fbpx
ကျန်းမာပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်ဖို့  အရက်ကို ဘယ်လိုဖြတ်ရမလဲ။
0
7 shares
ဘော်ဒါအပေါင်းအသင်းတွေရှိနေသရွေ့ အသောက်အစား ကိစ္စကတော့ကင်းမှာ မဟုတ်ပါဘူး။ အရက်၊ဘီယာ မသောက်တဲ့ လူလိမ္မာတွေတော့ ဒီစာဖတ်စရာ မလိုပါဘူး။ သို့ သော်လည်း ကိုယ့်ချစ်သူ၊ သူငယ်ချင်းတွေကို အရက်ပြတ်စေချင်ရင်တော့ ဒီစာလေးနဲ့ အကြံပေးပါရစေ။
အရက်၊ ဘီယာ ဘယ်လောက်သောက်ရင် များတယ်လို့ ယူဆလဲ။
အရက်က သင့်ခန္ဓာကိုယ်ထဲမှာ ဘယ်လိုအကျိုးသက်ရောက်မှူတွေ ဖြစ်စေလဲ။
အရက်က လူတွေအတွက် ကောင်းကျိုးပေးတဲ့စာတွေ အားလုံးဖတ်ပြီးသား ဖြစ်မှာပါ။ ယောက်ျားဆို တစ်နေ့ ကိုနှစ်ခွက်လောက်သောက်သင့်ပြီး မိန်းမသားတွေ အတွက်တော့ တစ်နေ့ ကိုတစ်ပတ်လောက် ပုံမှန်သောက်သုံးခြင်းဖြင့် ကျန်းမာစေပါတယ်။ အရက်သောက်လိုက်တဲ့အခါမှာ လူခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြောက ကျယ်သွားပြီး ခေါင်းကိုက်တာကို ဖြစ်စေပါတယ်။ ဒါ့အပြင် အရက်က ရေဓါတ်တွေအားလုံးကို ကုန်ခန်းသွားနိုင်တဲ့အတွက် အရက်သောက်ပြီးနိုးလာတဲ့ မနက်ခင်းတိုင်း ရေများများသောက်ဖို့ လိုပါတယ်။ ဒါ့အပြင် အစာအိမ်၊ အသည်းနှင့် နှလုံးနဲ့  ပတ်သတ်တဲ့ ရောဂါတွေဖြစ်စေနိုင်ပါတယ်။ အရက်က ခန္ဓာကိုယ်တစ်ခုတည်း ထိခိုက်တာမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာလည်း ထိခိုက်နိုင်ပါတယ်။ လူတွေက စိတ်ညစ်တဲ့အခါ အရက်ကိုသောက်ပြီး ဝေဒနာကို ဖြေဖျောက်ကြပါတယ်။ ဒါကတစ်ကယ် ပျောက်လားဆိုတော့ မဟုတ်ပါဘူး။ အရက်သောက်တဲ့အခါ လူတွေထိန်းချုပ်ထားတဲ့ ခံစားချက်တွေက ထွက်လာတတ်ပါတယ်။ ဒါမျိုး ဖြစ်တာကလည်း တိုတောင်းလွန်းပါတယ်။ ဒီလိုမျိုးအချိန်မှာ လူတွေကသောက်ထားတဲ့ အရှိန်ကြောင့် ရီဝေနေပြီး စကားပြောတဲ့အခါမှာ မသဲကွဲဖြစ်နေတတ်ပါတယ်။ ဒါမျိုးအရသာကို ကြိုက်ပြီး ဆက်သောက်တဲ့လူ တော်တော်များများက အရက်သမားဖြစ်သွားတတ်ပါတယ်။ အရက်သောက်များတဲ့လူ တော်တော်များများက ဦးနှောက်ပိုင်းဆိုင်ရာမှာ ထိခိုက်သွားတတ်ပြီး စိတ်မမှန်ဖြစ်သွားတတ်ပါတယ်။
အရက်စွဲနေတဲ့လူတွေအတွက် အရက်ဖြတ်နည်း
၁၊ သင့်မှာပြဿနာရှိကြောင်း ၀န်ခံပါ။
အရက်ကိုပျော်လို့ သောက်တဲ့လူထက် စိတ်ညစ်လို့ သောက်တဲ့လူက ပိုများပါတယ်။ ဥပမာ ငွေရေးကြေးရေးကြောင့်သော်လည်းကောင်း၊ မိသားစုကြောင့်သော်လည်းကောင်း စိတ်ညစ်နေတဲ့ ပြဿနာတွေကို ပွင့်ပွင့်လင်းလင်းပြောပြပါ။
၂၊ သင်ဘာကြောင့်အရက်ကို ဖြတ်သင့်လဲမေးပါ။
အသက်ရှည်ရှည်မနေချင်တော့ဘူးပြောတဲ့ လူတော်တော်များများက ပြဿနာကို ရှောင်ပြေးနေလို့ မောပန်းနေတဲ့လူများသာ ဖြစ်တယ်။ လူ့ ဘ၀ရတုန်း သက်တမ်းစေ့ ဖြတ်သန်းသွားပါ။ အရက်စွဲပြီးနေသွားရင်တော့ လူဖြစ်လိုက်ရတာ သင် တန်မှာမဟုတ်ပါဘူး။ သင်ချစ်တဲ့လူတွေနဲ့ တူတူ နေချင်သေးရင် အရက်ဖြတ်မယ့် အကြောင်းကိုသေချာစဉ်းစားပါ။ ဖြတ်ကိုဖြတ်ရမယ်ဆိုတဲ့ စိတ်ကို မွေးမြူပါ။
၃၊ သင့်ပတ်ဝန်းကျင်ကို ပြောင်းလဲလိုက်ပါ။
သင့်ပတ်ဝန်းကျင်မှာ သင်တွဲနေတဲ့လူတွေက ပျော်ပါးသောက်စား နေကြတဲ့ လူတွေသက်သက်ဆို သင်အရက်ဖြတ်ဖို့ က မလွယ်ပါဘူး။ ဒါကြောင့် သူတို့ နဲ့  သွားလာစားသောက်တဲ့အချိန်တွေ နည်းနည်းလျှော့ပါ။ ဒါဆိုရင် သင်သောက်ဖို့  နည်းသွားပါလိမ့်မယ်။
၎၊ သည်းခံ စိတ်ရှည်ပါ။
သင်က အရက်စွဲနေတဲ့အခါမှာ လူတွေက သင့်ကိုအရက်ဖြတ်ဖို့ ပြောတဲ့အခါမျိုး၊ ဒါမှမဟုတ် သင့်ကို ကောင်းစေချင်တဲ့ စိတ်ဆန္ဒကြောင့် နာကျင်အောင်ပြောတဲ့ အခါမျိုး သင်စိတ်ရှည်သည်းခံပါ။ သူတို့ စကားတွေကို နားထောင်ပေးပါ။ ဒီလိုအကျင့်မျိုး သင် ကျင့်သုံးသွားပါ။
၅၊ အရက်ပြတ်အောင် လုပ်ပေးနိုင်တဲ့လူတွေဆီ ချဉ်းကပ်ပါ။
အရက်ပြတ်အောင်လုပ်ဖို့ တစ်ကယ်တမ်းက တစ်ယောက်တည်းနဲ့  မလွယ်ကူပါဘူး။ Motivation လုပ်ပေးနိုင်တဲ့လူ တစ်ယောက်လိုအပ်ပါတယ်။ ဒါမှမဟုတ် ဆရာဝန်တွေဆီက အကူအညီတောင်းပြီး ဖြတ်ပါ။
အချုပ်ပြောရမယ်ဆိုရင် အရက်ကိုဖြတ်ဖို့  လိုအပ်တာ တစ်ခုပဲရှိပါတယ်။ စိတ်ခွန်အားပါပဲ။ သင့်စိတ်ခွန်အားကို အရက်ဖြတ်ဆေးအဖြစ် အသုံးချပြီး အရက်ဖြတ်ပါ။ အရက်ပြတ်သွားမှ သင့်ဘ၀ ဘယ်လောက်လှပလဲဆိုတာ သင်ကိုယ်တိုင် မြင်ခွင့်ရမှာပါ။
Like it? Share with your friends!
0
7 shares
What's Your Reaction?
angry angry
0
angry
lol lol
0
lol
omg omg
0
omg
fail fail
0
fail
geeky geeky
0
geeky
love love
0
love
wtf wtf
0
wtf
Win Thet Oo
0 Comments
Your email address will not be published. Required fields are marked *
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Countdown
The Classic Internet Countdowns
Open List
Submit your own item and vote up for the best submission
Ranked List
Upvote or downvote to decide the best list item
Meme
Upload your own images to make custom memes
Video
Youtube, Vimeo or Vine Embeds
Audio
Soundcloud or Mixcloud Embeds
Image
Photo or GIF
Gif
GIF format