တစ်နေ့နဲ့တစ်နေ့ လူတွေရဲ့ဘ၀နေထိုင်မှုပုံစံက ပြောင်းလဲဖို့လိုအပ်ပါတယ်။ စားဝတ်နေရေးအတွက် ရုန်းကန်ရင်း ဘ၀က အလိုမကျတာမျိုးတွေ ရှိတတ်ပါတယ်။ ဘ၀က စိတ်ဝင်စားစရာ မကောင်းရင် နေထိုင်ရနေတာလည်း အဓိပ္ပါယ်မရှိ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ဘ၀နေထိုင်မှုပုံစံကို စိတ်ဝင်စားစရာ ဖြစ်အောင် နေထိုင်ဖို့လိုပါတယ်။
၁။ ပျင်းရိမှုကို အဆုံးသတ်ပါ။
တစ်နေ့တစ်နေ့ လုပ်စရာမရှိပြီး ရုပ်ရှင်တစ်နေကုန်ထိုင်ကြည့်တာကို အဆုံးသတ်ဖို့လိုပါတယ်။ သင့်ကို စိတ်ပျော်ရွှင်စေမယ့် အရာမျိုးနဲ့ သင်စိတ်ဝင်စားတဲ့ ဘယ်အရာကို မဆို လုပ်ဖို့ လိုအပ်ပါတယ်။ ဥပမာ တစ်ခုခုကို လေ့လာတာမျိုး၊ အားကစားတစ်ခုခု လုပ်တာမျိုးတွေ လုပ်ဖို့လိုပါတယ်။ ကိုယ့်ကို စိတ်တက်ကြွစေမယ့် ဘယ်အရာမျိုးကိုမဆို ကြိုးစားပြီးလုပ်ပါ။
၂။ လူတွေရဲ့နာမည်နဲ့ ဖုန်းနံပါတ်တွေကို မှတ်မိအောင်လုပ်ပါ။
ဖုန်းထဲက contact ထဲမှာသာမက ဦးနှောက်မှာပါ သင့်သူငယ်ချင်းတွေရဲ့ ဖုန်းနံပါတ်နဲ့ မွေးနေ့တွေကို အမြဲ အမှတ်ရအောင် လုပ်ပါ။ ဒီလိုလုပ်ခြင်းက သင့် သူငယ်ချင်းတွေကို စိတ်ထဲမှာ အမြဲရှိပြီးဂရုစိုက်မှုကို ပြပါတယ်။ သင်က သူငယ်ချင်းတွေကို ဂရုစိုက်ပြီး စိတ်ထဲမှာ အမြဲရှိမှ သူတိုကလည်း သင့်ကို ဂရုစိုက်ပြီး ချစ်ခင်ကြမှာ ဖြစ်တယ်။ ဒါမှ သင့်ရဲ့ ဘ၀နေထိုင်မှုပုံစံက ပျော်ရွှင်ရာရောက်မှာပါ။
၃။ ကိုယ်ယုံကြည်ရာတစ်ခုအတွက် ကြိုးစားပါ။
သင်လုပ်ချင်တဲ့အရာတစ်ခုခုအတွက် သင့်ကိုယ်သင် ယုံကြည်မှုထားပါ။ ပြီးရင်ကြိုးစားပါ။ အခြားလူတွေနဲ့ သင် တစ်ယောက်တည်းဖြစ်တဲ့အထိ ကြိုးစားပါ။ ဆိုလိုတာက ကိုယ်ယုံကြည်ရာအတွက် အခြားလူတွေရဲ့ လွှမ်းမိုးမှုကို မခံပါနဲ့။
၎။ ကိုယ်လုံးဝမသိတဲ့ ဘာသာရပ်တစ်ခုခုကို လေ့လာ ကြည့်ပါ။
ဥပမာ သင်က စာရင်းကိုင်ဖြစ်နေပေမယ့် ဓါတ်ပုံရိုက်တာကို လေ့လာချင်တယ်ဆိုပါစို့။ ဒီလိုစိတ်မျိုးဖြစ်လာရင် ဓါတ်ပုံပညာကို စပြီးလေ့လာပါ။ ဓါတ်ပုံနယ်ပယ်က လူတွေနဲ့ စကားပြော ကြည့်ပါ။ သင်အရင်က မသိသေးတဲ့ အကြောင်းအရာတွေပါ သိလာနိုင်ပါတယ်။ အရာအားလုံးက စိတ်ဝင်စားစရာကောင်းလာပါလိမ့်မယ်။
၅။ ခရီးဝေးဝေးတစ်ခုသွားပါ။
သင့်ဒေသနဲ့ ဝေးတဲ့နေရာတစ်ခုခုကို ခရီးထွက်ကြည့်ပါ။ သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် တစ်ယောက်တည်းဖြစ်ဖြစ် သွားကြည့်ပါ။ ပတ်ဝန်းကျင်အသစ်နဲ့ စိတ်ဝင်စားစရာတွေက သင့်ကို စောင့်ကြိုနေပါလိမ့်မယ်။
၆။ သင့် fashion ကို ပြောင်းလဲသင့်ရင် ပြောင်းပါ။
သင့် fashion က စိတ်မဝင်စားစရာမကောင်းပဲ ပုံမှန်ဖြစ်နေတာမျိုး ဒါမှမဟုတ် သူများထက် ထူးခြားပြီး ဖြစ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ကိုယ်နဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံ ဝတ်စားဆင်ယင်မှုကို ဦးစားပေးပါ။ သင့်ပုံစံက ကြည့်ကောင်းလာလေလေ လူတွေက သင့်ကို စိတ်ဝင်စားမှုပိုလာလေပဲ ဖြစ်ပါတယ်။
၇။ သင်ကြားခဲ့ရသမျှအားလုံးကို လူတွေနဲ့ မျှဝေပါ။
အသစ်တွေ သင်ကြားခဲ့ရသမျှ အားလုံးကို သင့်သူငယ်ချင်းတွေနဲ့ မျှဝေပါ။ ဒီလိုလုပ်တဲ့အခါမှာ သင့်ကိုယ်သင်ထက် စိတ်ဝင်စားစရာကောင်းတဲ့ လူတွေကို တွေ့လာပါလိမ့်မယ်။ သူတို့တွေက သင့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဘ၀ကို ပေးနိုင်ပါတယ်။
၈။ Concert နဲ့ show ပွဲတွေ သွားပါ။
သင်က လူအများကြီးရှိတဲ့နေရာကို မသွားချင်ရင်တောင် ဒီအချက်ကိုတော့ စဉ်းစားစေချင်ပါတယ်။ Concert ပွဲသွားတဲ့လူတော်တော်များများက သူငယ်ချင်းအသစ်ရကြပါတယ်။ ဒီလိုပွဲမျိုးသွားရုံနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ လူတွေနဲ့ မတွေ့နိုင်ဘူးလို့ မပြောနိုင်ပါဘူး။
၉။ Smart ဖြစ်အောင်နေပါ။
အခုခေတ်မှာ လူတွေက အဓိပ္ပါယ်မရှိတဲ့ အကြောင်းအရာတွေကို အင်တာနက်မှာ ဖြန့်ဝေတာမျိုးတွေ ပြီးတော့ ဟာသတွေကို တမင်လုပ်ယူပြီး လူမှုကွန်ရက်တွေမှာ ဖြန့်တာမျိုးတွေ ရှိပါတယ်။ ဒီအရာတွေက ခဏတစ်ဖြုတ်ကြည့်ရင် ပျော်စရာကောင်းပေမယ့် ကြည့်တာများလာတဲ့အခါမှာ သင့်ရဲ့ မသိစိတ်ထဲမှာ ဒီအရာတွေကို နှစ်သက်လာပါတယ်။ ဒါကြောင့် ကိုယ့်အတွက် အရေးပါတဲ့ အရာတွေနဲ့ အရေးမပါတာတွေကို သေချာသိဖို့လိုပါတယ်။ ကိုယ့်အတွက်အကျိုးရှိတဲ့အရာတွေကို အချိန်ပေးပြီး ပိုလုပ်ပါ။
အချုပ်ပြောရမယ်ဆိုရင်တော့ ဒီအချက်တွေအားလုံးကို လုပ်ခြင်းအားဖြင့် သင့်ရဲ့ ဘ၀နေထိုင်မှုပုံစံက ပြောင်းလဲလာနိုင်ပါတယ်။ နေထိုင်ရတာလည်း အဓိပ္ပါယ်ရှိလာပါလိမ့်မယ်။
0 Comments