fbpx

ကိုယ်က သူများတွေလို မတော်ဘူး၊ အသုံးမကျဘူး၊ ဘာဆက်လုပ်သင့်လဲ


0
29 shares

သင့်မှာ အဲ့လိုအတွေးရှိနေပြီလား။ ဒါဆိုရင် သင် အောင်မြင်မှူ လမ်းစကို စတွေ့ ပြီလို့  ပြောပါရစေ။ တစ်သမတ်တည်း သမရိုးကျ သွားနေကျတဲ့လူတွေက ဘယ်တော့မှ အဲ့လို မတွေးပါဘူး။ လစာပုံမှန်လေးနဲ့  စားလို့ သောက်လို့ ဘ၀မှာ ကျေနပ်ရင် ဒီစာလည်း ဆက်ပြီးတော့ ဖတ်စရာလည်း မလိုပါဘူး။ စာဖတ်သူရော စာရေးသူအပါအ၀င် လူတိုင်းဒီလို ဖြစ်ဖူးမှာပါ။ စာရေးဆရာတွေပြောတဲ့ ပုံပြင်တွေ အောင်မြင်သူတွေ ပြောတဲ့ သာဓကပုံပြင်တွေက အလကားမဟုတ်ပါဘူး။ သူတို့ တွေ ကြိုးစားရုန်းကန်ခဲ့ရတာတွေ ဘာတွေ စတေးခဲ့ရလဲဆိုတာတွေပါ ပြောပြတာပါ။ သာမန်လူတစ်ယောက်က မွေးလာရင် ကျောင်းတတ်မယ်၊ အရွယ်ရောက် ကျောင်းပြီးတော့ အလုပ်လုပ်မယ်။ လစာလေး ပုံမှန်ရရင် အိမ်ထောင်ပြုမယ်။ သားသားမီးမီးလေးတွေ မွေးမယ်။ လစဉ်ကုန်ကျစရိတ်တွေ ပေးမယ်။ ဘ၀ဆိုတာ အဲ့လောက်ပဲတွေးရင် အဲ့လောက်ပဲ ပြီးသွားမှာပါ။

တကယ် ဒီထက်ပိုတွေးတဲ့ လူတွေက အသက်နှစ်ဆယ် နဲ့  သုံးဆယ်ကြားမှာ တော်တော် ရုန်းကန်ရပါတယ်။ တစ်ချို့ တွေဆို အသက် သုံးဆယ့်ငါးလောက်ထိ ကြိုးစားကြပါတယ်။ စောစောက ပြောခဲ့သလို အသက်နှစ်ဆယ် စွန်းစွန်းထိတော့ တက္ကသိုလ်ကျောင်းတက်တဲ့ အချိန်က ဘ၀က အေးဆေးပါပဲ။ ကျောင်းပြီးသွားရင် လုပ်မယ့်အလုပ်ကို အရင်မကြည့်ကြပါဘူး။ လစာ ဘယ်လောက်ရမလဲဆိုတာ အရင် စဉ်းစားကြပါတယ်။ အဲ့တော့ အသက်ကြီးလာတဲ့အထိ လစာဆိုတဲ့ အတွေးမှာပဲ ပိတ်မိသွားရင်း အချိန်တွေ ကုန်ဆုံးသွားကြပါတယ်။ အသက်သုံးဆယ် ကျော်မှ အောင်မြင်မှူလမ်းစကို တွေ့ ပြီး ကမ္ဘာကျော် ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ နာမည်တွေ ပြောပြရမယ်ဆိုရင် Harrison Ford (Actor), J,K Rowling (Harry Potter Author), Ang Lee (Film Director), Amancio Ortega (Zara Founder) နဲ့  Ray Kroc (Mc Donald Founder) တို့ ပဲ ဖြစ်ပါတယ်။ သူတို့ တွေဆို အသက်သုံးဆယ်ကျော်မှ အောင်မြင်ကြတာ ဖြစ်ပါတယ်။ Mc Donald Founder ဆို အသက်လေးဆယ် နောက်ပိုင်းမှ အောင်မြင်တာ ဖြစ်ပါတယ်။

လူတိုင်းက ကိုယ်ကြိုးစားချင်တဲ့ ပန်းတိုင်ကို လျှောက်နေကြပါတယ်။ ဘေးကလူတွေကတော့ သူတို့  မြင်တဲ့ ထင်မြင်ချက်ပေါင်းစုံတွေကို အမျိုးမျိုး ပြောကြပါတယ်။ ကိုယ်လုပ်ချင်တဲ့ အရာတွေကို လုပ်ဖို့  အသက်ကြီးသွားတယ်ဆိုတာမျိုးတွေ နောက်ကျသွားတာတွေ၊ အိမ်ထောင်တစ်ဖက်နဲ့  မလွယ်ဘူးဆိုတာတွေက ဆင်ခြေတွေပါပဲ။ အပေါ်က ပြောခဲ့တဲ့ နာမည်တွေမှာ လင်ကွဲ မယားကွဲ အလုပ်လက်မဲ့တွေတောင် ပါပါတယ်။ ဒီနေ့ သင်ကြိုးစားတဲ့ အရာတွေအားလုံးက မနက်ဖြန်အတွက် အားတွေပါပဲ။ သင်တစ်နေ့ ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ အားလေးပဲ မွေးပါ။ အသက်ကြီးတဲ့ ဆင်ခြေတွေ အိမ်ထောင်တစ်ဖက်နဲ့ ဆင်ခြေတွေ ပေးနေသေးရင်တော့ သင်ဆက်သွားနိုင်မှာ မဟုတ်ပါဘူး။ လူမှန်ရင် အသက်ရှင်သရွေ့  ကြိုးစားခွင့်ရှိပါတယ်။ တစ်နည်းမရရင် တစ်နည်း ကြိုးစားပါ။ လမ်းမတွေ့ ရင် လမ်းအသစ်ဖောက်ပါ။ အောင်မြင်မှူကို ရချင်ရင် တစ်ခုပဲ လုပ်ပါ။ ဘယ်တော့မှ အရှူံးမပေးပါနဲ့ ။


Like it? Share with your friends!

0
29 shares

What's Your Reaction?

angry angry
0
angry
lol lol
0
lol
omg omg
0
omg
fail fail
0
fail
geeky geeky
3
geeky
love love
2
love
wtf wtf
0
wtf
Share mal

0 Comments

Your email address will not be published. Required fields are marked *

Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Countdown
The Classic Internet Countdowns
Open List
Submit your own item and vote up for the best submission
Ranked List
Upvote or downvote to decide the best list item
Meme
Upload your own images to make custom memes
Video
Youtube, Vimeo or Vine Embeds
Audio
Soundcloud or Mixcloud Embeds
Image
Photo or GIF
Gif
GIF format