fbpx

ကျန်းမာရေးကောင်းတဲ့ အချစ်ဆိုတာဘာလဲ?


2
288 shares, 2 points

လူတစ်ယောက် ကျန်းမာရေးမကောင်းရင် ဘာဖြစ်ကြလဲ? နှာစေး ချောင်းဆိုး နေလို့ ထိုင်လို့ မကောင်းဖြစ်တယ်။ ကိုယ့်ရဲ့ အချစ်က အဲ့လိုဖြစ်နေတာကို ဆိုလိုတာမဟုတ်ပါဘူး။ ကျန်းမာရေးကောင်းတဲ့ အချစ်ဆိုတာ နှစ်ဦးနှစ်ဖက်အဆင်ပြေ ချောမွေ့ ပီး အဆင်ပြေနေတာကို ပြောတာပါ။ ကျန်းမာရေးမကောင်းတဲ့ အချစ်ဆိုတာကတော့ နှစ်ဦးနှစ်ဖက်ချစ်နေတာတော့ ချစ်နေတာပဲ။ ဒါပေမယ့် ရောဂါဝင်နေသလိုမျိုး ဖြစ်ပြီးနေရထိုင်ရတာ စိတ်ကျဉ်းကြပ်နေတာကိုပြောတာပါ။ ရောဂါမသည်းခင် ဘယ်လိုပျောက်အောင် ကုရမလဲဆိုတာ တူတူလေ့လာကြည့်ရအောင်။

၁။ ကိုယ်ဘာလုပ်လုပ် ကိုယ့်ချစ်သူရဲ့ ခွင့်ပြုချက်ယူရတာမျိုး

ထမင်းစားရင်လည်း ထမင်းစားတော့မှာမို့ ၊ အပြင်သွားရင်လည်း အပြင်သွားရမှမို့ ၊ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကြည့်ရင်လည်း ရုပ်ရှင်ကြည့်ရမှာမို့ ။ စဉ်းစားကြည့်ပါ အိမ်ကလူတွေတောင် အဲ့လောက်ဘာလုပ်လုပ် အသေးစိတ်တင်ပြရလားဆိုတာ။ သင်လုပ်သမျှကို အကုန်အသေးစိတ်တင်ပြီးခွင့်ပြုချက် ယူနေရရင်တော့ သင့်မှာကျန်းမာတဲ့အချစ်ရှိတယ်လို့ ပြောလို့ မရနိင်သေးပါဘူး။

၂။ ကိုယ့်ပြဿနာကို သူကဖြေရှင်းပေးချင်တာမျိုး ဒါမှမဟုတ်  သင်ကိုယ်တိုင် သူ့ ပြဿနာကို ဖြေရှင်းပေးရတာမျိုး

လူဆိုတဲ့ သဘောကတော့ အမှီအတွယ် အားကိုးချင်တာလေးတွေ ကြင်နာတာတွေ တွယ်တာတတ်ကြတာပဲ။ ဒါပေမယ့် တစ်ခါတစ်လေ သင်ကိုယ်တိုင် သုံးသပ်ကြည့်ပါ။ ပြဿနာတိုင်းကို ကိုယ်တိုင် ကိုင်တွယ်နိင်လား ဒါမှမဟုတ် သူ့ ရဲ့ အကူအညီသေချာပေါက် လိုလားဆိုတာ။ သင်က ယောက်ျားလေးဖြစ်နေရင်တောင်မှ သူ့ ရဲ့ ပြဿနာတိုင်းကို လိုက်ဖြေရှင်းပေးရမယ်ဆိုတာက သတ်မှတ်ချက်မရှိပါဘူး။ ဒီလိုပြောလို့  မိန်းကလေးတွေက တစ်ဖတ်သတ်ဆန်နေတယ်လို့ ထင်ချင်ထင်ပါလိမ့်မယ်။ အမှန်တရားက လူတိုင်းက ကိုယ့်ပြသနာကို ကိုယ်တိုင်ပဲဖြေရှင်းနိင်လို့ ပါ။ ဒါကြောင့် ချစ်သူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ ကိုယ်ပြဿနာ အမှားနဲ့ ကြုံလာရင် ကိုယ်တိုင်ပဲဖြေရှင်းရမှာဖြစ်လို့ ပါ။ ကိုယ့်မှာ ပြဿနာရှိသလို တခြားလူတွေမှာလည်း အနည်းနဲ့ အများ ပြဿနာရှိနေနိုင်ပါတယ်။ ဒါကြောင့် သေချာစဉ်းစားပါ ပြဿနာတိုင်းကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ဖြေရှင်းရမလဲဆိုတာ။

၃။ Roller Coaster လိုအချစ်မျိုး

မြင့်လိုက် ကျလိုက် အချစ်မျိုးကို ပြောတာပါ။ ပျော်စရာရှိလာရင်တော့ အရမ်းချစ်ကြပြီး စောစောက ပြောသလို ပြဿနာတွေနဲ့ ကြုံလာတဲ့အခါမှာတော့ သူကဖြေရှင်းမပေးနိင်ရင်ဖြစ်ဖြစ် အကူအညီမပေးနိင်ရင်ဖြစ်ဖြစ် သင်က အချစ်ဆိုတာကြီး အပေါ်ကို အပြစ်တွေ ပုံချတော့မှာပါ။ အချစ်က ခါးတယ် ဆိုတာလည်း ဒီလိုအကြောင်းအရာက တစ်ဆင့်ဖြစ်ပေါ် လာတာပါ။

၎။ အပြင်လူတွေ ပါဝင်ပတ်သတ်လာခြင်း

ဒီနေရာမှာ တော်တော်များများပြဿနာ တက်ကြပါတယ်။ ဘယ်လိုလဲဆိုတော့ မိဘဆွေမျိုး သူငယ်ချင်းတွေက သင့်ချစ်သူက မကောင်းဘူးပြောတာ သင်ကိုယ်တိုင်မခံစား နိုင်တာပါ။ ကျန်းမာရေး ကောင်းတဲ့ အချစ်ဆိုတာ နှာမစေးပါဘူး။ ဘေးက နှာစေးပြောကြတဲ့ စကားကို ဂရုမစိုက်ပါဘူး။

၅။ ပျော်ရွှင်မှူ

သင့်ရဲ့ ပျော်ရွှင်မှူဆိုတာ သင့်ရဲ့ ချစ်သူအပေါ် အများကြီးမူတည်ပါတယ်။ ဥပမာ သင်က စိတ်ညစ်နေသည်တိုင်အောင် သင့်ရဲ့ ချစ်သူပျော်ရွှင်နေတာကို ကြည့်လိုက်ရင် ပျော်ရွှင်သွားရင် သင်ကိုယ်တိုင် တစ်ကယ့်ပျော်ရွှင်မှူကိုရသလို ခံစားရပါမယ်။ သင်ကလည်း အမြဲစိတ်ညစ်မှူမရှိအောင် အတတ်နိင်ဆုံးပျော်ရွှင်အောင်နေပါ။ ဒါမှ သင်ရော သင့်ချစ်သူရော ကျန်းမာရေးကောင်းတဲ့ အချစ်ဖြစ်လာမှာပါ။

၆။ နောက်ဆုံးပိတ် အိတ်နဲ့ လွယ်

နောက်ဆုံးပိတ် အိတ်နဲ့ လွယ်ဆိုတဲ့ စကားအတိုင်း သင့်ရဲ့ စစ်မှန်တဲ့ လက်တွဲဖော် ဟုတ်မဟုတ် တစ်ခါတည်း သုံးသပ်ကြည့်မယ်။ သူမရှိရင် မနေနိင်တဲ့ အကြောင်းပြချက် တစ်ခုပြန်စဉ်းစားကြည့်ပါ။ သူက သင့်ကို အမှန်တကယ်ချစ်လားဂရု စိုက်လား သင်ကိုယ်တိုင်အသိဆုံးဖြစ်မှာပါ။ ဝေခွဲမရရင် တခြားလူတွေကို မမေးပါနဲ့ ။ သူ နဲ့ မတွေ့ ခင်နဲ့ သူနဲ့ တွေ့ ပီး သင်ပြောင်းလဲလာတဲ့ ပြောင်းလဲမှူတွေကို တွေးကြည့်ပါ။ သူ့ ကြောင့် သင်အားတွေရှိပီး လုပ်တဲ့အလုပ်တိုင်းကို ရဲရဲရင့်ရင့်လုပ်လာတာမျိုး ဒါမှမဟုတ် သူ့ ရဲ့ အပြင်ပိုင်းရုပ်ရည်လေးကိုပဲ ကြွေတာမျိုးထက် ဆန်းကြယ်တာမျိုးမရှိတာလားဆိုတာ သင်သုံးသပ်ပါ။ ဘယ်လိုဖြစ်ဖြစ် သူမှသူဆိုရင်တော့ အပေါ်က ပြောခဲ့တဲ့အရာတွေ ကို သေချာလုပ်ပီး ပွင့်ပွင့်လင်းလင်း သူနဲ့ ဆွေးနွေးပါ။

အားလုံး ကျန်းမာရေးကောင်းတဲ့ အချစ်တွေ ပိုင်ဆိုင်ပါလို့ မျှော်လင့်ရင်း…….


Like it? Share with your friends!

2
288 shares, 2 points

What's Your Reaction?

angry angry
1
angry
lol lol
2
lol
omg omg
1
omg
fail fail
1
fail
geeky geeky
0
geeky
love love
7
love
wtf wtf
2
wtf
Share mal

0 Comments

Your email address will not be published. Required fields are marked *

Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Countdown
The Classic Internet Countdowns
Open List
Submit your own item and vote up for the best submission
Ranked List
Upvote or downvote to decide the best list item
Meme
Upload your own images to make custom memes
Video
Youtube, Vimeo or Vine Embeds
Audio
Soundcloud or Mixcloud Embeds
Image
Photo or GIF
Gif
GIF format