို သေချာရွေးပါ။ သေချာသင်ပေးဖို့ လည်း မမေ့ပါနဲ့ ။ သမိုင်းမှာ စစ်ပွဲပေါင်းများစွာကို နိုင်ခဲ့တဲ့ သူရဲကောင်းတွေဆိုတာ အကောင်းဆုံး စစ်တပ်ကို ပိုင်ဆိုင်ထားလို့ မဟုတ်ပါဘူး။ အကောင်းဆုံး ဦးဆောင်နိုင်စွမ်းရှိခဲ့လို့  အောင်မြင်ကြတာပါ။
၅။ “ဟုတ်ကဲ့” ကိုရှောင်ပါ။
မြန်မာလူမျိုးတော်တော်များများက အားနာတတ်ပါတယ်။ ဥပမာ သူဌေးဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ဖြစ်ဖြစ် အကူအညီတောင်းတဲ့အခါ လုပ်ပေးတတ်ကြပါတယ်။ ကူညီတဲ့စိတ်ရှိတာက ကောင်းပါတယ်။ အားနာတတ်တာတော့ မကောင်းပါဘူး။ ဘာလို့ လဲဆိုတော့ လူဆိုတဲ့အမျိုးက ကျေးဇူးသိတာ နည်းလို့ ပါပဲ။ သင်ဒေါသမထွက်ချင်၊ စိတ်ဖီးစီးမှူတွေ မလိုချင်ဘူးဆိုရင် ကူညီနိုင်တာကို ကူညီပေးလိုက်ပါ။ မကူညီနိုင်ရင် အပြတ်ငြင်းပါ။
၆။ တစ်ယောက်တည်း နေတဲ့အချိန်တွေပေးပါ။
သူငယ်ချင်းတစ်အုပ်နဲ့  တစ်ဝုန်းဝုန်းလုပ်တဲ့အချိန်က သင်ကျောင်းသားဘ၀မှာဆို ကောင်းပါတယ်။ အလုပ်ခွင်ထဲရောက်သွားရင်တော့ တာဝန်ဝတ္တရားတွေနဲ့  စိတ်ထောင်းကိုယ်ကြေ ဖြစ်လာပါပြီ။ ဒါကြောင့် တစ်ယောက်တည်း ရေပူစမ်းစိမ်တာမျိုး၊ မာဆတ်မှာ အနှိပ်သွားခံပြီး ချွေးထုတ်တာမျိုးတွေ လုပ်ပေးပါ။ သင်စိတ်အပန်းပြေချင်ရင်တော့ ကြိုးစားကြည့်ပါ။
၇။ အစားနဲ့ အအိပ်ကို လေးစားပါ။
သူတို့ ကိုသင်လေးစားသင့်ပါတယ်။ သူတို့ မမှန်တဲ့အခါ သင်ဒုက္ခ အကြီးအကျယ်ရောက်ပါမယ်။ ကျန်းမာရေးတစ်ခုမှာ အရေးကြီးဆုံးက အအိပ်နဲ့  အစားကိုမှန်ဖို့ ပါပဲ။ ဘယ်လောက်အရေးကြီးလဲဆိုတာ လူတိုင်းသိနေပြီးသားဖြစ်မှာပါ။ ဒါတောင် လူတွေက စိတ်ဖီးစီးမှူ များလာတဲ့အခါမျိုးမှာ အအိပ်နဲ့ အစားကို မမှန်ကြတော့ပါဘူး။ ဒီအခါမျိုးမှာ စိတ်ထောင်းကိုယ်ကြေ စကားလုံးက အသက်စ၀င်လာပါတယ်။
၈။ ၀ါသနာကို လိုက်စားပါ။
ဝါသနာနောက်ကို လိုက်ပါ။ ကိုယ်ဝါသနာပါတာကို လုပ်နေရခြင်းကလည်း စိတ်ဖီးစီးမှူတစ်မျိုးကို လျှော့ချခြင်းပါပဲ။ ၀ါသနာအတွက်တော့ အချိန်ပေးတတ်ပါစေ။
၉။ ကိုယ့်ကိုယ်ကို ကြင်နာပါ။
သင့်ကိုယ်သင် မသနားရင် ဘယ်သူမှ သင့်အပေါ် သနားနေမှာမဟုတ်ပါဘူး။ သင်သေသွားခဲ့ရင်တောင် “မီ”ရုပ်ရှင်ထဲက စကားအတိုင်း လူတွေသနားလို့ ငိုကြွေးလည်း အလွန်ဆုံး လေးငါးရက်ပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ချစ်ပါ။ ခရီးထွက်ပြီး စိတ်ဖီးစီးမှူတွေကို ဖြေဖျောက်ပါ။ စိတ်အရမ်းတိုတဲ့ လူတွေကလည်း အသက်တိုကြပါတယ်။ ဒါကြောင့် စိတ်တိုလွယ်တဲ့ အကျင့်ရှိရင်လည်း စိတ်ရှည်အောင် ကြိုးစားနေထိုင်ကြည့်ပါ။
ဘ၀ဆိုတာ စိတ်ဖီးစီးစရာတွေနဲ့  ပြည့်နှက်နေပြီး ဘယ်တော့မှ ပြီးဆုံးမှာမဟုတ်ပါဘူး။ စိတ်ဖီးစီးမှူတွေကို ရင်ဆိုင်ကိုင်တွယ်ပြီး နေသွားမလား၊ ဒါမှမဟုတ် ဒီအတိုင်းနေသွားမှာလားဆိုတာတော့ သင့်အပေါ်မူတည်ပါတယ်။
0 Comments