ဂျပန်က အွန်လိုင်းမှာ အင်္ကျီရောင်းတဲ့ ကုမ္ဗဏီကြီးတစ်ခုရဲ့ သူဌေးတစ်ဦး ဖြစ်တဲ့ Yusaku Maezawa ကို Elon Musk က ၂၀၂၃ မတိုင်ခင် ပို့ ပေးမယ်လို့ အတိအလင်းကြေညာခဲ့ပါတယ်။ ဂျပန်သူဌေးဟာ အသက် ၄၂နှစ်ရှိပြီး အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ သက်တမ်းတစ်လျှောက်မှာ ဆေးပန်းချီကားတွေ အတွက် ဒေါ်လာ ၁၁၀.၅ မီလီယံ ပိုက်ဆံကို သုံးခဲ့ပါတယ်။ သာမန်လူအတွက်တော့ တစ်သက်စာ စားမကုန်တဲ့ ပိုက်ဆံတွေပါပဲ။ ဂျပန် သူဌေးကြီးဟာ သူလကမ္ဘာကို သွားခဲ့ရင်လည်း တစ်ယောက်တည်းမသွားပဲ အနုပညာရှင် အချို့ ကိုပါ ခေါ်သွားချင်ကြောင်း ပြောကြားခဲ့ပါတယ်။ သူခေါ်သွားချင်တဲ့ အနုပညာရှင်အချို့ က ကမ္ဘာကြီးမှာတော့မရှိကြတော့ပေမယ့် လူသိကျော်ကြားတဲ့ အနုပညာရှင်များ ဖြစ်ပါတယ်။ Michael Jackson, Picasso, Andy Warhol နဲ့ အခြား အနုပညာရှင်များ ဖြစ်ပါတယ်။
ဒီလို လကမ္ဘာကို ခရီးသွားမယ့်စရိတ်က တော်တော်ကုန်ကျမှာဖြစ်တယ်။ ဒါပေမယ့် ဒီအိုင်ဒီယာကို ဂျပန်သူဌေးက Elon Musk ရဲ့Space X company ကိုလာပြီး ကိုယ်တိုင်ပြောပြခဲ့ပါတယ်။ ပြီးတော့ ပိုက်ဆံလည်းတန်းချေခဲ့ပါတယ်။ သူပေးခဲ့တဲ့ ပိုက်ဆံ amount က လကမ္ဘာကို သွားမယ့်ခရီးစရိတ် အသွားအပြန်ကို ကာမိတယ်လို့ လည်း elon musk က ပြောကြားခဲ့ပါတယ်။ သူနဲ့ လိုက်ပါမယ့် မည်သည့်အနုပညာရှင်မဆို elon musk က free ဆိုပီး အတည်ပြောကြားခဲ့ပါတယ်။ ဒီတစ်ကြိမ်က ပထမဦးဆုံး Space X Company က လကမ္ဘာကို အလည်ပတ်ပို့ မယ်လို့ ပြောကြားခဲ့တာမဟုတ်ပါဘူး။ ပထမတည်းက လကမ္ဘာကို သွားဖို့ ပိုက်ဆံလာချေတဲ့ customers ရှိပီးသားလို့ ပြောပါတယ်။ သူတို့ က ဟောလီးဝုဒ်တည်းက မဟုတ်ပါဘူးလို့ မီဒီယာတွေကို ကြေညာခဲ့ပါတယ်။ လာမယ့် ဒီဇင်ဘာလထဲမှာ လူမပါပဲ လွှတ်မယ့် ဒုံးကျည်အမည်ကို crew dragon လို့ အမည်ပေးထားပါတယ်။
ဒီစမ်းသပ်မှူတွေ မတိုင်ခင်တည်းက Elon Musk ဟာ လကမ္ဘာကို အစမ်း ဒုံးကျည် လွှတ်တာ အောင်မြင်ပြီးသားဖြစ်ပါတယ်။ ဂျပန် သူဌေးကြီးနဲ့ အတူ space x company ရဲ့ founder Elon Musk ကိုယ်တိုင် လိုက်ပါသွားနိုင်တယ်လို့ လည်း သူကိုယ်တိုင် ပြောခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆယ်နှစ်လောက်ဆိုရင် အမှန်တကယ် လူတွေ လကမ္ဘာကို အလည်ပတ်သွားတာတို့ နေထိုင်တာတို့ တစ်ကယ်ဖြစ်လာပါတော့မယ်။ ရုပ်ရှင်တွေထဲက ဇာတ်ဝင်ခန်းတွေလို အမှန်တကယ် ဖြစ်လာဖို့ အနာဂတ်က သိပ်မဝေးတော့ပါဘူး။
0 Comments