Unicode
အချို့လူတွေက လည်ပတ်သွားလာစရာတွေသွားဖို့အတွက် L.A မြို့ကိုသွားကြပါတယ်။ L.A မှာ ကစားကွင်းတွေနဲ့ Hollywood stars တွေရဲ့ Walk of Fame နေရာမျိုးတွေရှိသလို အာကာသ ယာဉ်ပျံ company တွေဖြစ်တဲ့ space-x company တွေလည်းရှိပါတယ်။ အခုပြောပြမယ့် rocket company ကတော့ Relativity space companty အသစ်တစ်ခုဖြစ်ပါတယ်။ Relativity space company ကို တည်ထောင်ခဲ့တဲ့ လူငယ်နှစ်ယောက်ကတော့ Tim နဲ့ Jordan ဖြစ်ပါတယ်။
Tim နဲ့ Joardan က Amazon ရဲ့ space company တစ်ခုဖြစ်တဲ့ Blue Origin နဲ့ Elon Musk ရဲ့ space-x company မှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။ ပြီးမှ ကိုယ်ပိုင် space company တစ်ခုကို ထူထောင်ဖို့ ရည်ရွယ်ချက်ချခဲ့ပြီး space company တစ်ခု စတည်ထောင်ခဲ့ပါတယ်။
Relativity company ရဲ့ rocket ကို 3D printer နဲ့ လုပ်ပြီးစျေးအရမ်းသက်သာအောင် လုပ်ထားပါတယ်။ Rocket ရဲ့ ကုန်ကြမ်း body ကို alloy နဲ့ ပြုလုပ်ထားပြီး ဒီ alloy ကို rocket မှာ သုံးနိုင်တဲ့အထိ သန့်စင်မှုတွေလုပ်ပြီး 3D Printer မှာ ကုန်ကြမ်းအဖြစ်နဲ့ အသုံးပြုပါတယ်။ 3D Printer က သာမန် 3D Printer တွေထက် ကြီးပြီး Rocket တွေဆောက်နိုင်တဲ့ အရွယ်အစားရှိပါတယ်။ ဒီ 3D Printer machine တွေက သာမန် rocket တစ်ခုဖြစ်ဖို့ ကုန်ကျစရိတ်တော်တော်များများကို သက်သာစေပါတယ်။ အထူးသဖြင့် လူအင်အားနဲ့ အခြားကုန်ကျစရိတ်ကို ကာမိစေပါတယ်။ လက်ရှိ Elon Musk ရဲ့ space-x company က rocket တစ်ခါလွှတ်ရင် ၆၀မီလီယံ ကုန်ကျပါတယ်။ ဒါတောင် လက်ရှိ ကမ္ဘာမှာ စျေးအသက်သာဆုံး space company တစ်ခုဖြစ်ပါတယ်။
Relativity ရဲ့ Angel Investor ကတော့ Mark Cuban ဖြစ်ပါတယ်။ ကမ္ဘာမှာ အချမ်းသာဆုံး သူဌေးစာရင်းမှာလည်း ပါဝင်ပါတယ်။ Relativity Company ရဲ့ founder နှစ်ယောက်က Mark Cuban ကို ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းရာမှ လက်ခံခဲ့ပြီး အခုလို Space Company တစ်ခု ဖြစ်လာခဲ့ပါတယ်။ Relativity Company က rocket တစ်ခုကို ၁၀မီလီယံနဲ့ အနာဂတ်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ Relativity Company က ကိုယ်ပိုင် Rocket လွှတ်တင်ဖို့ အစီအစဉ်ရှိပါတယ်။
အမှန်တကယ် လက်တွေ့မှာ 3D Printer နဲ့ ထုတ်ထားတဲ့ Rocket တွေက ကြံ့ခိုင်မှု ရှိမရှိနဲ့ တစ်ကယ်တမ်းလက်တွေ့မှာ အသုံးဝင်လာမလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Zawgyi
အခ်ိဳ႕လူေတြက လည္ပတ္သြားလာစရာေတြသြားဖို႔အတြက္ L.A ၿမိဳ႕ကိုသြားၾကပါတယ္။ L.A မွာ ကစားကြင္းေတြနဲ႔ Hollywood stars ေတြရဲ႕ Walk of Fame ေနရာမ်ိဳးေတြရွိသလို အာကာသ ယာဥ္ပ်ံ company ေတြျဖစ္တဲ့ space-x company ေတြလည္းရွိပါတယ္။ အခုေျပာျပမယ့္ rocket company ကေတာ့ Relativity space companty အသစ္တစ္ခုျဖစ္ပါတယ္။ Relativity space company ကို တည္ေထာင္ခဲ့တဲ့ လူငယ္ႏွစ္ေယာက္ကေတာ့ Tim နဲ႔ Jordan ျဖစ္ပါတယ္။Tim နဲ႔ Joardan က Amazon ရဲ႕ space company တစ္ခုျဖစ္တဲ့ Blue Origin နဲ႔ Elon Musk ရဲ႕ space-x company မွာ အလုပ္လုပ္ခဲ့ဖူးပါတယ္။ ၿပီးမွ ကိုယ္ပိုင္ space company တစ္ခုကို ထူေထာင္ဖို႔ ရည္႐ြယ္ခ်က္ခ်ခဲ့ၿပီး space company တစ္ခု စတည္ေထာင္ခဲ့ပါတယ္။Relativity company ရဲ႕ rocket ကို 3D printer နဲ႔ လုပ္ၿပီးေစ်းအရမ္းသက္သာေအာင္ လုပ္ထားပါတယ္။ Rocket ရဲ႕ ကုန္ၾကမ္း body ကို alloy နဲ႔ ျပဳလုပ္ထားၿပီး ဒီ alloy ကို rocket မွာ သုံးႏိုင္တဲ့အထိ သန႔္စင္မႈေတြလုပ္ၿပီး 3D Printer မွာ ကုန္ၾကမ္းအျဖစ္နဲ႔ အသုံးျပဳပါတယ္။ 3D Printer က သာမန္ 3D Printer ေတြထက္ ႀကီးၿပီး Rocket ေတြေဆာက္ႏိုင္တဲ့ အ႐ြယ္အစားရွိပါတယ္။ ဒီ 3D Printer machine ေတြက သာမန္ rocket တစ္ခုျဖစ္ဖို႔ ကုန္က်စရိတ္ေတာ္ေတာ္မ်ားမ်ားကို သက္သာေစပါတယ္။ အထူးသျဖင့္ လူအင္အားနဲ႔ အျခားကုန္က်စရိတ္ကို ကာမိေစပါတယ္။ လက္ရွိ Elon Musk ရဲ႕ space-x company က rocket တစ္ခါလႊတ္ရင္ ၆၀မီလီယံ ကုန္က်ပါတယ္။ ဒါေတာင္ လက္ရွိ ကမာၻမွာ ေစ်းအသက္သာဆုံး space company တစ္ခုျဖစ္ပါတယ္။ Relativity ရဲ႕ Angel Investor ကေတာ့ Mark Cuban ျဖစ္ပါတယ္။ ကမာၻမွာ အခ်မ္းသာဆုံး သူေဌးစာရင္းမွာလည္း ပါဝင္ပါတယ္။ Relativity Company ရဲ႕ founder ႏွစ္ေယာက္က Mark Cuban ကို ရင္းႏွီးျမႇဳပ္ႏွံဖို႔ ကမ္းလွမ္းရာမွ လက္ခံခဲ့ၿပီး အခုလို Space Company တစ္ခု ျဖစ္လာခဲ့ပါတယ္။ Relativity Company က rocket တစ္ခုကို ၁၀မီလီယံနဲ႔ အနာဂတ္မွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။ ၂၀၂၁ ခုႏွစ္မွာေတာ့ Relativity Company က ကိုယ္ပိုင္ Rocket လႊတ္တင္ဖို႔ အစီအစဥ္ရွိပါတယ္။ အမွန္တကယ္ လက္ေတြ႕မွာ 3D Printer နဲ႔ ထုတ္ထားတဲ့ Rocket ေတြက ႀကံ့ခိုင္မႈ ရွိမရွိနဲ႔ တစ္ကယ္တမ္းလက္ေတြ႕မွာ အသုံးဝင္လာမလားဆိုတာေတာ့ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။
0 Comments