ညတိုင်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့  ဘာလို့ ဒီလောက်ခက်ခဲနေရတာလဲ။ ဒီပြဿနာမျိုးက လူတိုင်းကြုံတွေ့ နေရတဲ့အရာမျိုးပါ။ တစ်ချို့ လူတွေဆို လနဲ့ ချီပြီး ဒီဒုက္ခတွေကို ခံစားနေရပါတယ်။ အဓိကတရားခံတွေက ဘယ်သူတွေလဲဆိုတာ ဆက်ပြီးလေ့လာကြည့်ရအောင်။
၁၊ အိပ်ရာပေါ်ကို စိတ်ဖီးစီးမှူတွေကို မသယ်သွားပါနဲ့ ။
ညအိပ်တဲ့အချိန်တောင် စိတ်ဖီးစီးမှူတွေကိုသယ်သွားရင် သင်ကောင်းကောင်း အိပ်ပျော်နိုင်ဖို့ မလွယ်ပါဘူး။ ဘာလို့ လဲဆိုတော့ ငယ်ငယ်တုန်းက သင်ဖူးခဲ့တဲ့ ဖတ်စာအုပ်ထဲမှာလိုပဲ လူတွေက အိပ်ပျော်သွားတဲ့အခါမှာ ဦးနှောက်က အိပ်မပျော်ပဲအလုပ်တွေ ဆက်လုပ်နေတာကြောင့်ပဲ ဖြစ်တယ်။ ဦးနှောက်အလုပ်မလုပ်တဲ့နေ့ က သင်သေဆုံးတဲ့နေ့ ပဲ ဖြစ်ပါတယ်။
ဘာလုပ်သင့်လဲ။ ။ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းက သင့်ဦးနှောက်မှာ စိတ်ဖီးစီးနေတဲ့ အရာတွေကို တည်ငြိမ်စေပြီး အိပ်ပျော်အောင် လုပ်ပေးပါတယ်။ ဒီလိုအသက်ရှူလေ့ကျင့်ခန်းကို အင်္ဂလိပ်လို Box-Breathing လို့ ခေါ်ပါတယ်။ Mr.Bean ရုပ်ရှင်ထဲကလို သိုးတွေထိုင်ရေနေရင်တော့ သင်တစ်ကယ်အိပ်ပျော်ချင်မှ အိပ်ပျော်ပါမယ်။ ဘာလို့ လဲ ဆိုတော့ လူက ပိုနိုးကြားနေပြီး အိပ်မပျော်နိုင်တော့မှာမို့ လို့ ပါပဲ။ Box-Breathing လုပ်ဖို့ အဆင့်သုံးဆင့်ပဲ ရှိပါတယ်။
၁၊ အသက်ရှူတဲ့အခါ လေးစက္ကန့် လောက် ရှူလိုက်ပါ။
၂၊ နှာခေါင်းထဲရောက်သွားတဲ့အခါမှာလည်း လေးစက္ကန့် လောက် ထိန်းထားပါ။
၃၊ အသက်ရှူထုတ်တဲ့အခါမှာလည်း လေးစက္ကန့် လောက်ငြိမ်ပေးပါ။ (ချက်ချင်းပြန်မရှူပါနဲ့ )။
ဒီအဆင့်သုံးဆင့်ကို လုပ်ခြင်းဖြင့် သင့်ရဲ့ တစ်နေ့ တာစိတ်ဖီးစီးမှူကို ပြေပျောက်စေပြီး သင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှာ ဖြစ်ပါတယ်။
၂၊ ညဘက်အစားအသောက် ကျူးခြင်း။
ညဘက်ဗိုက်ဆာတဲ့အခါမှာ အပြင်ထွက်စားသောက်ခြင်းက ဗိုက်ဆာခြင်းကို ပြေပျောက်စေနိုင်ပေမယ့် ညဘက်တစ်ရေးနိုးခြင်းကိုလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းက စားတဲ့အစားအသောက်မှာပါတဲ့ ဆီတွေကြောင့်လည်း ဖြစ်နိုင်သလို အရက်နှင့်ဘီယာတွေကြောင့်လည်း ဖြစ်တယ်။ အရက်၊ဘီယာတွေက အိပ်ပျော်ခြင်းကိုမြန်မြန်လုပ်နိုင်ပေမယ့် ညဘက်တစ်ရေးနိုးခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။ တစ်ခုတော့ရှိတယ်၊ သင်အိပ်တဲ့အချိန်က အရမ်းနောက်ကျနေရင်လည်း မနက်မိုးလင်းမှ နိုးပါလိမ့်မယ်။ နိုးတဲ့အခါမှာလည်း ရေအရမ်းဆာပြီး နိုးလာတတ်ပါတယ်။ ဒါကဘာလို့ လဲဆိုတော့ ရေဓါတ်ကုန်ခန်းသွားလို့ ပဲ ဖြစ်တယ်။
ဘာလုပ်သင့်လဲ။ ။ အတတ်နိုင်ဆုံးမအိပ်ခင် မစားအောင် သတိထားပါ။
၃၊ အိပ်ရာပေါ်မှာ ဖုန်းသုံးခြင်းနဲ့ ကွန်ပျူတာသုံးခြင်းကို ရှောင်ကြဉ်ပါ။
မအိပ်ခင် အိပ်ရာပေါ်မှာ ဖုန်းသုံးခြင်းက သင့်ကိုအိပ်မပျော်အောင် ပိုဖြစ်စေပါတယ်။ ဖုန်းကထွက်တဲ့ အပြာရောင် အလင်းတန်းတွေက သင့်ဦးနှောက်ကိုနိုးကြားစေပြီး အိပ်ပျော်ဖို့ အတွက် အဟန့် အတားဖြစ်စေပါတယ်။ ဒါကြောင့်နောက်ပိုင်းမှာ ဖုန်းတွေ၊ကွန်ပျူတာတွေမှာ ညဘက်အလင်းလျှော့ချပေးတဲ့ night mode တွေပါဝင်လာပါတယ်။
ဘာလုပ်သင့်လဲ။ ။ မအိပ်ခင် တစ်နာရီလောက် ဖုန်းသုံးတာကိုရပ်ပါ။ ပြီးမှ အိပ်ပါ။
၎၊ ညအိပ်ရာဝင်ချိန်ထိ အလုပ်လုပ်ခြင်း။
သင့်မှာရှိတဲ့အချိန်က တစ်နေ့ မှ၂၄နာရီပဲ ရှိတာပါ။ ဒါတောင် အိပ်တဲ့အချိန်ထိ သင်အလုပ်ဆက်လုပ်နေသေးရင် သင်လည်းအနားရမှာမဟုတ်သလို သင့်ဦးနှောက်လည်း နားနိုင်မှာမဟုတ်ပါဘူး။ ဦးနှောက်က အမြဲနိုးကြားနေတဲ့အခါမှာ လွယ်လွယ် အိပ်ပျော်ဖို့ လည်း ခက်ခဲပါတယ်။ နောက်တစ်ခုက အိပ်ချိန်နေ့ တိုင်း မမှန်ရင်လည်း ညသန်းခေါင် နိုးတာမျိုးဖြစ်နိုင်ပါတယ်။ ပညာရှင်တွေရဲ့  လေ့လာတွေ့  ရှိချက်အရ ဦးနှောက်က နေ့ စဉ်လည်ပတ်လုပ်နေတဲ့အရာမျိုးကို ပိုနှစ်သက်ပြီး အလုပ်လုပ်တဲ့အခါမှာ ပိုပြီးမြောက်စေပါတယ်။
ဘာလုပ်သင့်လဲ။ ။ မအိပ်ခင် သီချင်းအေးအေးလေး နားထောင်တာ၊ ဒါမှမဟုတ် စာအုပ်တစ်ခုခုကို ဖတ်တဲ့အကျင့်လုပ်ပေးပါ။
အချုပ်ပြောရရင်တော့ အိပ်ရေးမ၀တဲ့လူတွေက အလုပ်လုပ်တဲ့အခါလည်း လန်းလန်းဆန်းဆန်းမရှိပဲ အမြဲထိုင်းမှိုင်းနေတတ်ပါတယ်။ ညဘက် တစ်ရေးနိုးများရင်လည်း အိပ်ရေးမ၀တတ်ကြပဲ ကြာတဲ့အခါ အလုပ်ကိုထိခိုက်လာတတ်ပါတယ်။
0 Comments