သင်စာဖတ်မှားတာ မဟုတ်ပါဘူး။ ဟုတ်ပါတယ်၊ အန္တရာယ်ရှိတဲ့ ကစားနည်းငါးမျိုးကို ကလေးတွေကို ပေးကစားသင့်ပါတယ်။ ဒီခေါင်းစဉ်ကို စာရေးဆရာတစ်ယောက် Gever Tulley ရေးတဲ့စာအုပ်ထဲက အကြောင်းအရာထဲက ကောက်နှုတ်ထားခြင်းဖြစ်ပါတယ်။ ဒီကစားနည်းတွေကစားလို့ သင့်ကလေး မသေနိုင်ပါဘူး။ ဆက်ဖတ်ကြည့်ရအောင်။
၁။ ကျောင်းကို လမ်းလျှောက်သွားခိုင်းခြင်း။
ဒီနေ့ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတော်တော်များမှာတောင် ကားမတော်တစ်ဆ ဖြစ်မှုကြောင့် သေဆုံးတဲ့ကလေးအများကြီး ရှိပါတယ်။ ဒီလိုဖြစ်ရခြင်းအကြောင်းရင်းက ကလေးတွေက ကားလမ်းကို မကူးတတ်တာကြောင့်ဖြစ်ပါတယ်။ ကလေးတွေက မိဘတွေပါတဲ့အချိန်မှာ ကိုယ့်အားကိုယ်ကိုးချင်စိတ် ပျောက်သွားကြပါတယ်။ အရာရာကို ယုံကြည်မှုမရှိတာကြောင့် ဆုံးဖြတ်ချက်တွေက မပြတ်သားဖြစ်ကြပါတယ်။ ဆိုတော့ သင့်ကလေးကို တစ်ယောက်တည်း ကားလမ်းဖြတ်ကူးခိုင်းတာမျိုးမဟုတ်ပါဘူး။ ဆရာမတွေနဲ့ ဖြစ်ဖြစ် ယာဉ်ထိန်းရဲတွေရဲ့ အကူအညီနဲ့ဖြစ်ဖြစ် ကလေးအားလုံး လူကူးမျဉ်းကြားက ကူးတာမျိုးကို လေ့ကျင့်ပေးပါ။ အခွင့်ရေးမကြုံခဲ့ရင်တောင် ဖန်တီးပါ။
၂။ သစ်ပင်တတ်ခြင်း။
ဒီနေ့ခေတ်ကလေးတော်တော်များများက ဖုန်းကိုကျွမ်းကျင်စွာ အသုံးပြုတတ်ပေမယ့် သစ်ပင်တစ်ပင်တောင် ကောင်းကောင်းမတတ်နိုင်ကြပါဘူး။ သစ်ပင်တတ်ပြီး ပြုတ်ကျမှာကို သင်စိတ်ပူပါနဲ့။ ကလေးတစ်ယောက်က သစ်ပင်တတ်တဲ့အခါ သူလက်လမ်းမှီတဲ့ အမြင့်လောက်ပေါ်ပဲ တတ်နိုင်ပါတယ်။ အကယ်၍ သင် စိတ်မချဘူးဆိုရင် သစ်ပင်အောက်မှာ စောင့်နေနိုင်ပါတယ်။ သစ်ပင်တတ်ခြင်းအားဖြင့် ဘယ်လမ်းကို ဘယ်လိုရွေးရလဲ ဘယ်လိုလမ်းကြောင်းတွေကို သွားသင့်ကြောင်း ဆုံးဖြတ်ချက်တွေ ချတတ်လာပါတယ်။
၃။ ဗုံးအသေးစား လုပ်နည်း။
ဗုံးအသေးစားလုပ်နည်းဆိုတာ တစ်ကယ့်ဗုံးအစစ်မဟုတ်ပါဘူး။ မီးဖိုချောင်မှာ သုံးတဲ့ပစ္စည်းတွေ ဖြစ်တဲ့ မုန့်ဖုတ်ဆိုဒါနဲ့ ဗီနီကာ အရည်ပဲ ဖြစ်ပါတယ်။ ဒီနှစ်ခုကိုပေါင်းစပ်လိုက်တဲ့အခါမှာ ဘုံး ဆိုပြီး အသေးစားလေးပေါက်ကွဲမှု ဖြစ်ပါတယ်။ ဥပမာ လေလုံအိတ်ကို လက်ဝါးနဲ့ရိုက်တဲ့အသံမျိုးလောက်တောင် မကျယ်ပါဘူး။ လုပ်ပုံလုပ်နည်းက မုန့်ဖုတ်ဆိုဒါတစ်ဇွန်းလောက်ကို တစ်ရှုးနဲ့ ထုတ်ပြီး စက္ကူတိပ်နဲ့ ပိတ်ပါ။ ပြီးရင် ဗီနီကာရည်ထည့်ထားတဲ့ လေလုံအိတ်ထဲထည့်ပါ။ ပုံးတစ်ပုံးထဲမှာ ထည့်ပါ။ အသံထပေါက်ပါလိမ့်မယ်။ ကလေးတွေကို ဒါမျိုးပေးလုပ်ခြင်းက ဓါတုဗေဒမှာပါတဲ့ ပစ္စည်းတွေပေါင်းစပ်ပုံနဲ့ အလုပ်လုပ်ပုံတွေကို ပေးလေ့လာသလို ဖြစ်ပါတယ်။
၎။ မှန်ဘီလူးနဲ့ ဝါဂွမ်း ကို မီးပေးလောင်ခြင်း။
ဒါကတော့ ရူပဗေဒမှာ သင်ဖူးတဲ့ အလင်းစုစည်းမှုယူပြီး နေရောင်ထဲမှာ နူးညံ့တဲ့အရာတွေကို အပူပေးခြင်းမျိုးဖြစ်ပါတယ်။ ကလေးတွေကို ဒီလိုစမ်းသပ်မှုမျိုးသိအောင် ပေးလုပ်ပါ။ အိမ်တစ်အိမ်လုံးကို ကလေး မီးရှို့ပစ်လိုက်မှာ မကြောက်ပါနဲ့။ ဒီလိုသဘောတရားတွေသိထားတဲ့ကလေးက ဘယ်အရာကို ဘယ်လိုလုပ်ရင် ဘာဖြစ်မလဲဆိုတာ သိပြီးသား ဖြစ်တာကြောင့် သတိအမြဲရှိပါတယ်။ မီးတွေနဲ့ ကစားမယ်ဆိုရင်တောင် စဉ်းစားတတ်သွားပါတယ်။ အကယ်၍ သင်စိတ်မချရင် အနားမှာ ရေဗူးထားထားလိုက်ပါ။
၅။ လက်မနဲ့ လက်ညှိုးကို ကော်ကပ်ခြင်း။
လက်မနဲ့ လက်ညှိုးကို ကော်ကပ်လိုက်တဲ့အခါမှာ လက်က တစ်သက်လုံး မလှုပ်နိုင်တာမျိုးမဖြစ်ပါဘူး။ ခဏတစ်ဖြုတ်တော့ လှုပ်လို့ရမှာ မဟုတ်ပါဘူး။ ပြီးရင် ဗူးအဖုံးတစ်ခုခုကို ဖွင့်ခိုင်းကြည့်ပါ။ လက်မ မလှုပ်ပဲ အဖုံးကို ဖွင့်လို့ရနိုင်တယ်ဆိုတဲ့အကြောင်း သဘောပေါက်သွားပါလိမ့်မယ်။ ဒါ့အပြင် ကြီးလာတဲ့အခါမှာ အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းတတ်လာပါလိမ့်မယ်။
အပေါ်ကပြောပြခဲ့တဲ့ကစားနည်းတွေက အန္တရာယ်မများဘူး မဟုတ်ပါဘူး။ ဒါပေမယ့် ဘာမှမသိနားမလည်ထားတဲ့ကလေးမျိုး၊ မိဘက အရိပ်တစ်ကြည့်ကြည့် ကြည့်ထားတဲ့ကလေးမျိုးကတော့ ဘာမှမသိတဲ့အခါ အပေါ်ကအရာတွေကို စမ်းသပ်ချင်တာမျိုးဖြစ်ပါလိမ့်မယ်။ လူကြီးတွေမရှိတဲ့အချိန်တွေ မသိတဲ့အချိန်မှာ စမ်းသပ်ရင် မိဘတွေ ရင်ကျိုးနိုင်ပါတယ်။ အသက် ၆နှစ်နဲ့အ ထက် ကလေးတွေဆိုရင်တော့ သင့်လျော်ပါတယ်။
0 Comments