တစ်ကိုယ်တည်းသမားတွေကို လူတွေကပြောတတ်ကြပါတယ်။ မစွံတဲ့ အပျိုကြီး လူပျိုကြီး ဇီဇာကြောင်တယ် ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ အမျိုးမျိုး ပြောကြပါတယ်။ အပြောတွေက မခံနိုင်လောက်အောင် နားထောင်ရခက်ပါတယ်။ ဘာလို့ လဲဆိုတော့ စာရေးသူ ကိုယ်တိုင် တစ်ယောက်တည်းဖြစ်နေလို့ ပါ။
တစ်ယောက်တည်းဖြစ်နေလို့ အားငယ်စရာလည်းမလိုပါဘူး၊ သိမ်ငယ်စရာလည်း မဟုတ်ပါဘူး။ လူတွေအားလုံးက တစ်ပြေးညီတည်းတော့ မတူနိုင်နေပါဘူး။ မွေးလာတည်းက တစ်ယောက်တည်းမွေးလာကြပါတယ်။ အမွှာဖြစ်နေရင်တောင် ကြီးလာတဲ့အခါ သူ့ လမ်းသူလျှောက် ကွဲသွားနိုင်သေးပါတယ်။ ကျွန်တော်တို့ အားလုံးမှာ အတိတ်ကိုယ်စီရှိကြပါတယ်။ တစ်ချို့ က ရည်းစားချစ်သူ အရင်တည်းက လုံးဝမရှိတာလည်း ပါပါတယ်။ တစ်ချို့ က အတိတ်က အကြောင်းမလှလို့ တစ်ကိုယ်တည်း ဖြစ်သွားကြတာများပါတယ်။
၁။ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါ။
အမှား လုပ်ခဲ့လို့ ခွင့်လွှတ်ခိုင်းတာမျိုး မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို နားလည်ပေးပါ။ ဖြေသိမ့်ပါ။ ပြောချင်တာက ငါဒီလိုဖြစ်နေတာ အကြောင်းရင်းတစ်ခုခုတော့ ရှိမယ်။ အလဟဿ ဒီလိုတစ်ကိုယ်တည်း ဖြစ်နေတာမဟုတ်တဲ့ အကြောင်း စဉ်းစားကြည့်ပါ။
၂။ ကိုယ့်ရဲ့ အားသာချက်ကို ချီးမွမ်းပါ။
ကိုယ် သူများတွေလို အချည်အနှောင်မရှိပဲ လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်။ လုပ်ချင်တာတွေကို နောက်ဆံမတင်းပဲ ကောက်လုပ်လို့ ရပါတယ်။ လူတိုင်း ဒီအခွင့်အရေး မရှိပါဘူး။ အိမ်ထောင်သည်တွေ ချစ်သူရည်းစားတွေ တစ်ခုခုလုပ်တိုင်း သွားချင်တဲ့နေရာရှိတိုင်း သွားဖို့ စဉ်းစားနေချိန်မှာ သင်က ဘာမှ စဉ်းစားစရာမလိုပဲ ကောက်ထသွားလို့ ရပါတယ်။
၃။ သင့်ကိုယ်သင် အကဲဖြတ်တာရပ်လိုက်ပါ။
ဘ၀ဆိုတဲ့ အဓိပ္ဗါယ်က စင်ပေါ်မှာ ကိုယ်လုပ်တဲ့အရာအားလုံး အောက်က ဒိုင်တွေအကဲဖြတ်နေတာမျိုး မဟုတ်ပါဘူး။ သင်လုပ်သမျှဖြစ်သမျှ သင်ပိုင်ပါတယ်။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သင်လုပ်ခဲ့တဲ့အကျိုးဆက်ကို သင်ပိုင်ဆိုင်ပါတယ်။ ဘယ်သူမှ စွက်ဖက်တာပေးမလုပ်ပါနဲ့ ။ အိမ်ထောင်မကျတာ ရည်းစားမရှိတာ ကိုယ့်အပြစ်မဟုတ်ပါဘူး။ ကိုယ်လုပ်ချင်တဲ့ လမ်းကို ကိုယ်တိုင်ရွေးချယ်တာပဲဖြစ်ပါတယ်။
၎။ သင့်ရဲ့ မအောင်မြင်ခြင်းကို သင့်ရဲ့ ပန်းတိုင် အဖြစ်ပြောင်းလဲပါ
ဆိုလိုတာက ဥပမာ သင်က သင့်ကိုယ်သင် စကားပြောပေါင်းသင်းဆက်ဆံရေး ညံ့တယ်လို့ ထင်နေရင် အဲ့ဒါကို အကောင်းဆုံး ပြောင်းလဲဖို့ နည်းလမ်းရှာလိုက်ပါ။ ကိုယ့်ရဲ့ ကိုယ်ပိုင် အရည်အချင်းကို upgrade လုပ်ဖို့ ကြိုးစားပါ။ ပြောင်းလဲလိုက်ပါ။
၅။ ကိုယ့်ကိုယ်ကို ကလေးလေးတစ်ယောက်လို မြင်ကြည့်ပါ။
ချိုချိုဆို့ ပြီး လိုက်ပြေးနေတဲ့ ကလေးပုံစံ မဟုတ်ပါဘူး။ သင်က လုံးဝ အပြစ်ကင်းစင်ပြီး တခြားလူတွေလောက် သင်မလည်ပတ်ပဲ အရမ်းရိုးလို့ တစ်ကိုယ်တည်း ဖြစ်နေရတယ် လို့ ဖြည့်တွေးပါ။ အမှန်တရားကလည်း အဲ့လိုဖြစ်နေလို့ ပါ။
0 Comments