ဒီလိုမျိုးအတွေးကို လူတိုင်းစဉ်းစားမိမှာတော့ မဟုတ်ဘူး။ ဘာသာရေး အမြင်က ကြည့်ရင်တော့ တစ်မျိုးဖြစ်နေမှာပဲ၊ သိပ္ဗံနည်းကျကျ ကြည့်ရင်ရော..
ပထမဦးဆုံးလူတွေမရှိတော့တာနဲ့ ဖြစ်မယ့်အရာက ယခုလူတိုင်းသုံးနေကြတဲ့ လျှပ်စစ်မီး စပြီး ပြဿနာတတ်မှာဖြစ်တယ်။ ဘယ်လိုဖြစ်မှာလဲဆိုတော့ လူတွေက လျှပ်စစ်မီးမသုံးကြရင် ရေတွေဆည်တွေထိန်းချုပ်ထားတဲ့ ရေတံခါးတွေ အလုပ်မလုပ်ရင် ရေတွေလွှမ်းသွားမှာဖြစ်တယ်။ ပြီးတော့ supermarkets တွေမှာရှိတဲ့ အသား၊ငါးတွေက လျှပ်စစ်မီးမရတဲ့အတွက် ကြာရှည်မခံပဲ ပုပ်ပွလာပါလိမ့်မယ်။ အိမ်မွေးတိရစ္ထာန်တွေနဲ့ တိရစ္ဆာန်ရုံက တိရစ္ဆာန်တွေက လူတွေမရှိတော့တဲ့အတွက် လွတ်မြောက်ဖို့ ကြိုးစားကြပါမယ်။ လျှပ်စစ်ထုတ်ပေးတဲ့ စက်ရုံကြီးတွေက ပါဝါကိုလုံလောက်အောင် ထိန်းချုပ်နိင်စွမ်း မရှိတော့တဲ့အတွက် ပေါက်ကွဲမှူတွေ နေရာအနှံ့ ဖြစ်လာနိင်ပါတယ်။ တစ်လလောက်ကြာတဲ့အခါမှာတော့ မြက်တွေ နွယ်ပင်တွေက လူတွေမနေတော့တဲ့ အဆောက်အအုံတွေကို ၀ါးမျိုသွားနိင်ပါတယ်။ ဂြိုလ်တု satellite တွေက အာကာသ မှ ကမ္ဘာင်္ကြိးပေါ် ကျရောက်လာပါလိမ့်မယ်။
တိရစ္ဆာန်တွေရဲ့ အကောင်ပေါက်နှူန်းက ပိုမိုများပြားလာပါလိမ့်မယ်။ လူသားတွေမရှိတော့တဲ့အတွက် မျိုးသုဉ်းမှူ ဒဏ်ကိုလည်း ကြောက်စရာမလိုတော့ပါဘူး။ နှစ်ပေါင်း ၂၅ နှစ်ကြာလာရင်တော့ လူတွေဆောက်ခဲ့တဲ့ ကွန်ကရစ် တံတားနဲ့ အဆောက်အအုံတွေက ပြိုစပြုလာပြီး တစ်ချို့ အဆောက်အအုံတွေက ပြိုကျလာနိင်ပါတယ်။ စွန့် ပစ်ပလတ်စတစ် တွေကတော့ ရေအောက်မှာ နှစ်ပေါင်းများစွာ အနည်ထိုင်ပြီး ငြိမ်သက် သွားပါလိမ့်မယ်။
ကောင်းတာတစ်ခုက ကမ္ဘာကြီးကပူနွေးမှူ ဒဏ်တွေကို မခံစားရတော့ပဲ ရာသီဥတုက သင့်တင့်စွာပြန်ဖြစ်လာပါလိမ့်မယ်။
0 Comments